ဒူဘိုင်းမှာ အားလပ်ရက်အပန်းဖြေရင်း Globe Soccer ဆုကိုရယူခဲ့တဲ့ ရော်နယ်ဒို

ရော်နယ်ဒို ကတော့ ဒူဘိုင်းမှာ အားလပ်ရက်အပန်းဖြေရင်း Globe Soccer ရဲ့ အချိန်တိုင်း ဂိုးသွင်း အများဆုံးကစားသမားဆုကို ရယူသွားခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်နဲ့ ပေါ်တူဂီ ကြယ်ပွင့် ရော်နယ်ဒို ဟာ ကလပ်နဲ့ နိုင်ငံအသင်းအတွက် (၈၀၃)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။


ရော်နယ်ဒို ဟာ လက်ရှိအချိန်မှာ ကမ္ဘာ့ဘောလုံးလောကရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ရော်နယ်ဒို ဟာ ပြုံးရွှင်နေပြီး ပရိသတ်တွေရှေ့မှာ ဒီဆုကို လက်ခံရယူခဲ့တာဖြစ်ပြီး ပရိသတ်တွေနဲ့လည်း ဓါတ်ပုံရိုက်ခဲ့တာပါ။


ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ ဆုပေးပွဲမှာ ဆုတက်ရောက်မယူနိုင်ခဲ့လို့ ဒူဘိုင်းကို ရောက်တဲ့ အချိန်မှ ဆုကိုလက်ခံရယူခဲ့တာပါ။ရော်နယ်ဒို ဟာ မ်ိသားစုနဲ့အတူ ဒူဘိုင်းမှာ အားလပ်ရက်အပန်းဖြေဖို့ ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။


ရော်နယ်ဒို က ဒီဆုကို ရယူအပြီးမှာ “ကျွန်တော်ပြောမယ့် အရာက ကျွန်တော့်ရဲ့ နှလုံးသားထဲကနေ ထွက်လာခဲ့တာဖြစ်ပါတယ်။ဒီစင်မြင့်ပေါ်ကို တက်ရောက်လာဖို့ ကိုမမျှော်လင့်ထားပါဘူး။ဒီလိုမျိုးလူတွေ အများကြီးက ကျွန်တော့်ကို စောင့်မျှော်နေတာကို မြင်တွေ့ရမှာပါ”


“အဲ့ဒါကြောင့်လည်း ခင်ဗျားတို့တွေက ကျနော်ဘောလုံး ကစားဖို့ တွန်းအားတွေပါပဲ။နွေးထွေးမှု၊ ချစ်ခြင်းမေတ္တာတွေ ကို ခံစားခဲ့ရလို့ ဒါဟာ ကျွန်တော့့်ကို ဂုဏ်ယူစရာဖြစ်ခဲ့ပါတယ်။ဒီထက်ပိုပြီး ဖော်ပြနိုင်တဲ့ စကားလုံးတွေ ကျွန်တော့်မှာမရှိပါဘူး”လို့ ပြောခဲ့တာပါ။

ရော်နယ်ဒို ဟာ မကြာသေးခင်ကလည်း ချစ်သူ ဂျော်ဂျီနာ ရဲ့ (၂၈)နှစ်ပြည့်မွေးနေ့ကို အံအားသင့်ဖွယ်ရာ ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒို ဟာ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် (၂၃)ပွဲပါ၀င်ကစားထားပြီး (၁၄)ဂိုးသွင်းယူထားတာပါ။

မန်ချက်စတာယူနိုက်တက် အသင်းဟာ နိုင်ငံတကာအားလပ်ရက်ပွဲစဉ်တွေအပြီးမှာ အက်ဖ်အေဖလား စတုတ္တအဆင့်ပွဲစဉ်အဖြစ် မယ်ဒယ်ဘရော့ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ၀က်စ်ဟမ်း အသင်းနဲ့ ကစားခဲ့ရာမှာ အနိုင်ရပြီး အမှတ်ပေးဇယား အဆင့်(၄)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။