ဒီယတ်ဇ် ရောက်ရှိလာတာနဲ့ တိုက်စစ်မှူး၂ဦးကို ရောင်းချဖွယ်ရှိတဲ့ လီဗာပူးလ်

လီဗာပူးလ် အသင်းဟာ ပေါ်တို အသင်းတောင်ပံကစားသမား ဒီယတ်ဇ် ကို အပြီးသတ်ခေါ်ယူခဲ့မယ်ဆိုရင် တိုက်စစ်ကစားသမား(၂)ဦးဖြစ်တဲ့ အိုရီဂီနဲ့ မီနာမီနို တို့ကို ရောင်းချသွားဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

လီဗာပူးလ် အသင်းဟာ စပါး အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ဒီယတ်ဇ် ကို ဖြတ်ပြီးခေါ်ယူဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ခေါ်ယူနိုင်ဖို့လည်း ရေပန်းစားနေတာပါ။လီဗာပူးလ် အသင်းဟာ ကိုလံဘီယာ လက်ရွေးစင် အတွက် ပါ၀င်ကစားနေတဲ့ ဒီယတ်ဇ် ကို ပေါင်(၄၅)သန်းနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားတာဖြစ်ပါတယ်။

မာဆေးဆိုဒ်ကလပ် ဟာ အပြောင်းအရွှေ့ မပိတ်ခင် အပြီးသတ်သဘောတူညီမှုရရှိအောင် ကြိုးစားနေတာဖြစ်ပြီး တောင်အမေရိက ကို ကိုယ်စားလှယ်အဖွဲ့စေလွှတ်ခဲ့တယ်လို့သိရပါတယ်။လီဗာပူးလ် အသင်းဟာ ဒီယတ်ဇ် ရဲ့အပြောင်းအရွှေ့ အပြီးသတ်ခဲ့မယ်ဆိုရင် ကျန်တဲ့ရက်ပိုင်းအတွင်းမှာ ကစားသမားအချို့ကို ရောင်းချနိုင်ဖို့ စဉ်းစားနေတာပါ။

လီဗာပူးလ် အသင်းဟာ မီနာမီနို နဲ့ အိုရီဂီ တို့အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုကို ရခဲ့မယ်ဆိုရင် အခုလထဲမှာ ရောင်းချသွားမှာဖြစ်တယ်လို့ The Athletic က ဖော်ပြခဲ့တာဖြစ်ပါတယ်။လီဗာပူးလ် အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ မီနာမီနို ကို ခေါ်ယူဖို့ လိဒ်စ်နဲ့ မိုနာကို တို့က စိတ်၀င်စားနေတာဖြစ်ပါတယ်။

မီနာမီနို ဟာ ပြီးခဲ့တဲ့ရာသီက ဆောက်သမ်တန် အသင်းမှာ အငှားသွားရောက်ကစားခဲ့ပါသေးတယ်။လီဗာပူးလ် အသင်းဟာ ဂျပန်ကစားသမားအတွက် ပေါင်သန်း(၂၀)၀န်းကျင်ရရှိတယ်ဆိုရင် ရောင်းချသွားဖို့ ရှိနေတာဖြစ်ပါတယ်။

အိုရီဂီ ကို ခေါ်ယူဖို့ နယူးကာဆယ်နဲ့ အတ္တလန္တာ အသင်းတို့က စိတ်၀င်စားနေတာပါ။အိုရီဂီ ဟာ လီဗာပူးလ် အသင်း ချန်ပီယံလိဂ်မှာ ဗိုလ်စွဲခဲ့တုန်းက ဘာစီလိုနာနဲ့ ပွဲ၊စပါးနဲ့ ဗိုလ်လုပွဲတွေမှာ အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးတွေကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အိုရီဂီနဲ့ လီဗာပူးလ် အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် အချက်အလက်တွေနဲ့ နောက်ထပ်တနှစ်သက်တမ်းတိုးခွင့်ရှိနေတာပါ။ လီဗာပူးလ် အသင်းဟာ နောက်ခံလူ နတ်ဖိလစ်ကိုလည်း ရောင်းချဖို့ စီစဉ်နေတာဖြစ်ပါတယ်။