ခရစတီယာနို ဂျုနီယာကို မိုဘိုင်းဖုန်း ကိုင်တွယ်ခွင့် မပေးခဲ့တဲ့ ရော်နယ်ဒို

ရော်နယ်ဒို ဟာ သူ့ရဲ့(၁၁)နှစ်အရွယ်သားဖြစ်သူ ဂျုနီယာ ကို နည်းပညာကို အစွဲအလမ်းမရှိစေလိုတဲ့ အတွက် မိုဘိုင်းဖုန်း ကိုင်ဆောင်ခွင့်ကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။ဂျုနီယာ ဟာ မန်ချက်စတာယူနိုက်တက် လူငယ်အသင်းမှာ ကစားနေတာဖြစ်ပါတယ်။

ဂျုနီယာ ဟာ ရော်နယ်ဒို ကို ဖုန်းအသုံးပြုဖို့ တောင်းဆိုလေ့ရှိပေမယ့် အသက်(၃၆)နှစ်အရွယ် ကစားသမားကတော့ ဘောလုံးကိုပဲ အပြင်းအထန်ကစားစေခဲ့တာပါ။ရော်နယ်ဒို ဟာ လက်ရှိအချိန်မှာ မိသားစုနဲ့ အတူ ဒူဘိုင်းမှာ အားလပ်ရက်ဖြတ်သန်းနေတာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ ဒီအားလပ်ရက်ခရီးစဉ်အတွင်းမှာ Globe Soccer က ပေးတဲ့ အချိန်တိုင်းဂိုးသွင်းအများဆုံး ကစားသမားဆုကို ရယူခဲ့ပါတယ်။ရော်နယ်ဒို က “မိုဘိုင်းဖုန်းနဲ့ နည်းပညာတွေဟာ အများကြီး အထောက်အကူဖြစ်မှာ အသေအချာပါပဲ။သူတို့ဟာ ဒီမှာရှိတဲ့သူတွေရော တကမ္ဘာလုံးမှာရှိတဲ့သူတွေကိုပါ အကူအညီပေးပါတယ်”

“ကျွန်တော်တို့ဟာ ဒါကို အခွင့်ကောင်းယူရမယ်လို့ ထင်ပေမယ့် အရမ်းကြီးတော့ စွဲလမ်းမနေသင့်ပါဘူး။ဒါနဲ့ ပတ်သက်ပြီး ဥပမာအနည်းငယ်ပြောပြပါမယ်။ကျွန်တော့်ရဲ့သားက မကြာခင် အသက်(၁၂)နှစ်ပြည့်တော့မှာဖြစ်ပြီးသူက ဒက်ဒီရေ ဖုန်းရနိုင်မလားဆိုပြီး အချိန်တိုင်းမေးနေတာပါ”

“ကျွန်တော်ကတော့ သားရေ မင်းမှာ အချိန်တွေရှိပါတယ်လို့ ပြန်ပြောခဲ့ပါတယ်။ဒီလူငယ်မျိုးဆက်တွေဟာ သူတို့ခေတ်ထက် ခြေတလှမ်းလှမ်းနေတယ်ဆိုတာကို ကျွန်တော်သိပါတယ်။ဒါကြောင့်လည်း ဒါကို အခွင့်ကောင်းယူရမယ်ဆိုတာကို သဘောတူပါတယ်။ဒါပေမယ့် နည်းပညာကို စွဲလမ်းလို့တော့မရပါဘူး”

“သူတို့ကို အချိန်အတိုင်းတာတခုအထိ ပေးကိုင်သင့်ပြီး အချိန်တိုင်းတော့ ပေးမကိုင်သင့်ပါဘူး။ဒါက ကျွန်တော်ပြောချင်တဲ့ အဓိက အချက်ပါပဲလို့”ပြောခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ အရင်တည်းက သူ့သာ က ဖုန်းဝယ်ယူခိုင်းခဲ့တာကို ငြင်းခဲ့တာဖြစ်ပြီး သူ့ကို ဖုန်းခေါ်ချင်တယ်ဆိုရင် သူ့ရဲ့အဖွားကတဆင့်သာ ခေါ်ယူဖို့ ပြောထားခဲ့တာလည်းဖြစ်ပါတယ်။