အဲဗာတန် ကို ပြောင်းရွှေ့တော့မယ့် ဗန်ဒီဘိခ်

မန်ချက်စတာယူနိုက်တက် အသင်းကွင်းလယ်ကစားသမား ဗန်ဒီဘိခ် ဟာ အဲဗာတန် အသင်းကိုအငှားနဲ့ ပြောင်းရွှေ့မှာဖြစ်တယ်လို့ နောက်ဆုံးရ သတင်း တွေမှာ ဖော်ပြထားပါတယ်။

မန်ချက်စတာယူနိုက်တက် ယာယီနည်းပြ ရက်ဂ်နစ် ကတော့ ဗန်ဒီဘိခ် ကို အသင်းမှာ ဆက်ထိန်းသိမ်းချင်တယ်လို့ ပြောထားတာပါ။ဒါပေမယ့် ဒတ်ခ်ျ ကစားသမားက ပုံမှန်ကစားခွင့်ရချင်တာကြောင့် အသင်းကနေ ထွက်ခွာချင်နေတာဖြစ်ပါတယ်။

ဗန်ဒီဘိခ် ဟာ နယ်သာလန် လက်ရွေးစင် အသင်းနဲ့ အတူ ကမ္ဘာ့ဖလားယှဉ်ပြိုင်ကစားချင်တာကြောင့် ပုံမှန်ကစားခွင့်ရမယ့် အသင်းဆီ ပြောင်းရွှေ့ပြီး သူ့ရဲ့ခြေစွမ်းကို ပြသချင်နေတာဖြစ်ပါတယ်။

MANCHESTER, ENGLAND – OCTOBER 02: Donny van de Beek of Manchester United arrives ahead of the Premier League match between Manchester United and Everton at Old Trafford on October 02, 2021 in Manchester, England. (Photo by Ash Donelon/Manchester United via Getty Images)

ဗန်ဒီဘိခ် ကို ခေါ်ယူဖို့ အဲဗာတန် နဲ့ ပဲလေ့စ် အသင်းတို့က အပြိုင်အဆိုင်ဖြစ်နေကြတာပါ။မန်ချက်စတာယူနိုက်တက် ကတော့ ဗန်ဒီဘိခ် ကို အငှားပဲ ချမှာဖြစ်ပြီး အပြီးသတ်ရောင်းချဖို့တော့ စိတ်မဝင်စားတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဗန်ဒီဘိခ် ကို အသင်းကနေ အငှားနဲ့ ထွက်ခွာဖို့ မီးစိမ်းပြလိုက်ပြီဖြစ်ပြီး သူ့ရဲ့ကလပ်အသစ်ကို ရွေးချယ်ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။အဲ့ဒါကြောင့် ဗန်ဒီဘိခ် ဟာ အဲဗာတန် အသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာပါ။

ဗန်ဒီဘိခ် ဟာ ပြီးခဲ့တဲ့ရာသီက မန်ချက်စတာယူနိုက်တက် ကို ရောက်ရှိလာခဲ့ပေမယ့် အခုအချိန်ထိ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။

ဗန်ဒီဘိခ် ဟာ ဒီရာသီ မန်ချက်စတာယူနိုက်တက် အသင်းအတွက် (၁၄)ပွဲပါဝင်ကစားထားပြီး (၁)ဂိုးသွင်းယူထားပေမယ့် ပရီးမီးယားလိဂ်မှာ (၆၈)မိနစ်သာ ပါဝင်ကစားခဲ့ရတာဖြစ်ပါတယ်။