ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးထိန်းသိမ်းခံရပြီး ကလပ်ရဲ့အပယ်ခံဘဝကိုပါ ရောက်တော့မယ့် ဂရင်းဝုဒ်

မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမား ဂရင်းဝုဒ် ကို မုဒိမ်းမှု၊ကိုယ်ထိလက်ရောက်ကျုးလွန်မှုတို့ကြောင့် ဖမ်းဆီးခြင်းခံလိုက်ရပြီဖြစ်ပါတယ်။ဂရင်းဝုဒ် ဟာ သူ့ရဲ့ချစ်သူ ရော့်ဘ်ဆင် ကို ရိုက်နှက်နှိပ်စက်ခဲ့တဲ့ ပုံတွေဟာ ဆိုရှယ်မီဒီယာမှာ ပျံနှံ့သွားခဲ့တာဖြစ်ပါတယ်။

ဂရိတ်မန်ချက်စတာရဲတပ်ဖွဲ့က “ကိုယ်ထိလက်ရောက်အကြမ်းဖက်ခံရမှုဖြစ်စဉ်တွေကို တိုင်ကြားနေတဲ့ အမျိုးသမီးရဲ့ဆိုရှယ်မီဒီယာမှာ ပုံတွေနဲ့ ဗီဒီယို တင်ထားတာကို တွေ့ခဲ့ရပါတယ်။အဲ့ဒါကြောင့် အသက်(၂၀)အရွယ်ရှိ အမျိုးသားတဦးကို မုဒိမ်းမှု၊ကျုးလွန်မှု သံသယတွေနဲ့ ဖမ်းဆီးထားတယ်လို့အတည်ပြုကြောင်း”ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဂရင်းဝုဒ် ကို စစ်ဆေးမေးမြန်းဖို့ အတွက် ထိန်းသိမ်းထားဆဲဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းကလည်း နောက်ထပ်ကြေညာချက်တွေ မထုတ်ခင်အချိန်ထိ ဂရင်းဝုဒ် ကို အသင်းနဲ့ လေ့ကျင့်ခန်းလည်း ဆင်းခိုင်းမှာမဟုတ်သလို ပွဲလည်းကစားရမှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဂရင်းဝုဒ် ကတော့ ဒီလိုစွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ခြင်းမရှိခဲ့တာပါ။ဂရင်းဝုဒ် ရဲ့ချစ်သူဟာ နောက်ပိုင်းမှာ ဒီပုံတွေကို ပြန်ဖျက်ခဲ့ပေမယ့် ဆိုရှယ်မီဒီယာအထက်မှာ ပျံနှံ့သွားခဲ့တာဖြစ်ပြီး သူမကလည်း ယူနိုက်တက်အကယ်ဒမီ ကစားသမားကို အိမ်တွင်း အကြမ်းဖက်မှုနဲ့ စွဲချက်တင်မယ်လို့ ပြောထားတာပါ။

မန်ချက်စတာယူနိုက်တက် ကစားသမားတွေကလည်း ဂရင်းဝုဒ်ရဲ့လုပ်ရက်ကို အလွန်စိတ်ပျက်နေပြီး သူ့ကို ဝိုင်းပယ်ထားဖို့ တောင် ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အသက်(၂၀)အရွယ်ရှိ မန်ချက်စတာယူနိုက်တက် အကယ်ဒမီထွက်ကစားသမားဟာ (၂၀၁၉) မတ်လမှာ အသင်းနဲ့အတူ စတင်ပွဲထွက်ခွင့်ရရှိခဲ့တာပါ။ခြေစွမ်းပိုင်းကောင်းမွန်မှုတွေကြောင့် (၂၀၂၁) ဖေဖော်ဝါရီက (၄)နှစ်စာချုပ်ချုပ်ဆိုထားတာဖြစ်ပါတယ်။