ယူနိုက်တက် အတွက် ပထမဆုံးကစားပေးတဲ့ အဖေနဲ့ သမီး ဖြစ်လာတဲ့ ဆိုးလ်ရှားတို့ သားအဖ

ဆိုးလ်ရှားနဲ့ သမီးဖြစ်သူ ကာနာ တို့ဟာ ယူနိုက်တက် အသင်းအတွက် ကစားပေးခဲ့တဲ့ ပထမဆုံး ဖခင်နဲ့ သမီး ဖြစ်လာခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဆိုးလ်ရှားရဲ့သမီးဖြစ်သူ (၁၉)နှစ်အရွယ်ရှိ ကာနာ ဟာ မန်ချက်စတာယူနိုက်တက် အသင်းက ဘရစ်ခ်ျဝါးတားယူနိုက်တက် အသင်းကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား စတုတ္တအဆင့်ပွဲစဉ်မှာ အသင်းအတွက် ပထမ‌ဆုံး ပွဲထွက်ခွင့်ရရှိခဲ့တာပါ။

ဒီပွဲမှာ မန်ချက်စတာယူနိုက်တက် အသင်းက (၂)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်း ဂန္တဝင်ကစားသမားနဲ့ နည်းပြဟောင်း ဆိုးလ်ရှား ဟာ သမီး ပွဲထွက်ခွင့်ရခဲ့တဲ့ ဒီပွဲကို ကြည့်ရှုခဲ့တာပါ။

ဒီပွဲရဲ့ဒုတိယပိုင်းမှာ ဆိုးလ်ရှား ရဲ့သမီးဖြစ်သူ ကာနာ လူစားလဲဝင်ရောက်ခွင့်ရခဲ့ပြီး ဒါဟာ ဆိုးလ်ရှား တို့ မိသားစုအတွက် အထူးအခိုက်အတန့်ဖြစ်ခဲ့ပါတယ်။ကာနာ ဟာ ယူ(၂၁) အသင်းမှာ ခြေစွမ်းပြနေတာကြောင့် အသင်းကြီးလူစာရင်းမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ကာနာ ဟာ ယူ(၂၁) အသင်းအတွက် (၁၂)ပွဲကစားထားပြီး (၁၃)ဂိုးသွင်းယူထားတာပါ။ဒီပွဲမှာ ဆိုးလ်ရှားနဲ့ ဇနီးဖြစ်သူ ဆီလ်ဂျီ တို့ဟာ သမီးဖြစ်သူ ပွဲထွက်ခွင့်ရတဲ့ အခိုက်အတန့်ကို ဂုဏ်ယူစွာကြည့်ရှုနေခဲ့တာဖြစ်ပါတယ်။

ကာနာ ဟာ တိုက်စစ်မှူး နေရာမှာ ကစားတာဖြစ်ပြီး ဆိုးလ်ရှားရဲ့အလီဂျတ် နဲ့ အတူ (၂၀၁၉) တည်းက မန်ချက်စတာယူနိုက်တက် အကယ်ဒမီကို ရောက်ရှိခဲ့တာပါ။ဆိုးလ်ရှားရဲ့အကြီးဆုံးသားဖြစ်သူကတော့ ကရီစတီယန်ဆန် အသင်းမှာ ကစားနေတာဖြစ်ပါတယ်။

ဆိုးလ်ရှား ကတော့ မန်ချက်စတာယူနိုက်တက် ကစားသမားဘဝမှာ (၁၂၆)ဂိုးသွင်းပြီး ပရီးမီးယားလိဂ်(၆)ကြိမ်၊ချန်ပီယံလိဂ်(၁)ကြိမ်နဲ့ ‌ဆုဖလားအများအပြားရယူခဲ့တာပါ။ဒါပေမယ့် နည်းပြဘဝမှာတော့ ယူရိုပါလိဂ်ဗိုလ်လုပွဲသာ အမြင့်ဆုံးရောက်ရှိခဲ့တာဖြစ်ပါတယ်။