မိုရာတာကို ရလိုရငြားဖုန်းခေါ်ဆိုမှုပြုလုပ်ခဲ့တဲ့ အာဆင်နယ်

အာဆင်နယ် အသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ မိုရာတာကို အံအားသင့်ဖွယ်ခေါ်ယူဖို့အတွက် ပြုလုပ်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။အာဆင်နယ် အသင်းဟာ လက်ရှိအချိန်မှာ တိုက်စစ်ပိုင်း အားနည်းနေတာဖြစ်ပါတယ်။

အူဘာမီယန်းကလည်း ဘာစီလိုနာ အသင်းကို အခုနှစ်ရာသီအကုန်ထိ အငှားနဲ့ ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။အာဆင်နယ် အသင်း လူငယ်တိုက်စစ်ကစားသမား အန်ကိတ်တီယာကလည်း အသင်းက ထွက်ခွာဖို့ ရှိနေတာပါ။

သူ့ကိုခေါ်ယူဖို့ နယူးကာဆယ်နဲ့ ပဲလေစ့်အသင်းတို့က စိတ်၀င်စားနေကြတာဖြစ်ပါတယ်။ဘယ်လိုဂန်ကလည်း မယ်ဒယ်ဘရော့ အသင်းထံ အငှားသွားရောက်ကစားနေတာဖြစ်ပါတယ်။အဲ့ဒါကြောင့် ဒုတိယရာသီ၀က်မှာ အာဆင်နယ် အသင်းအနေနဲ့ တိုက်စစ်မှူးစစ်စစ်အဖြစ် လာကာဇတ်တီသာ ရှိတော့တာလည်းဖြစ်ပါတယ်။

အဲ့ဒါကြောင့် အာဆင်နယ် အသင်းဟာ အပြောင်းအရွှေ့ မပိတ်ခင် တိုက်စစ်မှူး ရှာဖွေနေတာဖြစ်ပြီး မိုရာတာကို ဖြစ်နိုင်ဖွယ်ပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တာပါ။မိုရာတာ ဟာ အသလက်တီင်္ကို အသင်းကနေ ဂျုဗင်တပ်စ် အသင်းထံ အငှားလာရောက်ကစားနေတာဖြစ်ပါတယ်။

စပိန်သတင်းစာ AS ရဲ့ ဖော်ပြမှုအရ အာဆင်နယ် လက်ထောက်နည်းပြ မိုလီနာ နဲ့ မိုရာတာ တို့ ဖုန်းဖြင့်စကားပြောဆိုခဲ့တယ်လို့ ဆိုထားတာပါ။မိုရာတာ ဟာ ဒါကို စိတ်၀င်တစားနားထောင်ခဲ့ပေမယ့် လန်ဒန်ကို ပြန်လာဖိ်ု့အတွက် စနစ်တကျကိုင်တွယ်ဖို့ အချိန်မရှိဘူးလို့ ခံစားနေရကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။

မိုရာတာ ကို ခေါ်ယူဖို့ ချယ်လ်ဆီးနည်းပြဟောင်း ကွန်တီ ကိုင်တွယ်နေတဲ့ စပါး အသင်းကလည်း ချိတ်ဆက်မှုတွေရှိနေတာဖြစ်ပါတယ်။မိုရာတာ ဟာ ချယ်လ်ဆီး အသင်းမှာ ကွန်တီရဲ့ လက်အောက် ကစားခဲ့ရတုန်းက အီတလီလူမျိုးနည်းပြရဲ့ နည်းဗျုဟာကို ဝေဖန်ခဲ့ပါတယ်။

ဂျုဗင်တပ်စ် အသင်းဟာ ဖီအိုရင်တီးနား တိုက်စစ်မှူး ဗလာဟိုဗစ် ကို ခေါ်ယူခဲ့တာကြောင့် မိုရာတာ အနေနဲ့ နေရာရဖို့ ရုန်းကန်ရနိုင်တဲ့ အခြေအနေမှာရှိနေတာဖြစ်ပါတယ်။