ရီးရယ်လ်နဲ့ ဘတ်ပီ သဘောတူညီမှုရရှိပြီဆိုတာကို ငြင်းဆန်ခဲ့တဲ့ ကစားသမားရဲ့ ကိုယ်စားလှယ်

ရီးရယ်လ်နဲ့ ပီအက်စ်ဂျီ တို့ဟာ ဘတ်ပီရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ထိပ်တိုက်တွေ့ဆုံမှုဟာ ဇန်နဝါရီ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ အပြောင်းအလဲအသစ်တခုဖြစ်လာခဲ့ပါတယ်။ဘတ်ပီ ဟာ နွေရာသီမှာ ရီးရယ်လ် ကို ပြောင်းရွှေ့ဖို့ အကြိုသဘောတူညီခဲ့တယ်လို့ သတင်းတွေထွက်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် Canal Plus ရဲ့ နောက်ထပ်သတင်းမှာတော့ ဒါနဲ့ပတ်သက်ပြီး ဆန့်ကျင်နေတာပါ။ပြင်သစ် သတင်းဌာန ကတော့ ဘတ်ပီ ရဲ့ ကိုယ်စားလှယ်တွေဟာ ဘတ်ပီနဲ့ ရီးရယ်လ် အသင်းတို့ အကြိုစာချုပ်ချုပ်ဖို့ သဘောတူညီမှုရခဲ့တာကို ငြင်းဆိုထားတာဖြစ်ပါတယ်။

ဘတ်ပီ ဟာ ပီအက်စ်ဂျီ အသင်းကို မိုနာကို ကနေ (၂၀၁၇)မှာ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး နောက်အပြောင်းအရွှေမှာ ယူရိုသန်း(၁၈၀)နဲ့ အပြီးသတ်ပြောင်းရွှေ့ခဲ့တာပါ။ပြင်သစ်ကစားသမား ဟာ ပီအက်စ်ဂျီ ကို ရောက်တည်းက ခြေစွမ်းပြနေတာဖြစ်ပါတယ်။

ဘတ်ပီ ဟာ ပီအက်စ်ဂျီ အသင်းအတွက် (၁၉၉)ပွဲပါ၀င်ကစားထားပြီး (၁၅၁)ဂိုးသွင်းယူကာ (၇၇)ဂိုးဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။ဘတ်ပီ ဟာ ပီအက်စ်ဂျီ အသင်းနဲ့အတူ လီဂူး၀မ်းဖလား(၃)ကြိမ် အပါအ၀င် အခြားဆုဖလားအများအပြားကို ရယူထားနိုင်ခဲ့တာပါ။

ဒါပေမယ့် ဘတ်ပီ ဟာ ချန်ပီယံလိဂ်ဖလားတော့ ရယူနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ဘတ်ပီ ဟာ ပြင်သစ်လက်ရွေးစင် အသင်းနဲ့ (၂၀၁၈)ကမ္ဘာ့ဖလားချန်ပီယံဆုကိုတော့ ရယူထားနိုင်ခဲ့တာပါ။ဘတ်ပီ ကို ခေါ်ယူဖို့ ရီးရယ်လ် အသင်းက အပြင်းအထန်ကြိုးစားနေတာဖြစ်ပါတယ်။

ကစားသမားကလည်း ရီးရယ်လ် အသင်းကို ပြောင်းရွှေ့ချင်တယ်လို့ ပြောထားတာဖြစ်ပါတယ်။ဘတ်ပီ ဟာ ရီးရယ်လ် ကစားသမားဟောင်း စီရော်နယ်ဒို ကို သူ့ရဲ့အိုင်ဒေါအဖြစ်သတ်မှတ်ထားတာပါ။အဲ့ဒါကြောင့်လည်း ရီးရယ်လ် အသင်းကို ပြောင်းရွှေ့ဖို့ စိတ်၀င်စားနေတာပါ။

ဘတ်ပီ ဟာ ပီအက်စ်ဂျီ အသင်းမှာ တောက်ပတဲ့ ခြေစွမ်းတွေပြသနေပေမယ့် သူနဲ့ အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ပီအက်စ်ဂျီ အသင်းက သူ့ကို စာချုပ်သစ်ချုပ်ဖို့ ကြိုးစားပေမယ့် ကစားသမားက ပယ်ချထားတာဖြစ်ပါတယ်။