ရော်နယ်ဒို ၀တ်ခဲ့တဲ့ နံပတ်တင်မဟုတ်ပဲ သူနေခဲ့တဲ့ အိမ်မှာပါ ပြောင်းနေမယ့် ဗလာဟိုဗစ်

ဖီအိုရင်တီးနား ကနေ ဂျုဗင်တပ်စ် အသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ဗလာဟိုဗစ် ကတော့ မန်ချက်စတာ ယူနိုက်တက် ကစားသမား ရော်နယ်ဒိုနဲ့ သူ့ရဲ့ မိသားစုနေထိုင်ခဲ့တဲ့ အိမ်မှာ ပြောင်းရွှေ့နေထိုင်ဖွယ်ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

စပိုက်ဒါမန်း နောက်ခံပုံအပါအ၀င် အိမ်ခန်းရဲ့ အပြင်အဆင်ကို ပြသထားတဲ့ ဓါတ်ပုံအသစ်တွေထွက်ပေါ်လာခဲ့ တာပါ။ဒီနေအိမ်ကို ကပ်လျက်အိမ်ကြီး(၂)လုံးနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး သီးသန့်လမ်းပေါ်မှာလည်း လုံခြုံရေးတွေ စောင့်ကြပ်နေတာကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။

အဆိုပါအိမ်ကြီးမှာ သီးခြား၀င်ပေါက်တွေရှိပြီး စိမ်းလန်းစိုပြေတဲ့ ဥယာဉ်တွေနဲ့ သစ်သီးပန်းမာန်တွေနဲ့ ၀န်းရံ့ထားတာကိုလည်း တွေ့ရမှာပါ။အိမ်ခန်းနဲ့ ရေချိုးခန်း ပါ၀င်မှုနဲ့ ပတ်သက်ပြီး အိမ်ရဲ့ အသေးစိတ်အချက်အလက်ကတော့ နည်းပါးလွန်းနေတာဖြစ်ပါတယ်။

ပေါ်တူဂီကစားသမားဟာ အဆိုပါ အိမ်မှာနေထိုင်တဲ့ အချိန်အတွင်း သူအသုံးပြုခဲ့တဲ့ ခေတ်မှီအားကစားခန်းမ တခုရှိခဲ့တာပါ။ဒါ့အပြင် အလွန်ကောင်းမွန်တဲ့ ရေကူးကန်ရှိပြီး ဒါက ထိပ်တန်းအားကစားသမားရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးတာဖြစ်ပါတယ်။

ဗလာဟိုဗစ် ကို ခေါ်ယူဖို့ အာဆင်နယ် အသင်းက ကြိုးစားခဲ့တာဖြစ်ပေမယ့် ကစားသမားက ပယ်ချပြီး ဂျုဗင်တပ်စ် အသင်းကိုသာ ရွေးချယ်ပြီး ပြောင်းရွှေ့ခဲ့တာပါ။ဗလာဟိုဗစ်မှာ ဂျုဗင်တပ်စ် အသင်းမှာ ရော်နယ်ဒို ၀တ်ဆင်ခဲ့တဲ့ ကျောနံပတ်(၇)ကို ၀တ်ဆင်မှာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဗလာဟိုဗစ် ဟာ ရော်နယ်ဒိုရဲ့ နေရာကို ဖြည့်တင်းနိုင်ဖို့ မျော်လင့်နေတာဖြစ်ပါတယ်။ဗလာဟိုဗစ် ဟာ လက်ရှိအချိန်မှာ ရော်နယ်ဒို နေခဲ့တဲ့ အိမ်မှာပါ နေထိုင်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ဗလာဟိုဗစ် ဟာ ဒီရာသီမှာ ဖီအိုရင်တီးနား အသင်းအတွက် (၂၄)ပွဲပါ၀င်ကစားထားပြီး ဂိုး(၂၀)သွင်းယူထားကာ ဂိုးသွင်းအားကောင်းခဲ့တာပါ။

ဗလာဟိုဗစ် ဟာ ဗီရိုနာ အသင်းနဲ့ ကစားရမယ့် ဒီတပတ် စီးရီးအေ ပွဲစဉ်မှာ ဂျုဗင်တပ်စ် အသင်းအတွက် ပွဲထွက်ပါ၀င်ရဖွယ်ရှိနေတာဖြစ်ပါတယ်။