ပွဲနဲ့ လိုက်လျောညီထွေဖြစ်အောင်လုပ်ဖို့ မက်ဆီ ကို ပရိသတ်တွေ တိုက်တွန်း

နိုက်စ်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်က မက်ဆီ ရဲ့ စွမ်းဆောင်ရည်တွေကို မီးမောင်းထိုးပြခဲ့ပြီး ကစားသမားအနေနဲ့ပွဲ ကို လိုက်လျောညီထွေဖြစ်အောင် လုပ်ဖို့ ပရိသတ်တွေက တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ပီအက်စ်ဂျီ အသင်းဟာ နိုက်စ် ကို အရေးနိမ့်ပြီး ပြင်သစ်ဖလားကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ချန်ပီယံဆုကို မကာကွယ်နိုင်တော့တာပါ။ဒီပွဲမှာ ပွဲချိန်အတွင်းရော အချိန်ပိုမှာပါ ဂိုးမသွင်းနိုင်ခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ နိုက်စ် အသင်းက (၆)ဂိုး-(၅)ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ပီအက်စ်ဂျီ အသင်းဟာ ဒီပွဲမှာ တောင့်တင်းတဲ့ ပွဲထွက်လူစာရင်းကို အသုံးပြုခဲ့တာပါ။

မက်ဆီ ဟာ ပြီးခဲ့တဲ့ နွေရာသီက ဘာစီလိုနာကနေ အလွတ်နဲ့ ရောက်ရှိလာခဲ့ပေမယ့် လီဂူး၀မ်းပြိုင်ပွဲမှာ (၁)ဂိုးသာ သွင်းယူထားနိုင်တာဖြစ်ပါတယ်။နိုက်စ်နဲ့ ကစားခဲ့တဲ့ပွဲမှာလည်း မက်ဆီ ဟာ အသင်းအတွက် သက်ရောက်မှုရှိအောင် မလုပ်နိုင်ခဲ့တာပါ။

အသက်(၃၄)နှစ်အရွယ် အာဂျင်တီးနား ကစားသမားရဲ့ ပျော့ညံတဲ့ စွမ်းဆောင်ရည်ကို စုစည်းမှုတခုတည်းမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ပရိသတ်တဦးက “ဘောလုံးကို လျင်လျင်မြန်မြန်ရွှေ့ရမယ့်အစား (၂၀၁၁) ကလို သူ့ရဲ့ လမ်းကြောင်းမှာရှိတဲ့ သူတိုင်းကို လိမ်ခေါက်ချင်နေပါတယ်။သူဟာ ပွဲနဲ့ လိုက်လျောညီထွေဖြစ်အောင်လုပ်ဖို့လိုပါတယ်”လို့ ရေးသားခဲ့ပါတယ်။

နောက်ထပ်တဦးက “သူဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးမဟုတ်တော့ပါဘူး။လီ၀န်ဒေါစကီး၊ဆာလတ်နဲ့ ဒီဘရိုင်းတို့ အားလုံးက ပိုပြီးကောင်းပါတယ်။သူဟာ မန်စီးတီး အစား ပီအက်စ်ဂျီ ကိုပြောင်းခဲ့ပြီး သူ့့ရဲ့ ကစားသမားဘ၀ နောက်ဆုံးနှစ်တွေကို စွန့်ပစ်ခဲ့ပါတယ်”လို့ ရေးသားခဲ့တာပါ။

ပီအက်စ်ဂျီ အသင်းဟာ ပြီးခဲ့တဲ့ရာသီက လီဂူး၀မ်းဆုဖလား လက်လွှတ်ခဲ့ရသလို အခု ပြင်သစ်ဖလားကနေ ပါ ထွက်ခဲ့ရတာကြောင့့် နည်းပြ ပိုချက်တီနို အတွက် ဖိအားတွေပိုတိုးလာခဲ့တာဖြစ်ပါတယ်။ပီအက်စ်ဂျီ အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်ကို ရယူဖို့ အဓိက ပစ်မှတ်ထားနေတာပါ။

ပီအက်စ်ဂျီ အသင်းဟာ ချန်ပီယံလိဂ်(၁၆)သင်းအဆင့်မှာ ရီးရယ်လ်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ရလဒ်မကောင်းခဲ့ရင်တော့ နည်းပြ ပိုချက်တီနို ကို ထုတ်ပယ်ပြီး ဇီဒန်းကို ခန့်အပ်ဖွယ်ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။