နည်းပြပိုင်း‌ကြောင့် ဇန်နဝါရီမှာ လာချင်တဲ့ သူတွေကိုတောင် မခေါ်နိုင်ခဲ့တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမား(၃)ဦးခေါ်ယူနိုင်ဖို့ အခွင့်အရေးရခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် နောက်ထပ်ခန့်အပ်မယ့် နည်းပြ မဆုံးဖြတ်ခင် အချိန်အထိ ငွေကြေးတွေကို မဖြုန်းတီးပစ်ဖို့ အတွက် ဒီအခွင့်အရေးတွေကို ပယ်ချခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းကို ဂျာမန်လူမျိုးနည်းပြ ရက်ဂ်နစ် က နိုဝင်ဘာလကစပြီး ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့တာဖြစ်ပေမယ့် အခုအချိန်ထိ အသင်းဟာ အမြဲတမ်းနည်းပြခန့်အပ်ဖို့ မဆုံးဖြတ်ရသေးတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ နည်းပြသစ် မခန့်အပ်ရသေးတာကြောင့် ကစားသမားသစ်တွေ နည်းပြသစ်နဲ့ အံဝင်ခွင်ကျဖြစ်မလားဆိုတာ မသေချာတာကြောင့် ဇန်နဝါရီမှာ ကစားသမားခေါ်ယူဖို့ ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် မန်ချက်စတာယူနိုက်တက် အသင်းဟာ (၂၀၁၉)နောက်ပိုင်း ပထမဆုံးအကြိမ် ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားသစ်တွေခေါ်ယူခြင်းမရှိခဲ့တာပါ။ဖာဘရီဇီယိုရိုမန်နို က ကစားသမား(၃)ဦးဟာ မန်ချက်စတာယူနိုက်တက်ထံလာရောက်ဖို့ ကမ်းလှမ်းခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

သူတို့တွေကတော့ အယ်လ်ဗားရတ်စ်၊ဇာကာရီယာနဲ့ ကာမာရာတို့ဖြစ်ပါတယ်။အဆိုပါ ကစားသမားတွေရဲ့အေးဂျင့်က ချိတ်ဆက်ခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းက ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

အယ်လ်ဗားရတ်စ် ကတော့ မြို့ခံပြိုင်ဘက် မန်စီးတီး ကို ပြောင်းရွှေ့သွားခဲ့ပြီး၊ဇာကာရီယာ က ဂျုဗင်တပ်စ် အသင်းထံ ပြောင်းရွှေ့သွားခဲ့တာပါ။မန်ချက်စတာယူနိုက်တက် အသင်းကတော့ ဗန်ဒီဘိခ်၊မာရှယ် တို့လို အဓိက ကစားသမားတွေကို အငှားချခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီတပတ်မှာ အက်ဖ်အေဖလား စတုတ္တအဆင့်ပွဲစဉ်အဖြစ် မယ်ဒယ်ဘရော့ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။