ဖိုက်တာကြီး မက်ဂရီဂေါ်ကိုဖိတ်ကြားပြီး ဖိုက်တာအချင်းချင်း တွဲလေ့ကျင့်ဖို့ စီစဥ်ဖူးတဲ့ ရာမို့စ်

ရီးရဲယ်မက်ဒရစ်မှာ ကစားနေခဲ့တုန်းက နောက်ခံလူ ရာမို့စ်ဟာ နာမည်ကျော် ယူအက်ဖ်စီ ကစားသမား မက်ဂရီဂေါ်ကို အတူတကွ လေ့ကျင့်ခန်းဆင်းဖို့ ဖိတ်ကြားခဲ့ဖူးတယ်လို့ သိရှိရပါတယ်။

မက်ဂရီဂေါ်ဟာ ဆန်းဒေးလိဂ်ပွဲစဥ်တွေမှာ ဂိုးသွင်းစက်တလုံးအဖြစ် နာမည်ကြီးခဲ့ပြီး ဆိုရှယ်မီဒီယာပေါ်အထိ သူ့ရဲ့ဘယ်ခြေတပေါက် လျှမ်းလျှမ်းတောက်တဲ့ ကိစ္စက ကျော်ကြားခဲ့တာဖြစ်ပါတယ်။

မက်ဂရီဂေါ်ဟာ သူ ဘယ်ခြေနဲ့ ဂိုးသွင်းတဲ့ ဗီဒီယိုဖိုင်ကို တင်ပြီး ရာမို့စ်ကို တက်ဂ်တွဲကာ “ခင်ဗျား ဘယ်လိုထင်လဲဗျာ” လို့ မေးခွန်းထုတ်ခဲ့ပါတယ်။ ရာမို့စ်ကလည်း မက်ဂရီဂေါ်ရဲ့ ခြေစွမ်းကို အလေးအနက်ထားခဲ့ပါတယ်။

ရာမို့စ်က “ဘော်ဒါရေ… မင်း ရီးရဲယ်မက်ဒရစ်မှာ လေ့ကျင့်ခန်း လာဆင်းမလား? ငါတို့နဲ့အတူ လာပူးပေါင်းဖို့ အချိန်မရွေး ကြိုဆိုနေပါမယ်” လို့ ပြန်လည်ရေးသားခဲ့ပါတယ်။

ရာမို့စ်နဲ့မက်ဂရီဂေါ်တို့ဟာ ရင်းနှီးတဲ့ ဆက်ဆံရေးတွေရှိကြပြီး ရာမို့စ်ကလည်း လေ့ကျင့်ရေးကွင်းမှာ သူဂိုးသွင်းလေ့ကျင့်နေတဲ့ ဗီဒီယိုကိုတင်ပြီး မက်ဂရီဂေါ်ကို တက်ဂ်တွဲခဲ့ဖူးပါတယ်။

ရာမို့စ်ဟာ ပီအက်စ်ဂျီကို ပြောင်းရွှေ့ချိန်အထိ မက်ဂရီဂေါ်ရဲ့ ပွဲကို အားပေးခဲ့ပြီး ဒက်စတင်ပိုရီရာနဲ့ ပွဲကို သွားရောက် အားပေးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီပွဲမစတင်ခင်မှာလည်း မက်ဂရီဂေါ်က “ရာမို့စ်က ကျနော့်ကို မက်ဆေ့ချ်ပို့ထားတယ်ဗျ။ သူ ဒီနေ့ အသင်းသစ်နဲ့ လက်မှတ်ရေးထိုးဖို့ရှိတယ်ဆိုပြီးတော့ပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။