မော်ရင်ဟိုကို ယူနိုက်တက်အတွက် ဖာဂူဆန်ဝယ်ခိုင်းခဲ့ဖူးတဲ့ စပါးကစားသမား

ယူနိုက်တက်ဂန္တဝင်နည်းပြဟောင်းကြီး ဖာဂူဆန်ဟာ (၂၀၁၆) မှာ အသင်းကို ကိုင်တွယ်ခဲ့ဖူးတဲ့ မော်ရင်ဟိုကို စပါး ကွင်းလယ်လူ ဒယ်လီအလီကို ဝယ်ယူဖို့ အကြံပေးခဲ့ဖူးပါတယ်။

ဒါပေမယ့် မော်ရင်ဟိုကတော့ အလီကို ခေါ်ယူဖို့ မကြိုးစားခဲ့ဖူးဘဲ စပါးကို ကိုင်တွယ်ချိန်မှာလည်း အလီနဲ့မော်ရင်ဟိုတို့ ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့ဖူးပါတယ်။

စပါးမှာ နိမ့်မြင့်တက်ကျမျိုးစုံနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အလီဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ရဲ့ နောက်ဆုံးရက်မှာ အဲဗာတန်ကို ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။

မော်ရင်ဟိုဟာ သူ့ရဲ့နည်းပြဘဝမှာ အလီကို လေ့ကျင့်ရေးကွင်းမှာ ပျင်းရိတဲ့ ကစားသမားအဖြစ် ဝေဖန်ခဲ့ဖူးပါတယ်။ မော်ရင်ဟိုက အလီနဲ့ စကားပြောဆိုမှုမှာလည်း “ငါ မင်းကို ကစားသမားတယောက်အနေနဲ့၊ ကလေးတယောက်အနေနဲ့ သဘောကျပါတယ်”

“ဒါပေမယ့် ငါ မင်းအဖေတော့ မဖြစ်ချင်ပါဘူး၊ မင်းမှာလည်း အဖေရှိတာပဲလေ။ ငါ မင်းရဲ့ နည်းပြပဲဖြစ်ချင်တာ၊ ဒါပေမယ့် ကောင်းမွန်တဲ့ ဆက်ဆံရေးတခုနဲ့ပေါ့။ ငါကတော့ စိတ်ထဲရှိတဲ့အတိုင်း အမြဲတမ်း ပြောမှာပဲ။ တနေ့ကျ မင်းက ရောက်သင့်ရောက်နိုင်တဲ့ အဆင့်တခုကို မရောက်ခဲ့ရင် နောင်တရနေရလိမ့်မယ်”

“ပွဲတိုင်းပွဲတိုင်းမှာ မင်း အကောင်းဆုံး ကစားသမားဆုရနေဖို့၊ ဂိုးတွေသွင်းနေဖို့ ငါ မျှော်လင့်နေတာ မဟုတ်ဘူး။ ငါမင်းကို ပြောချင်တာကတော့ မင်းနောင်တရနိုင်တယ်ဆိုတာပဲ” လို့ ပြောကြားခဲ့ဖူးပါတယ်။