နွေရာသီမှာ အလွတ်နဲ့ ရမယ့် ဒိုင်ဘားလား ကို ကမ်းလှမ်းခဲ့တဲ့ EPL ထိပ်သီး ၆သင်း

ပရီးမီးယားလိဂ်ကလပ် ထိပ်သီး(၆)သင်းဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ဒိုင်ဘားလားကို ကမ်းလှမ်းထားတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒိုင်ဘားလား ဟာ ဒီရာသီမှာ ဒဏ်ရာတွေ ရှိနေပေမယ့် ဂျုဗင်တပ်စ် အသင်းအတွက် (၂၃)ပွဲပါ၀င်ကစားထားပြီး (၁၁)ဂိုးသွင်းယူကာ (၄)ဂိုးဖန်တီးထားတာဖြစ်ပါတယ်။ဂျုဗင်တပ်စ်နဲ့ ဒိုင်ဘားလားတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာပါ။

ဒိုင်ဘားလား ဟာ ဂျုဗင်တပ်စ် အသင်းနဲ့ သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေပြုလုပ်ရာမှာ အဆင်မပြေမှုတွေ ဖြစ်ခဲ့ပြီးနောက် အသင်းက ထွက်ခွာဖို့ အလားအလာပိုများနေတာဖြစ်ပါတယ်။ အာဆင်နယ်၊ချယ်လ်ဆီး၊ မန်စီးတီး၊မန်ချက်စတာယူနိုက်တက်၊လီဗာပူးလ်နဲ့ စပါး အသင်းတို့ဟာ ဒိုင်ဘားလားကို ခေါ်ယူနိုင်မယ့် အခွင့်အရေးကို ကမ်းလှမ်းခဲ့တာပါ။

အဲ့ဒါကြောင့် ဒိုင်ဘားလားရဲ့ ကိုယ်စားလှယ်တွေဟာ ဥရောပတဝှမ်းရဲ့ စိတ်၀င်စားမှုကို တိုင်းတာနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။အဲ့ဒါကြောင့် ကစားသမားရဲ့ ကိုယ်စားလှယ်တွေဟာ ကလပ်အသင်းတွေနဲ့ လာမယ့် ရက်သတ္တပတ်အတွင်းမှာ ဆွေးနွေးမှုတွေပြုလုပ်သွားဖို့ ရှိနေတာပါ။

ဒါပေမယ့် ပရီးမီးယားလိဂ် ထိပ်သီး(၆)သင်းကတော့ အာဂျင်တီးနား ကစားသမားဟာတူရင်မှာပဲ ဆက်ရှိနေနိုင်မယ်လို့ မျှော်လင့်နေဆဲဖြစ်ပါတယ်။ပီအက်စ်ဂျီနဲ့ အင်တာမီလန် အသင်းတို့ကလည်း ဒိုင်ဘားလား ကို ခေါ်ယူဖို့ စိတ်၀င်စားနေကြတာဖြစ်ပါတယ်။

ဒိုင်ဘားလားဟာ ဂျုဗင်တပ်စ် အသင်းမှာ (၆)နှစ်ခွဲကြာ ကစားခဲ့ပြီး စီးရီးအေချန်ပီယံဆု (၅)ကြိမ်နဲ့ ကိုပါအီတာလီယာဖလား (၄)ကြိမ်ရယူထားတာပါ။ဒိုင်ဘားလားဟာ (၂၀၁၅)နွေရာသီက ပေါင်(၃၇)သန်းနဲ့ ပါလာမို အသင်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

ဒိုင်ဘားလားဟာ ဂျုဗင်တပ်စ် အသင်းအတွက် (၂၇၇)ပွဲပါ၀င်ကစားပြီး (၁၁၁)ဂိုးသွင်းယူကာ (၄၆)ဂိုးဖန်တီးထားတာပါ။ဂျုဗင်တပ်စ် အသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က တိုက်စစ်ပိုင်းအတွက် ဖီအိုရင်တီးနား တိုက်စစ်မှူး ဗလာဟိုဗစ် ကို ခေါ်ယူအားဖြည့်ထားတာဖြစ်ပါတယ်။