နွေရာသီအပြောင်းအရွှေ့မှာ ပေါင်သန်း(၁၈၀)အထိ သုံးစွဲမယ့် အာဆင်နယ်

အာဆင်နယ် အသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ ခေါ်ယူဖို့အတွက် ပေါင်သန်း(၁၈၀)အထိ သုံးစွဲဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီက ကစားသမား၆ဦးအတွက် ပေါင်သန်း(၁၃၀)ကျော်သုံးစွဲပြီး ခေါ်ယူခဲ့တာပါ။

ဒါပေမယ့် ဇန်နဝါရီအပြောင်းအရွှေ့ဟာ နည်းပြ အာတီတာ ကို စိတ်ပျက်စရာတွေဖြစ်စေခဲ့ပြီး အဓိက ပစ်မှတ်တိုက်စစ်မှူး ဗလာဟိုဗစ် ဟာ ဂျုဗင်တပ်စ် အသင်းကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။အခုအချိန်မှာ တော့ အာဆင်နယ် အသင်းဟာ အသင်းသမိုင်းတလျှောက် ကြီးမားတဲ့ ငွေကြေးကို သုံးစွဲဖို့ စီစဉ်နေတာပါ။

အသင်းပိုင်ရှင် ခရွန်ကီ က နည်းပြ အာတီတာ ကို ထောက်ခံမှုပြုလုပ်ကာ အသင်းကို ကြီးကြီးမားမား ပြင်ဆင်နိုင်ဖို့အတွက် ငွေကြေးချပေးဖို့ စီစဉ်နေတာဖြစ်ပါတယ်။နည်းပြ အာတီတာ ကတော့ ကစားသမားသစ် တွေကို ခေါ်ယူနိုင်ဖို့အတွက် ဆွဲဆောင်နိုင်ဖို့ဆိုရင် ချန်ပီယံလိဂ်၀င်ခွင့်ရဖို့ လိုတယ်ဆိုတာကို သိရှိထားပါတယ်။

အာဆင်နယ် အသင်းဟာ အဲဗာတန် တိုက်စစ်မှူး ကလာဗတ်လီ၀န်၊ဆိုစီဒက် တိုက်စစ်ကစားသမား အိုင်ဇက် တို့ကို အဓိက ခေါ်ယူမယ့် တိုက်စစ်ကစားသမားတွေအဖြစ် ပစ်မှတ်ထားနေပြီး ဝုလ်ဗ်စ် ကွင်းလယ်လူ ရုဘင်နာဗတ်စ် ကလည်း အသင်းရဲ့ ရေဒါမှာ ပါ၀င်နေတာပါ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က အူဘာမီယန်း၊ပါဘလိုမာရီ၊မစ်တလန်နေးလ်၊ချိန်ဘာစ်၊နဲ့ ကိုလာစီနက် တို့ကို ထွက်ခွာခွင့်ပေးခဲ့တာဖြစ်ပါတယ်။အာဆင်နယ် အသင်းဟာ လက်ကျန်ရာသီအထိ စီနီယာ ကစားသမား (၂၀)သာရှိတော့တာလည်းဖြစ်ပါတယ်။

အခုနှစ်ရာသီအကုန်မှာလည်း အသင်းကနေ လာကာဇတ်တီ၊အန်ကိတ်တီယာ တို့လို တိုက်စစ်မှူးတွေ ထပ်မံထွက်ခွာဖို့ ရှိနေတာကြောင့် အာဆင်နယ် အသင်းအနေနဲ့ တိုက်စစ်ပိုင်းအတွက် မဖြစ်မနေလူအင်အား ဖြည့်တင်းဖို့ လိုအပ်နေတာပါ။

အာဆင်နယ် အသင်းဟာ ဒီရာသီမှာ ဥရောပပြိုင်ပွဲယှဉ်ပြိုင်ဖို့ မရှိတဲ့အပြင် ဖလားပြိုင်ပွဲတွေကနေလည်း ထွက်ခွာရထားတာကြောင့် ပရီးမီးယားလိဂ်ကနေ ဥရောပ၀င်ခွင့်ရဖို့ အားစိုက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။