ဂိုးသမား ဂါဘာစကီးရဲ့လက်စွမ်းပြမှုနဲ့ ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့မယ့် ဆာလတ်နဲ့ မာနေး

အီဂျစ် ကတော့ ဒီမနက်က ကစားခဲ့တဲ့ အာဖရိငဖလား အကြိုဗိုလ်လုပွဲမှာ အိမ်ရှင် ကင်မရွန်း အသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရပြီး ဗိုလ်လုပွဲ တက်ရောက်သွားပြီဖြစ်ပါတယ်။

ပွဲချိန်အတွင်းရော အချိန်ပိုမှာပါ ဂိုးမသွင်းနိုင်ခဲ့ကြလို့ ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရတာဖြစ်ပြီး အီဂျစ် အသင်းက (၃)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။အီဂျစ် ဂိုးသမား ဂါဘာစကီး က ပင်နယ်တီ(၂)လုံး ကာကွယ်နိုင်ခဲ့တာပါ။

အဲ့ဒါကြောင့် အီဂျစ် အသင်းဟာ ကင်မရွန်းကို အနိုင်ရပြီး ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။အီဂျစ် အသင်းဟာ ဗိုလ်လုပွဲမှာ ဆီနီဂေါ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် မာနေးနဲ့ ဆာလတ် တို့ ထိပ်တိုက်တွေ့ဆုံကြတော့မှာပါ။

ချန်ပီယံဆုရဖို့ မျှော်လင့်နေတဲ့ အိမ်ရှင် ကင်မရွန်း ကတော့ တတိယနေရာလုပွဲအဖြစ် ဘာကီနာဖာဆို နဲ့ ကစားရပြီး တတိယနေရာအတွက်သာ မျှော်လင့်နိုင်တော့မှာဖြစ်ပါတယ်။

အိုင်ဗရီကို့စ် ကစားသမားဟောင်း ယာယာတိုရေး က အီဂျစ် အသင်းဟာ အနိုင်ရဖို့ ထိုက်တန်ခဲ့ပြီး သူတို့ရဲ့ခံစစ်ကစားပုံဟာ အလွန်ကောင်းမွန်တယ်လို့ ချီးကျုးခဲ့တာဖြစ်ပါတယ်။

အီဂျစ် အသင်းဟာ အာဖရိကဖလားပြိုင်ပွဲမှာ အအောင်မြင်ဆုံး အသင်းဖြစ်ပြီး ချန်ပီယံဆုကို (၇)ကြိမ်ရယူထားတာပါ။အီဂျစ် အသင်းဟာ (၂၀၁၀) က ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာ ချန်ပီယံဆုကို နောက်ဆုံးရယူထားတာဖြစ်ပါတယ်။

ဗိုလ်လုပွဲမှာတော့ လီဗာပူးလ် တိုက်စစ်ကစားသမား(၂)ဦးဖြစ်တဲ့ ဆာလတ်နဲ့ မာနေး တို့ရဲ့အားပြိုင်မှုကို တွေ့ရတော့မှာဖြစ်ပါတယ်။သူတို့(၂)သင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအောဖ့် အဆင့်မှာလည်း ထိပ်တိုက်တွေ့ကြမှာဖြစ်ပါတယ်။