ဂေါင်းကြီးတို့ရဲ့ကျေးဇူးနဲ့ EPL တလတာအကောင်းဆုံးဆု ကို ပထမဆုံးအကြိမ် ရရှိခဲ့တဲ့ ဒီဂီယာ

မန်ချက်စတာယူနိုက်တက် အသင်း ဂိုးသမား ဒီဂီယာ ဟာ ဇန်နဝါရီလအတွက် ပရီးမီးယားလိဂ် တလတာ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။

ဒီဂီယာ ဟာ ဇန်နဝါရီလက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၄)ပွဲမှာ ဂိုးပေါက်ကာကွယ်မှု(၂၂)ကြိမ်အထိ ပြုလုပ်ခဲ့ပြီး အသင်းကို အမှတ်ပေးဇယား အဆင့်(၄)နေရာကို ရောက်အောင် ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဂီယာ ဟာ ပရီးမီးယားလိဂ်တလတာ အကောင်းဆုံးကစားသမားဆုကို ပထမဆုံး အကြိမ်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။စပိန်ဂိုးသမား ဟာ (၂၀၁၆) နောက်ပိုင်း ပရီးမီးယားလိဂ် တလတာ အကောင်းဆုံး ကစားသမားဆုကို ရရှိတဲ့ ပထမဆုံး ဂိုးသမားလည်းဖြစ်ခဲ့တာပါ။

နောက်ဆုံး ရယူခဲ့တာကတော့ (၂၀၁၆) ဖေဖော်ဝါရီက ဆောက်သမ်တန် ဂိုးသမား ဖရေဆာဖော်စတာ က ရရှိခဲ့တာဖြစ်ပါတယ်။ဒီဂီယာ ဟာ ဒီဆုကို ဘိုဝင်၊ဒီဘရိုင်း၊ဟာရစ်ဆင်၊မော်တင်ဟို နဲ့ ဝါတ့်ပရောက်စ် တို့ကို အသာရပြီး ဇန်နဝါရီလအတွက် အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တာပါ။

ဇန်နဝါရီလအတွက် ပရီးမီးယားလိဂ်တလတာ အကောင်းဆုံး နည်းပြဆုကို ဝုလ်ဗ်စ် နည်းပြ ဘရူနိုလေ့ခ်ျ က ရရှိခဲ့တာဖြစ်ပါတယ်။ဝုလ်ဗ်စ် အသင်းဟာ ပရီးမီးယားလိဂ်မှာ နိုင်ပွဲ(၃)ပွဲဆက် ရရှိခဲ့တာဖြစ်ပါတယ်။

ဒီဂီယာ ဟာ ဒီရာသီ မန်ချက်စတာယူနိုက်တက် အသင်း ရုန်းကန်နေရချိန်မှာ အကောင်း‌‌ဆုံး လက်စွမ်းပြသနေခဲ့လို့ အသင်းအနေနဲ့ ဒီထက်အခြေအနေမဆိုးခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ မနက်ဖြန်မနက်ပိုင်းမှာ မယ်ဒယ်ဘရော့ အသင်းနဲ့ အက်ဖ်အေဖလား စတုတ္တအဆင့် ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။