မွေးနေ့မှာ ပင်နယ်တီလွဲ အသင်းက ရှုံးနဲ့ ခါးသီးတဲ့မွေးနေ့လက်ဆောင်ရခဲ့တဲ့ ရော်နယ်ဒို

ရော်နယ်ဒို အတွက်တော့ အသက်(၃၇)နှစ်ပြည့်မွေးနေ့မှာ ရခဲ့တဲ့ လက်ဆောင်ခဲ့တဲ့ စိတ်ပျက်ဖွယ်ဖြစ်ခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းက မယ်ဒယ်ဘရော့ကို ပင်နယ်တီ နဲ့ အရေးနိမ့်ပြီး အက်ဖ်အေဖလားကနေ ထွက်ခဲ့ရပြီးနောက် ရော်နယ်ဒို အတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့ရတာပါ။

ရော်နယ်ဒို ဟာ ဒီပွဲမှာ အသင်းအတွက် ဦးဆောင်ဂိုးရစေမယ့် ပင်နယ်တီ ကန်သွင်းခွင့်ရခဲ့ပေမယ့် လွဲချော်ခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာ မန်ချက်စတာယူနိုက်တက် အသင်းဟာ ပွဲကိုဖြတ်နိုင်မယ့် အခွင့်အရေးတွေအများကြီးရခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ရော်နယ်ဒို အပါအဝင် မန်ချက်စတာယူနိုက်တက် ကစားသမားတွေက လွဲချော်ခဲ့ကြတာပါ။ဘရူနိုဖာနန်ဒက်စ် ဆိုရင် ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲကို ကန်သွင်းခွင့်ရခဲ့ပေမယ့် ဂိုးတိုင်ထိ ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အတွင်းမှာ တဖက်တဂိုးစီသရေကျနေခဲ့လို့ အချိန်ပိုကစားခဲ့ရပြီး ဂိုးမသွင်းနိုင်တဲ့ အတွက် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရတာပါ။ပင်နယ်တီ အဆုံးအဖြတ်မှာ မယ်ဒယ်ဘရော့က (၈)ဂိုးလုံးဝင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက် အသင်းက အီလန်ဂါ လွဲချော်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် မန်ချက်စတာယူနိုက်တက် အသင်းဟာ အက်ဖ်အေဖလား ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။ရော်နယ်ဒို အတွက်တော့ (၃၇)နှစ်ပြည့်မွေးနေ့မှာ အသင်းအတွက် နိုင်ပွဲဖန်တီးပြီး လက်ဆောင်ကောင်းရချင်တဲ့ သူ့ရဲ့မျှော်လင့်ချက်တွေလည်း အဆုံးသတ်ခဲ့ရတာပါ။

မန်ချက်စတာယူနိုက်တက် အသင်းနဲ့အတူ ဆုဖလားတွေရယူချင်လို့ တကျော့ပြန်ရောက်ရှိလာတဲ့ ရော်နယ်ဒို အတွက်တော့ လက်ရှိအသင်းရဲ့အခြေအနေတွေကြောင့် သူ့မျှော်လင့်သလို ဖြစ်လာဖို့ ခဲယဉ်းနေတာလည်းဖြစ်ပါတယ်။

ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ဆုဖလားရယူနိုင်စရာအဖြစ် ချန်ပီယံလိဂ်သာ ရှိတော့တာဖြစ်ပြီး ဒါကလည်း ဖြစ်နိုင်ဖို့ အတော်လေးနည်းပါးနေတာကြောင့် ဆုဖလားလက်မဲ့ရာသီတခုကို ထပ်မံဖြတ်သန်းရဖို့ ရှိနေတာဖြစ်ပါတယ်။