ပထမပိုင်းမှာတင် ပွဲကိုမဖြတ်နိုင်လို့ အခုလို အက်ဖ်အေ က ထွက်ခဲ့ရတာလို့ ရက်ဂ်နစ်ပြော

မန်ချက်စတာယူနိုက်တက် အသင်း ယာယီနည်းပြ ရက်ဂ်နစ် က အသင်းအနေနဲ့ မယ်ဒယ်ဘရော့ နဲ့ အက်ဖ်အေဖလား ပွဲမှာ ပထမပိုင်းမှာတင် ပွဲကို ဖြတ်ပစ်ခဲ့ရမှာလို့ ပြောလိုက်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ မယ်ဒယ်ဘရော့ အသင်းကို ပင်နယ်တီနဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ပွဲချိန်အတွင်းမှာ ရော်နယ်ဒို ပင်နယ်တီ ကန်ချက်မဝင်ခဲ့သလို ဘရူနိုဖာနန်ဒတ်စ်ရဲ့ဂိုးသမား မရှိတဲ့ ဂိုးပေါက်ထဲ ပိတ်သွင်းတဲ့ ဘောလုံးကလည်း တိုင်ထိပြီး ပြန်ထွက်လာခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့်လည်း ပင်နယ်တီအဆုံးအဖြတ်ထိ ရောက်ခဲ့ပြီး အီလန်ဂါ မဝင်ခဲ့လို့ မယ်ဒယ်ဘရော့ အသင်းက (၈)ဂိုး-(၇)ဂိုးနဲ့ အနိုင်ရပြီး အက်ဖ်အေဖလား နောက်တဆင့်တက်သွားခဲ့တာပါ။

ရက်ဂ်နစ် က “မယုံနိုင်လောက်အောင် စိတ်ပျက်ဖို့ကောင်းပါတယ်။ကျွန်တော်တို့ အနိုင်ရခဲ့သင့်ပြီး ပထမပိုင်းမှာတင် ပွဲကို ဖြတ်ထားခဲ့ရမှာပါ။တိုင်ထိတာတွေရော၊ပင်နယ်တီမဝင်တာရောနဲ့ အခွင့်အရေးပေါင်းများစွာကို လွဲချော်ခဲ့ပါတယ်”

“ဒါဟာ (၂)ဂိုး-ဂိုးမရှိ၊ဒါဟာ မဟုတ်(၃)ဂိုး-ဂိုးမရှိဖြစ်သင့်ပါတယ်။ပင်နယ်တီမဝင်ခဲ့တဲ့ အီလန်ဂါကို ကျွန်တော်တို့ ထပ်ပြီး အားပေးဖို့ ကြိုးစားသွားမှာပါ။အတွေ့အကြုံရှိတဲ့ ကစားသမားတွေတောင်ဖြစ်နိုင်တာပါပဲ”လို့ ပြောခဲ့ပါတယ်။

ဒီပွဲမှာ မယ်ဒယ်ဘရော့ အသင်းရသွားတဲ့ ချေပဂိုးဟာ လက်ထိဘောဖြစ်တယ်ဆိုပြီး ဝေဖန်မှုတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းကတော့ ဆုဖလားရနိုင်မယ့် အက်ဖ်အေဖလားကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ကြားရက်မှာ ပရီးမီးယားလိဂ်အဖြစ် ဘန်လေ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။