တဦးတည်းအပြင်မသွားရဘူးလို့ ဝိန်းရွန်နီ ကို တားမြစ်ပိတ်ပင်ထားတဲ့ ကောလင်း

ဇနီးဖြစ်သူ ကောလင်း က ဝိန်းရွန်နီ ကို တဦးတည်းအပြင်သွားတာနဲ့ ပတ်သက်ပြီး ပ်ိတ်ပင်လိုက်တယ်လို့ သ်ိရပါတယ်။ကောလင်းက သူတို့(၂)ဦးရဲ့ (၁၃)နှစ်ကြာ အိမ်ထောင်ရေး ကို ဆက်ပြီးထိန်းနိုင်ဖို့ အခုလို လုပ်တာလို့ သူမရဲ့ သူငယ်ချင်းတွေက ပြောခဲ့တာဖြစ်ပါတယ်။

ကောလင်းဟာ ဒါဘီနည်းပြရဲ့ သူငယ်ချင်းတွေကို မယုံကြည်သလို သူ့ကိုလည်း လူကြီးတဦးပီပီ တာ၀န်ယူမှုရှိတဲ့ သူတဦးအတိုင်း နေထိုင်စေချင်တာပါ။အဲ့ဒီအတွက်လည်း ဝိန်းရွန်နီ ကို စောင့်ကြည့်ဖို့ သူ့အစ်ကို ဂျိုး ဒါမှမဟုတ် ယုံကြည်ရတဲ့ သူတဦးဦးကို တာ၀န်ပေးထားတာဖြစ်ပါတယ်။


၀ိန်းရွန်နီနဲ့ ကောလင်းတို့ရဲ့ အိမ်ထောင်ရေးမှာ အဆင်မပြေမှုတွေတက်ပြီး အဓိက ကတော့ အင်္ဂလန်ကစား သမားဟောင်း ရဲ့ အရက်သေစာသောက်စားမှုနဲ့ မိန်းမတွေနဲ့ပတ်သက်တာ တွေကြောင့်ပါ။ နီးစပ်သူတဦးကတော့ “သူတ်ို့တွေရဲ့ အဆင်မပြေမှုမှာ အရက်သေစာသောက်စားတာက အဓိကအကြောင်း အရာပါပဲ။မူးလာပြီဆိုရင် ဆိုးရွားတဲ့ အရာတွေဖြစ်တာကို ရွန်နီ လည်းသိပါတယ်”

“ရွန်နီ ဟာ အဲ့လိုဖြစ်ပြီဆိုရင် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့သလို ဆိုးရွားတဲ့ ဆုံးဖြတ်ချက်တွေချတယ်ဆိုတာ ကိုလည်း သူသ်ိပါတယ်။အရက်နဲ့ပတ်သက်လာပြီဆိုရင် ကောလင်းက သူ့ကို ဒါမှမဟုတ် သူနဲ့ အပြင်ထွက်တဲ့သူတိုင်းကို အယုံအကြည်မရှိဘူး”လို့ပြောခဲ့တာကို ဖော်ပြထားတာပါ။

ကောလင်းက ဝိန်းရွန်နီ သွားတဲ့နေရာကို လိုက်တာဟာ အမှားအယွင်း မဖြစ်အောင် ထိန်းချုပ်နိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ဝိန်းရွန်နီ ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လကလည်း မလုံမခြုံ၀တ်ဆင်ထားတဲ့ မိန်းကလေးတွေနဲ့အတူ တန်ဖိုးနည်းတဲ့ ဟိုတယ်တခုမှာ အိပ်ပျော်သွားခဲ့တဲ့ ပုံတွေထွက်ပေါ်လာခဲ့ပါသေးတယ်။

ဒါနဲ့ပတ်သက်ပြီး အင်္ဂလန်ကစားသမားဟောင်း ဟာ ကောလင်းနဲ့ဒါဘီ အသင်းကို တောင်းပန်ခဲ့ရတာဖြစ်ပါတယ်။ဝိန်းရွန်နီ ဟာ လက်ရှိအချိန်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ဒါဘီ အသင်းကို ကိုင်တွယ်နေရတာဖြစ်ပါတယ်။

ဒါဘီ အသင်းဟာ ရမှတ်(၂၁)မှတ်ထိ လျော့ခံထားရတာကြောင့် အနုတ်နဲ့ စတင်ခဲ့ရပြီး အခုအချိန်မှာ အသင်းဟာ အမှတ်ပေးဇယား အဆင့်(၂၃)နေရာမှာအထိ တဆင့်တက်ကာ ရပ်တည်နေတာဖြစ်ပါတယ်။