ရော်နယ်ဒို က ယူနိုက်တက်ရဲ့ပြဿနာ အစိတ်အပိုင်းဖြစ်တယ်လို့ ကာတန်ကိုးလ် ပြော

မယ်ဒယ်ဘရော့ အသင်းကို အရေးနိမ့်ပြီး အက်ဖ်အေဖလားကနေ ထွက်ခဲ့ရပြီးနောက် ရော်နယ်ဒို ဟာ မန်ချက်စတာယူနိုက်တက် ရဲ့ပြဿနာအစိတ်အပိုင်းဖြစ်တယ်လို့ ကာတန်ကိုးလ် က ပြောလိုက်ပါတယ်။

ကာတန်ကိုးလ် က နွေရာသီက ရော်နယ်ဒို ကို ခေါ်ယူခဲ့တာနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့သလို သူရောက်လာပြီးတည်းက အသင်းက တိုးတက်မှုမရှိသေးဘူးလို့ ပြောခဲ့တာပါ။ရော်နယ်ဒို ဟာ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် အတွက် (၁၄)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ကာတန်ကိုးလ် က “သူဟာ ဂိုးတွေသွင်းယူခဲ့ပေမယ့် သူဟာ မန်ချက်စတာယူနိုက်တက်အတွက် မှန်ကန်တဲ့သူလား?သူက အသင်းအတွက် မှန်ကန်တဲ့အရာလား?သူရောက်လာပြီးတည်းက မန်ချက်စတာယူနိုက်တက် ဟာ နောက်တဆင့်ကို မရောက်သေးပါဘူး”

“ရော်နယ်ဒို ရဲ့အပြစ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ဒါပေမယ့် သူကလည်း ပြဿနာရဲ့အစိတ်အပိုင်းပါပဲ။စံနမူနာပြပြီး ဦးဆောင်နိုင်မလားဆိုတာ မသိပါဘူး။သူ့မှာ ဒီလိုဇွဲလုံလမျိုးမရှိပါဘူး။သူဟာ အင်အားကို ချွေတာပြီး ဂိုးတွေသွင်းနိုင်ဖို့ပဲ ကြိုးစားနေတာပါ”

“ရော်နယ်ဒို ဟာ ငယ်ငယ်တုန်းကဆိုရင် ကွင်းထဲမှာ ဗုံးကြဲပြီး အားသွင်းခဲ့တာဖြစ်ပေမယ့် အခုတော့ သူဟာ အသင်းဖော်တွေကိုပဲ မှီခိုနေရပါတယ်။သူဟာ သူ့နည်းနဲ့ ခေါင်းဆောင်တယောက်ဖြစ်ပေမယ့် ကစားသမားတွေအများကြီးကို ပြောနိုင်ပါတယ်”

“ကျွန်တော်ဟာ ကွင်းထဲမှာ ခေါင်းဆောင်တယောက်ကို ရှာဖွေနေပြီး ဘယ်သူမှကို မတွေ့ပါဘူး”လို့ ပြောခဲ့ပါတယ်။ရော်နယ်ဒိုဟာ သူ့ရဲ့စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး မကြာခဏဝေဖန်ခံနေရတာပါ။

ရော်နယ်ဒို ဟာ မနေ့ကမှ အသက်(၃၇)နှစ်ပြည့်ခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက် အသင်းကို နောက်ထပ်အောင်မြင်မှုတွေရယူနိုင်ဖို့ ပြန်လာခဲ့ပေမယ့် ရုန်းကန်မှုတွေနဲ့သာ ရင်ဆိုင်နေရတာဖြစ်ပါတယ်။