ပိုချက်တီနို ကို လိုချင်လို့ ရော်နယ်ဒို နဲ့ အလဲအလှယ်လုပ်ဖို့ စဉ်းစားနေတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်နဲ့ ပီအက်စ်ဂျီ အသင်းတို့ဟာ အံအားသင့်ဖွယ် အလဲအလှယ်တခုကို ပြုလုပ်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ရော်နယ်ဒို ကို ပီအက်စ်ဂျီထံ ပို့ဆောင်မှာဖြစ်ပြီး ပိုချက်တီနို ကို အိုးထရက်ဖိုဒ့် ထံခေါ်ယူမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ လက်ရှိအချိန်မှာ ရက်ဂ်နစ် ကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားတာဖြစ်ပြီး နွေရာသီမှာတော့ အမြဲတမ်းနည်းပြအဖြစ် နည်းပြသစ်တဦးကို ခန့်အပ်ဖို့ စီစဉ်နေတာပါ။

ပိုချက်တီနို ကတော့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ကာလကြာရှည်ပစ်မှတ်ဖြစ်ပြီး ရော်နယ်ဒို နဲ့ အာဂျင်တီးနား လူမျိုးနည်းပြ တို့ဟာ အလဲအလှယ်နဲ့ အပြောင်းအရွှေ့ဖြစ်သွားနိုင်တယ်လို့ သတင်းတွေထွက်နေတာဖြစ်ပါတယ်။

မေရာ ကတော့ ရော်နယ်ဒို ဟာ အခုရာသီအကုန်ချိန်မှာ မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာမယ်လို့ ပီအက်စ်ဂျီ အသင်းက ယုံကြည်မှုရှိနေတယ်လို့ ဖော်ပြထားတာပါ။ပေါ်တူဂီ ကစားသမားဟာ နွေရာသီက မန်ချက်စတာယူနိုက်တက် အသင်းထံ ပြန်လာခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် (၁၄)ဂိုးသွင်းယူထားတာဖြစ်ပေမယ့် စိတ်ပျက်ဖွယ်ကောင်းတဲ့ အချိန်တွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းဟာ ရလဒ်တွေတည်ငြိမ်မှုမရှိသလို ဆုဖလားရဖို့လည်း ဖြစ်နိုင်ဖွယ်မရှိတာပါ။

ပီအက်စ်ဂျီ အသင်းကလည်း အခုရာသီအကုန်မှာ အဓိက ကစားသမားဖြစ်တဲ့ ဘတ်ပီ စာချုပ်ကုန်ဆုံးပြီး အသင်းက ထွက်ခွာမှာဖြစ်တာကြောင့် ရော်နယ်ဒို ကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။ဒါ့အပြင် ပီအက်စ်ဂျီ အသင်းဟာ ဇီဒန်းကို နည်းပြသစ်အဖြစ် ခန့်အပ်ချင်နေတာပါ။

Hi

အဲ့ဒါကြောင့် ပိုချက်တီနို ကို ပျော်ပျော်ရွှင်ရွှင်နဲ့ကို ထွက်ခွာခွင့်ပေးချင်နေတာဖြစ်ပါတယ်။ဇီဒန်းနဲ့ ရော်နယ်ဒို တို့ဟာ ရီးရယ်လ် အသင်းမှာ အတူတွဲပြီး အောင်မြင်မှုတွေရယူနိုင်ခဲ့တာကြောင့် ပီအက်စ်ဂျီ မှာလည်း အောင်မြင်မှုရယူနိုင်ဖို့ ပြင်သစ်ကလပ်က မျှော်လင့်နေတာဖြစ်ပါတယ်။