ဟာလန်း ကို စိတ်ဝင်စားမှုအဆုံးသတ်လိုက်ပြီဖြစ်တဲ့ ရီးရယ်လ်

ရီးရယ်လ် အသင်းဟာ ဒေါ့မွန် အသင်းတိုက်စစ်မှူး ဟာလန်း ကို ခေါ်ယူမယ့် ကုန်ကျစရိတ်ကြောင့် နော်ဝေးတိုက်စစ်ကစားသမားကို ခေါ်ယူမယ့် ပြိုင်ဆိုင်မှုတွေကနေ ထွက်ခွာခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အသက်(၂၁)နှစ်အရွယ်ရှိ ကစားသမားနဲ့ ဒေါ့မွန် အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်အရ နွေရာသီမှာ စာချုပ်ဖျက်သိမ်းကြေး ပေါင်(၆၈)သန်း အသက်ဝင်လာမှာဖြစ်ပါတယ်။အဲ့ဒါကြောင့် ကစားသမားဟာ အခုရာသီအကုန်မှာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေတာဖြစ်ပါတယ်။

ရီးရယ်လ် အသင်းဟာ နော်ဝေကစားသမားကို ခေါ်ယူဖို့ ထိပ်ဆုံးနေရာကနေ ဦးဆောင်တယ်လို့ ထင်ရပေမယ့် ဒေးလီးစတား ကတော့ စပိန်ထိပ်သီးကလပ်ဟာ သူတို့ရဲ့စိတ်ဝင်စားမှုကို ရပ်တန့်လိုက်ပြီလို့ ဖော်ပြထားခဲ့တာပါ။

ရီးရယ်လ် အသင်းဟာ ဟာလန်းကို ခေါ်ယူဖို့ လိုအပ်တဲ့ ပေါင်သန်း(၃၀၀)ကို တက်နိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။စပိန်ကလပ် ဟာ အခုရာသီအကုန်မှာ ပီအက်စ်ဂျီ တိုက်စစ်ကစားသမား ဘတ်ပီ ကို ခေါ်ယူဖို့ ဆုံးဖြတ်ထားတာလည်းဖြစ်ပါတယ်။

ဘတ်ပီ ရဲ့လုပ်ခလစာ ဟာ တပတ်ကို ပေါင်(၁)သန်းနီးပါး ရှိမှာဖြစ်တာကြောင့် နည်းပြ အန်ဆယ်လော့တီ ဟာ ဟာလန်း ကို ခေါ်ယူဖို့ စိတ်ဝင်စားမှုကို အဆုံးသတ်ခဲ့တာပါ။မန်စီးတီး၊မန်ချက်စတာယူနိုက်တက်နဲ့ ချယ်လ်ဆီး အသင်းတို့ဟာ နော်ဝေးတိုက်စစ်မှူး ကို ခေါ်ယူဖို့ ချိတ်ဆက်နေတာဖြစ်ပါတယ်။

ဟာလန်း ဟာ ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူး တဦးဖြစ်ပြီး ဒီရာသီမှာ ဒေါ့မွန် အသင်းအတွက် ပွဲပေါင်း(၂၀)ပါဝင်ကစားကာ (၂၃)ဂိုးသွင်းပြီး (၆)ဂိုးဖန်တီးထားတာပါ။

ရီးရယ်လ် အသင်းက ဒီပြိုင်ပွဲကနေ ထွက်ခဲ့တာကြောင့် ဟာလန်း ကို ခေါ််ယူဖို့ ဘာစီလိုနာ အသင်းက အခွင့်အရေးကောင်းလာခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာ အသင်းဟာ ဘဏ္ဍာရေး အခက်အခဲတွေရှိပေမယ့် ဟာလန်းကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။