သမိုင်းတလျှောက် ပထမဆုံး အကြိမ် အာဖရိကဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ ဆီနီဂေါ

ဆီနီဂေါ အသင်း ကတော့ ဒီမနက်က ကစားခဲ့တဲ့ အာဖရိကဖလား ဗိုလ်လုပွဲမှာ အီဂျစ် အသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရပြီး သမိုင်းတလျှောက် ပထမဆုံးအကြိမ် အာဖရိကဆုဖလားကြီးကို ကိုင်မြှောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒီပွဲစဉ်ရဲ့ပွဲချိန်(၇)မိနစ်မှာပဲ ဆီနီဂေါ အသင်း ပင်နယ်တီရခဲ့ပြီး မာနေး ရဲ့ကန်ချက်ကို အီဂျစ် ဂိုးသမား ဂါဘာစကီး ကာကွယ်သွားနိုင်ခဲ့တာပါ။အဲ့ဒီနောက်ပိုင်းမှာ ဂါဘာစကီးနဲ့ မန်ဒီ တို့ လက်စွမ်း ပြနေခဲ့တာကြောင့် ပွဲအချိန်အတွင်း ဂိုးမရှိသရေကျခဲ့ပါတယ်။

အဲ့ဒါကြောင့် အချိန်ပိုဆက်ကစားခဲ့ရပြီး ဂိုးမသွင်းနိုင်တဲ့ အတွက် ပင်နယ်တီအဆုံးအဖြတ် ခံယူရပါတယ်။ပင်နယ်တီ အဆုံးအဖြတ်မှာ ကံကောင်းနေတဲ့ အီဂျစ် အတွက်ကတော့ ဒီပွဲမှာ ကံမကောင်းနိုင်တော့ပဲ (၄)ဂိုး-(၂)ဂိုးနဲ့ အရေးနိမ့်သွားခဲ့ပါတယ်။

အဲ့ဒါကြောင့် ဆီနီဂေါ အသင်းက ပထမဆုံး အကြိမ်အာဖရိကဖလား ကို ရယူသွားနိုင်ခဲ့တာပါ။ဆီနီဂေါ အတွက်တော့ ဗိုလ်လုပွဲ(၃)ကြိမ် တက်ရောက်ပြီးမှသာ ပထမဆုံး ဆုဖလားကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အာဖရိကဖလားပြိုင်ပွဲရဲ့အကောင်းဆုံး ကစားသမားဆုကို မာနေးက ရရှိခဲ့ပြီး အကောင်းဆုံး ဂိုးသမားဆုကို မန်ဒီ က ရရှိခဲ့တာဖြစ်ပါတယ်။ဂိုးသွင်းအများဆုံးဆုကိုတော့ အဘူဘာကာ က (၈)ဂိုးသွင်းယူပြီး ရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဆီနီဂေါ နဲ့ အီဂျစ် အသင်းတို့ ဟာ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအောဖ့် ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရဖို့ ရှိတာကြောင့် မကြေပွဲအဖြစ် ထပ်မံယှဉ်ပြိုင်ရတော့မှာလည်းဖြစ်ပါတယ်။

နောက်တကြိမ် အာဖရိကဖလား ပြိုင်ပွဲကိုတော့ လာမယ့်နှစ် အိုင်ဗရီကို့စ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။