မရတော့ဘူး၊ ထရာအိုရေးကို အရမ်းကြွေနေပြီဆိုတဲ့ ဘာစီလိုနာနည်းပြ ဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီဟာ မနေ့က အက်သလက်တီကို,ကို ၄-၂ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် တဂိုးဖန်တီးပေးနိုင်ခဲ့တဲ့ အဒမ်မာထရာအိုရေးနဲ့ ပတ်သက်လို့ ချီးကျူးစကားပြောကြားခဲ့ပါတယ်။ လာမာစီယာ အကယ်ဒမီထွက် ဒီကစားသမားဟာ ပြီးခဲ့တဲ့ဆောင်းရာသီ အပြောင်းအရွှေ့ကမှ ဝုလ်ဗ်ကနေ ဘာစီလိုနာကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

အဒမ်မာထရာအိုရေးဟာ အသင်းကို ရောက်ရောက်ချင်း အက်သလက်တီကိုနဲ့ပွဲမှာတင် ပွဲထွက်ကစားသမား စာရင်းမှာ ပါဝင်ခွင့်ရရှိခဲ့ပြီး ပထမပိုင်းမှာ သွင်းယူခဲ့တဲ့ ဂါဗီရဲ့သွင်းဂိုးအတွက် ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ညာခြမ်းမှာလည်း ထရာအိုရေးက အသင်းသစ်နဲ့ ပထမဆုံးပွဲဦးထွက်အတွက် ကျေနပ်လောက်စရာ ကစားပုံကို ပြသခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ဇာဗီက “အဒမ်မာထရာအိုရေးက အများကြီး ရင့်ကျက်လာပြီး ရုပ်ပိုင်းဆိုင်ရာအရဆို သူက သားရဲတကောင်၊ မွန်းစတားတကောင်လိုဖြစ်နေပါပြီ။ တယောက်ချင်း ယှဥ်လုရရင် ခင်ဗျားတို့ သူ့ကို နိုင်မှာ မဟုတ်ပါဘူး။ သူက ကျနော့်အတွက် ပြီးပြည့်စုံတဲ့ တောင်ပံ ကစားသမားတယောက်ဖြစ်ပါတယ်”

“နောက်ပြီး သူက ကျနော့်အတွက် ကြီးကျယ်ခမ်းနားတဲ့ ကစားသမားဖြစ်လာမယ်ဆိုတာကို ကျနော် စိတ်ချယုံကြည်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒီပွဲမှာ ဘာစီလိုနာအတွက် ကစားသမားဖြစ်တဲ့ အူဘာမီးယန်းကလည်း ဒုတိယပိုင်းမှာ ထရာအိုရေးနေရာကို လူစားလဲဝင်ကစားခဲ့ပါတယ်။

ဒီပွဲမှာ ဘာစီလိုနာအတွက် ဂိုးတွေကို အယ်လ်ဘာ၊ ဂါဗီ၊ အရူဂျို၊ ဒန်နီအဲလ်ဗက်စ်နဲ့ အက်သလက်တီကိုအတွက် ဂိုးတွေကိုတော့ ကာရက်စ်ကိုနဲ့ ဆွာရက်ဇ်တို့က သွင်းယူပေးခဲ့ပါတယ်။