ယူနိုက်တက် အသင်းဖော်ဟောင်း ကစားခဲ့တဲ့ မေဂျာလိဂ်ကလပ်ကို ရောက်ဖို့ နီးစပ်နေတဲ့ တီဗတ်စ်

မန်ချက်စတာယူနိုက်တက် အသင်းတိုက်စစ်မှူးဟောင်း တီဗတ်စ် ဟာ အသင်းဖော်ဟောင်း ဖြစ်တဲ့ ဝိန်းရွန်နီ ကစားခဲ့တဲ့ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက် အသင်းကို ရောက်ရှိဖို့ နီးစပ်နေပြီး ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

မန်စီးတီးနဲ့ မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်းဟာ ပြီးခဲ့တဲ့ နွေရာသီက ဘိုကာဂျုနီယာ အသင်းကနေ ထွက်ခွာပြီးတည်းက အသင်းလက်မဲ့ဖြစ်နေခဲ့တာပါ။အခုအချိန်မှာတော့ ဒီစီယူနိုက်တက် အသင်းက တီဗတ်စ် ကို ဘောလုံးလောကထဲ ပြန်၀င်ဖို့ ကမ်းလှမ်းထားတယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။

ဒီအပြောင်းအရွှေ့ဟာ (၂၅)ရာခိုင်နှုန်းဖြစ်နိုင်ချေရှိတယ်လို့ ဆိုနေကြပြီး တီဗတ်စ်နဲ့ ဒီစီယူနိုက်တက်တို့ဟာ ငွေကြေးပိုင်းနဲ့ပတ်သက်ပြီး သဘောတူညီမှုရယူနိုင်မလားဆိုတာကို ကြည့်ရမှာလည်းဖြစ်ပါတယ်။တီဗတ်စ် ရဲ့ ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ဒီစီယူနိုက်တက် အသင်းထံ သူတို့ရဲ့ ကစားသမား ကို အကြိမ်အများအပြားကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် ကလပ်ကတေ့ အကြိမ်ပေါင်းများစွာငြင်းဆိုခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။ အခုဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့ပုံစံက အပြုသဘောဆောင်တဲ့ပုံစံနဲ့ တိုးတက်မှုတွေ ရရှိနေတာဖြစ်ပါတယ်။ တီဗတ်စ် အနေနဲ့ သဘောတူညီမှုရခဲ့ရင် ကလပ်အသင်းက သတ်မှတ်ထားတဲ့ ကစားသမားမျိုးပုံစံယူဖို့ မစဉ်းစားထားတာဖြစ်ပါတယ်။

မေဂျာလိဂ်ကလပ်တွေဟာ သူတို့ရဲ့ ပုံမှန်လစာပမာဏထက် ကစားသမား(၃)ဦးကို ခေါ်ယူဖို့ ခွင့်ပြုထားပြီး အဲ့ဒါကြောင့် ဒီကစားသမားတွေကို သတ်မှတ်ထားတဲ့ ကစားသမားတွေဆိုပြီး တံဆိပ်ကပ်ထားတာဖြစ်ပါတယ်။ မင်နီဆိုတာနဲ့ အော်လန်ဒို တို့ကလည်း တီဗတ်စ် ကို ခေါ်ယူဖို့ စ်ိတ်၀င်စားနေတာပါ။

တီဗတ်စ် ဟာ လက်ရှိအချိန်ထိ အနားယူဖို့ အကြောင်းကို မပြောထားသေးတာကြောင့် ဝိန်းရွန်နီ (၂)နှစ်ကြာ ကစားခဲ့တဲ့ ကလပ်အသင်းထံ ပြန်လာဖို့ မျက်စိကျနေတာဖြစ်ပါတယ်။တီဗတ်စ်နဲ့ ဝိန်းရွန်နီ တို့ ဟာ မန်ချက်စတာယူနိုက်တက် အသင်းမှာ အတူတွဲကစားပြီး အောင်မြင်မှုတွေရယူနိုင်ခဲ့တာပါ။

၀ိန်းရွန်နီ ဟာ (၂၀၁၈) က ဒီစီယူနိုက်တက် ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး (၅၂)ပွဲပါ၀င်ကစားကာ (၂၅)ဂိုးသွင်းပြီး (၁၄)ဂိုးဖန်တီးနိုင်ခဲ့တာဖြစ်ကာ (၂၀၂၀)မှာ ဒါဘီအသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။