ဆီနီဂေါ နဲ့ ပွဲအပြီးမှာ အသင်းဖော်တွေ စိတ်အားတက်စေမယ့် စကားတွေကို ပြောခဲ့တဲ့ ဆာလတ်

ဆာလတ် ကတော့ အာဖရိကဖလား ဗိုလ်လုပွဲမှာ ဆီနီဂေါ အသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်ပြီးနောက် စိတ်ပျက်နေကြတဲ့ အသင်းဖော်တွေကို အဝတ်လဲခန်းထဲမှာ စိတ်အားတက်ကြွစေမယ့် စကားတွေကို ပြောခဲ့ပါတယ်။

အီဂျစ် အသင်းဟာ ပင်နယ်တီအဆုံးအဖြတ်မှာ ၄ဂိုး-၂ဂိုးနဲ့ ဆီနီဂေါ ကို အရေးနိမ့်ခဲ့တာပါ။ဆာလတ် ဟာ အီဂျစ် အတွက် (၅)လုံးမြောက် ပင်နယ်တီကန်သွင်းတဲ့သူအဖြစ် သတ်မှတ်ခဲ့တာကြောင့် အဆုံးအဖြတ် ပင်နယ်တီကို မကန်သွင်းခဲ့ရတာဖြစ်ပါတယ်။

ဆာလတ် ဟာ ပွဲပြီးဆုံးချိန်မှာ စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့လို့ ဆီနီဂေါ အသင်းရဲ့ လီဗာပူးလ် အသင်းဖော် မာနေး က လာရောက်နှစ်သိမ့်ပေးခဲ့ရပါတယ်။

ဆာလတ် ဟာ လက်ရွေးစင် အသင်းဖော်တွေကို စိတ်အားထက်သန်စွာ ပြောဆိုနိုင်ဖို့ အတွက် ခွန်အားတွေကို စုစည်းနိုင်ခဲ့တာပါ။အီဂျစ် အသင်းဟာ အာဖရိကဖလား ရှုံးထွက်ပွဲစဉ်(၄)ပွဲလုံးကို အချိန်ပိုအထိ ကစားခဲ့ရတာဖြစ်ပါတယ်။

ဆီနီဂေါ နဲ့ အီဂျစ် တို့ဟာ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအောဖ့်အဆင့် ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဆာလတ် က ဒီပွဲမှာ လက်စားချေနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ဆာလတ် က “ကျွန်တော်တို့ ဟာ (၁၂)ရက် အတွင်း (၄)ပွဲလုံးကို မိနစ်(၁၂၀)အထိ ကစားခဲ့ရတာပါ”

“အခုတော့ ဒါတွေက ပြီးသွားပါပြီ။နောက်လမှာ သူတို့နဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားဖို့ ရှိနေပါတယ်။သူတို့ကို လက်စားပြန်ချေနိုင်ဖို့ မျှော်လင့်တယ်လို့”ပြောခဲ့တာဖြစ်ပါတယ်။

ဆာလတ် ဟာ လက်ရှိအချိန်မှာ လီဗာပူးလ် အသင်းထံ ပြန်ပြီး ပူးပေါင်းဖို့ ပြင်ဆင်နေတာပါ။လီဗာပူးလ် နည်းပြ ကလော့ပ် ကတော့ လက်စတာ နဲ့ ပွဲမှာ ဆာလတ် ပါဝင်နိုင်ဖို့ မျှော်လင့်ကြောင်း ပြောထားခဲ့တာဖြစ်ပါတယ်။