မက်ဆီ က သူရဲ့ဂျာစီကို တောင်းတဲ့အချိန်မှာ မယုံကြည်နိုင်အောင်ဖြစ်ခဲ့တဲ့ အိန်ဂျယ်လ်ဂိုးမတ်စ်

လိုင်လီ ကစားသမားသမား အိန်ဂျယ်လ်ဂိုးမတ်စ် ဟာ ပီအက်စ်ဂျီ အသင်းနဲ့ ကစားတဲ့ ပွဲအပြီးမှာ သူ့ရဲ့ ဂျာစီကို ဘောလွန်းဒီအော(၇)ကြိမ်ရ မက်ဆီ က တောင်းခဲ့တဲ့ အချိန်မှာ မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ပြီး အကောင်းဆုံးပြန်လည်တုံ့ပြန်သွားခဲ့ပါတယ်။

ဒီပွဲမှာ ပီအက်စ်ဂျီ အသင်းဟာ ပြင်သစ်လီဂူး၀မ်းပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ လိုင်လီ အသင်းကို (၅)ဂိုး-(၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ပီအက်စ်ဂျီ အတွက် ဂိုးတွေကို ပါရဲရားက (၂)ဂိုး၊မက်ဆီ၊ကင်ပန်ဘီနဲ့ ဘတ်ပီ တို့က (၁)ဂိုးစီ သွင်းယူခဲ့တာပါ။

လိုင်လီ အသင်းဟာ ပြီးခဲ့တဲ့ ရာသီက လီဂူး၀မ်းမှာ ချန်ပီယံဖြစ်ခဲ့ပေမယ့် ဒီရာသီမှာ ရုန်းကန်နေခဲ့ရ တာဖြစ်ပါတယ်။ဒါပေမယ့် မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း အိန်ဂျယ်လ်ဂိုးမတ်စ် အတွက်တော့ မမေ့နိုင်စရာညတညဖြစ်ခဲ့တာပါ။

အိန်ဂျယ်လ်ဂိုးမတ်စ် ဟာ ဥမင်လှိုဏ်ခေါင်းထဲကို အရောက်မှာ မက်ဆီ ရဲ့ ဂျာစီကို တောင်းပြီး ပြန်ထွက်သွားဖို့ အလုပ်မှာ မက်ဆီ က သူ့့ရဲ့ ဂျာစီကို လိုချင်တယ်လို့ လက်ဟန်ခြေဟန်နဲ့ တောင်းခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ တဦးနဲ့ တဦးပွေ့ဖက်နှုတ်ဆက်ကာ ထွက်သွားခဲ့ကြတာပါ။

အိန်ဂျယ်လ်ဂိုးမတ်စ် ဟာ အသက်(၆)နှစ်အရွယ်တည်းက မန်ချက်စတာယူနိုက်တက် ကို ရောက်ရှိခဲ့တာဖြစ်ပြီး အသင်းမှာ (၁၄)ရာသီကြာရှိခဲ့ကာ (၂၀၂၀)မှာ လိုင်လီ အသင်းထံ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ အိန်ဂျယ်လ်ဂိုးမတ်စ် ဟာ ပထမအသင်းအတွေ့အကြုံရဖို့ အတွက် ပေါ်တူဂီကလပ် ဘိုအာဗစ်စတာ အသင်းမှာ အငှားသွားရောက်ကစားခဲ့ရတာပါ။

သူဟာ ပေါ်တူဂီလိဂ်မှာ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ဒီရာသီ လိုင်လီ အသင်းထံ ပြန်လည်ရောက်ရှိလာခဲ့ပြီး အသင်းအတွက် (၁၈)ပွဲပါ၀င်ကစားထားတာဖြစ်ပါတယ်။အသက်(၂၁)နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ အောက်တိုဘာက အင်္ဂလန်ယူ(၂၁) အသင်းမှာ ပထမဆုံးအကြိမ်ရွေးချယ်ခံခဲ့ရပါတယ်။

ော

အိန်ဂျယ်လ်ဂိုးမတ်စ် အသင်းဟာ (၂၀၁၇) က ဖီဖာယူ(၁၇) ကမ္ဘာ့ဖလားရယူနိုင်ခဲ့တဲ့ အင်္ဂလန်ယူ(၁၇) အသင်းမှာ ခြေစွမ်းပြသနိုင်ခဲ့တာလည်းဖြစ်ပါတယ်။