ရော်နယ်ဒို နဲ့ ပီအက်စ်ဂျီမှာ ပြန်လည်လက်တွဲချင်နေတဲ့ ဇီဒန်း

ဇီဒန်း ကတော့ လာမယ့်နွေရာသီမှာ ပီအက်စ်ဂျီ အသင်းကို ကိုင်တွယ်ခဲ့မယ်ဆိုရင် ရော်နယ်ဒို နဲ့ ပြန်လည်လက်တွဲလုပ်ကိုင်ဖို့ စ်ိတ်အားထက်သန်နေတာဖြစ်ပါတယ်။ပီအက်စ်ဂျီနည်းပြ ပိုချက်တီနို ဟာ ဒီရာသီ အကုန်မှာ ပြင်သစ်ကလပ်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ပိုချက်တီနို ရဲ့ အနာဂတ်ဟာ ပီအက်စ်ဂျီ မှာ မသေချာမှုတွေရှိနေတာပါ။ပီအက်စ်ဂျီ ကလည်း ပိုချက်တီနို အသင်းကနေ ထွက်သွားမယ်ဆိုရင် ဇီဒန်းကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ နံပတ်(၁)ပစ်မှတ်အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

ဇီဒန်းဟာ ရီးရယ်လ် ကနေ ထွက်ခွာပြီးတည်းက အနားယူနေတာဖြစ်ပြီး ပြင်သစ်လက်ရွေးစင် အသင်းကို ကိုင်တွယ်ဖို့ စောင့်ဆိုင်းနေတယ်လို့ ပြောထားတာပါ။ဒါပေမယ့် ဇီဒန်း ဟာ ပီအက်စ်ဂျီ နည်းပြ ထိုင်ခုံကို ရယူဖို့ အဓိက လုပ်ဆောင်နေတယ်လို့ မေရာ က ဖော်ပြထားပါတယ်။

ပြင်သစ်လူမျိုးနည်းပြကတော့ ရော်နယ်ဒို ကို မန်ချက်စတာယူနိုက်တက် နဲ့ ဝေးကွာအောင်လုပ်ဖို့ ပထမဆုံး လုပ်ဆောင်ဖို့ ရှိနေတာပါ။ပီအက်စ်ဂျီ ကလည်း ရော်နယ်ဒို ကို မက်ဆီ၊နေမာ တို့နဲ့အတူ တွဲဖက်ကစားနိုင် အောင်လုပ်ဆောင်ချင်နေတာဖြစ်ပါတယ်။

ပီအက်စ်ဂျီ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဘတ်ပီကလည်း ဒီရာသီအကုန်မှာ အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကုန်ဆုံးမှာဖြစ်ပြီး အသင်းကနေ အလွတ်နဲ့ ထွက်ခွာမှာဖြစ်ပါတယ်။ရော်နယ်ဒို နဲ့ မန်ချက်စတာယူနိုက်တက် တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၂၀၂၃)မှာ ကုန်ဆုံးမှာပါ။

ဒါပေမယ့် နောက်ထပ်တနှစ်သက်တမ်းတိုးခွင့်ရှိနေတာဖြစ်ပါတယ်။မန်ချက်စတာကလပ် ကလည်း အခုလာမယ့်နွေရာသီမှာ ရော်နယ်ဒို အသင်းက ထွက်ခွာနိုင်ဖွယ်ရှိတာကို စဉ်းစားနေပြီလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အဲ့ဒါကြောင့်လည်း ဆိုစီဒက် တိုက်စစ်မှူး အိုင်ဆက်ခ် ကို သူ့ရဲ့နေရာမှာ အစားထိုးဖို့ ပစ်မှတ်ထားနေတာပါ။မကြာသေးခင်ကမှ အသက်(၃၇)နှစ်ပြည့်ခဲ့တဲ့ ရော်နယ်ဒို ဟာ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် (၁၄)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။