ရစ်ချာလီဆင်ကို ရောင်းပြီးနောက် လင်ဂတ်ကို ခေါ်ယူဖို့ ဆွေးနွေးနေတဲ့ အဲဗာတန်

အဲဗာတန်အသင်းဟာ ယူနိုက်တက်နဲ့ စာချုပ်ကုန်ဆုံးပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ လင်ဂတ်ကို ခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

လင်ဂတ်ကို ခေါ်ယူဖို့ ဝက်စ်ဟမ်းအသင်းကလည်း စိတ်ဝင်စားနေတာပါ။လင်ဂတ်ဟာ ဝက်စ်ဟမ်းအသင်းမှာ အငှားသွားကစားတုန်းက ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။

အဲဗာတန်နည်းပြ လမ်းပတ်က အမေရိကန်ကို ရာသီကြိုခြေစမ်းပွဲမသွားခင် ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့ စိတ်အားထက်သန်နေပါတယ်။အဲဗာတန်အသင်းဟာ ရစ်ချာလီဆင်ကို ပေါင်သန်း ၆၀ နဲ့ ရောင်းချခဲ့ပြီးနောက် ငွေကြေးသုံးစွဲဖို့ ရှိနေတာပါ။

လင်ဂတ်ဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းမှာ ကစားခွင့်ဆုံးရှုံးခဲ့ပြီး အကယ်ဒမီထွက်ကစားသမားဖြစ်ပေမယ့် သူ့အပေါ်အသင်းရဲ့ဆက်ဆံပုံတွေကို အလွန်စိတ်ပျက်နေခဲ့တာဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ လင်ဂတ်ကို အပြီးသတ်ခေါ်ယူဖို့ နှစ်ကြိမ်ကြိုးစားခဲ့သလို နယူးကာဆယ်ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာပါ။လင်ဂတ်ဟာ အဂ်လန်အတွက် ပြီးခဲ့တဲ့နှစ်အောက်တိုဘာက အန်ဒိုရာနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ နောက်ဆုံးပါဝင်ကစားခဲ့တာဖြစ်ပါတယ်။

အဲဗာတန်အသင်းဟာ စပါးကွင်းလယ်ကစားသမား ဟယ်ရီဝင့်ခ်ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။အဲဗာတန်အသင်းဟာ မကြာခင်မှာ ဘန်လေအသင်းက ထွက်ခွာခဲ့တဲ့ တာကော့ဗ်စကီးကို ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။