နွေရာသီ ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် မာလာစီယာကို ခေါ်ယူနိုင်တော့မယ့် ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ မာလာစီယာနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရခဲ့ပြီးနောက် အခုနွေရာသီ ပထမဆုံးခေါ်ယူမယ့် ကစားသမားဖြစ်လာတော့မှာ ဖြစ်ပါတယ်။

အခုအပတ်တည်းက အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေး သဘောတူညီခဲ့တာဖြစ်ပြီး ပြောင်းရွှေ့ကြေးက ယူရို ၁၇ သန်းအထိ မြှင့်တက်သွားနိုင်တာပါ။

ယူနိုက်တက်အသင်းဟာ မာလာစီယာကို တစ်နှစ်ထပ်တိုးအပြင် ၄ နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်တော့မယ်လို့ The Athletic က ဖော်ပြခဲ့တာဖြစ်ပါတယ်။မကြာခင်မှာ ဆေးစစ်မှုတွေ ပြုလုပ်ပြီး ဒီတစ်ပတ်ထဲမှာ အပြောင်းအရွှေ့အပြီးသတ်ဖို့ ရှိနေတာပါ။

မာလာစီယာဟာ အဲရစ်တန်ဟတ်ရဲ့ယူနိုက်တက်နည်းပြဘဝ ပထမဆုံး ခေါ်ယူနိုင်မယ့် ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။မာလာစီယာဟာ ဖီယင်နုအသင်းနဲ့ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်က နယ်သာလန်အတွက် ပထမဆုံး ပွဲထွက်ခွင့်ရခဲ့တာပါ။

သူဟာ လက်ရွေးစင်အတွက် ၅ ပွဲပါဝင်ကစားထားပြီး အခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့လည်း မျှော်လင့်နေတာဖြစ်ပါတယ်။သတင်းတွေအရ ယူနိုက်တက်အသင်းဟာ အေဂျတ်စ်ကြယ်ပွင့် လီဆန်ဒရိုမာတီနတ်စ်ကိုလည်း ခေါ်ယူနိုင်ဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။

ဆွေးနွေးမှုတွေဟာ ကောင်းမွန်နေပြီး ကစားသမားကိုယ်တိုင်က အဲရစ်တန်ဟတ်ရှိတဲ့ ယူနိုက်တက်အသင်းထံ လာရောက်ချင်နေတာပါ။သူဟာ ဗဟိုနောက်ခံလူ၊ဘယ်နောက်ခံလူနဲ့ ကွင်းလယ်ပိုင်းမှာပါဝင်ကစားနိုင်ပြီး အာဂျင်တီးနားအတွက် ၇ ပွဲပါဝင်ကစားထားပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီဂျောင်ကို ခေါ်ယူနိုင်ဖို့လည်း တွန်းအားပေးလုပ်ဆောင်နေသလို အဲရစ်ဆင်ကို ခေါ်ယူဖို့လည်း ကြိုးစားနေတာဖြစ်ပါတယ်။