မက်ဆီကို ပီအက်စ်ဂျီရှင်းထုတ်ဖို့ စီစဥ်နေတယ်လို့ စပိန်ဂျာနယ်လစ်ပြောကြား

စပိန်ဂျာနယ်လစ် ပတ်ဒရိုမိုရာတာက ပီအက်စ်ဂျီဟာ လက်ရှိနွေရာသီမှာတင် မက်ဆီကို အသင်းကနေ ရှင်းထုတ်ဖို့ စီစဥ်နေကြောင်း ပြောကြားလာခဲ့ပါတယ်။

Former French Forward Discusses the Real Reasons Behind Messi's  Rollercoaster First Season at PSG - PSG Talk

ပီအက်စ်ဂျီဟာ လက်ရှိနွေရာသီအပြောင်းအရွှေ့မှာ အသင်းအုပ်ချုပ်မှုပိုင်းကိုသာမက ကစားသမားပိုင်းကိုပါ ပြောင်းလဲမှုကြီးကြီးမားမား လုပ်ဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ နေမာကို ရှင်းထုတ်ဖို့ သတင်းထွက်နေတဲ့အပြင် အခုတခါမှာတော့ မိုရာတာကပါ မက်ဆီရဲ့ အနာဂတ်နဲ့ပတ်သက်လို့ ဖွင့်ဟခဲ့တာပါ။

Messi's worst start in 15 years - Why is Paris Saint-Germain's star signing  struggling to settle in France? | Goal.com

အဆိုပါစပိန်ဂျာနယ်လစ်ရဲ့ အဆိုအရ ပီအက်စ်ဂျီရဲ့ အားကစားဒါရိုက်တာသစ် လူးဝစ်ကမ်းပို့စ်ဟာ အသင်းလူစာရင်းကို ကြီးကြီးမားမား ပြုပြင်ပြောင်းလဲဖို့ ဆန္ဒရှိနေကြောင်း သိရှိရပါတယ်။

ကမ်းပို့စ်ဟာ တဦးချင်းကြယ်ပွင့်တွေထက် အသင်းလိုက်ကစားသမားတွေကိုသာ ပိုမိုအလိုရှိနေတာကြောင့် အခုလိုမျိုးပဲ မက်ဆီကို အသင်းကနေ ရောင်းထုတ်ဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။

ဒီမတိုင်ခင်မှာလည်း ပီအက်စ်ဂျီဟာ နေမာ၊ မက်ဆီတို့အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုရရင် ရောင်းထုတ်သွားမယ်လို့ သတင်းတွေက ဖော်ပြခဲ့ဖူးပါတယ်။

In One Moment, Messi and P.S.G. Make It All Work - The New York Times

အသက် (၃၅) နှစ်အရွယ် အာဂျင်တီးနားလက်ရွေးစင် အသင်းခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ရာသီ ပြိုင်ပွဲစုံမှာ ပီအက်စ်ဂျီအတွက် (၃၄) ပွဲကစား၊ သွင်းဂိုး (၁၁) ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

Messi era begins as PSG takes shutout victory over Reims | CBC Sports

ဒီအချက်အပေါ် ကမ်းပို့စ်က သဘောမကျဖြစ်နေပြီး အသစ်ခန့်အပ်မယ့် နည်းပြ ဂဲလ်တီယာနဲ့ ဆွေးနွေးပြီးတဲ့နောက်မှာ မက်ဆီရဲ့အနာဂတ်ကို ဆုံးဖြတ်သွားဖွယ်ရှိပါတယ်။ ပီအက်စ်ဂျီဟာ လက်ရှိနွေမှာ အဓိကတိုက်စစ်ကစားသမား ဒီမာရီယာကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ခဲ့ပါသေးတယ်။