အိုင်ကာဒီနဲ့ ဒိုင်ဘားလားတို့ကို ခေါ်ယူဖို့ ပြုလုပ်နေတဲ့ စီးရီးအေတန်းတက် မွန်ဇာ

စီးရီးအေတန်းတက် မွန်ဇာအသင်းကတော့ အသင်းလက်မဲ့ဖြစ်နေတဲ့ ဒိုင်ဘားလားနဲ့ ပီအက်စ်ဂျီမှာ နေရာမရတဲ့ အိုင်ကာဒီတို့ကို ခေါ်ယူဖို့ စီစဉ်နေတာဖြစ်ပါတယ်။

မွန်ဇာရဲ့စီအီးအို ဂါလီယာနီက အိုင်ကာဒီက သူတို့‌‌ဆီ လာမယ်လို့ မကြာသေးခင်က မီဒီယာတွေကို ပြောထားခဲ့တာပါ။အဲ့ဒါကြောင့် အိုင်ကာဒီဟာ မွန်ဇာအသင်းထံ လာဖို့ ရှိနေတာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အိုင်ကာဒီကို မလိုချင်တော့ဘဲ သင့်တော်တဲ့ ကမ်းလှမ်းမှုရှိရင် ရောင်းချဖို့ အဆင်သင့်ရှိနေတာပါ။မွန်ဇာအသင်းပိုင်ရှင် ဘာလူစကိုနီဟာ ဈေးကွက်အတွင်း အားကစားစီမံခန့်ခွဲမှုလုပ်ငန်းတွေနဲ့ နီးကပ်စွာချိတ်ဆက်ထားတာဖြစ်ပါတယ်။

သူ့ရဲ့လွှမ်းမိုးမှုဟာ အိုင်ကာဒီအတွက်သာမက ဒိုင်ဘားလားအတွက်ပါ အရေးပါလာနိုင်တာပါ။ဒိုင်ဘားလားဟာ အီတလီကလပ်အတွက် ကြီးမားတဲ့ အိမ်မက်ပါ။အာဂျင်တီးနား ကစားသမားဟာ ဂျူဗီက ထွက်ပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့ပါတယ်။

သူ့ကို ခေါ်ယူဖို့ အင်တာမီလန်အသင်းက ချိတ်ဆက်နေတာပါ။ဒါပေမယ့် သူ့ရဲ့အနာဂတ်က ရှင်းရှင်းလင်းလင်း မရှိသေးတာဖြစ်ပါတယ်။သူတို့နှစ်ဦးစလုံးဟာ မွန်ဇာကို စီးရီးအေမှာ အလွန်ကောင်းမွန်အောင် လုပ်ပေးနိုင်မယ့်သူလို့ ယုံကြည်နေတာဖြစ်ပါတယ်။

သူတို့နှစ်ဦးစလုံးကို ခေါ်ယူနိုင်မယ်ဆိုရင် အီတလီကလပ်အတွက် နှစ်ပေါင်းများစွာရှာဖွေနေတဲ့ ရည်မှန်းချက်ကြီးမားတဲ့ ပရောဂျတ်ကို ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။