ဘောလွန်းဒီအောအတွက် မက်ဆီ မဲပေးမယ့် ကစားသမား၂ဦး

လာမယ့်(၂၀၂၁) ဘောလွန်းဒီအောဆုအတွက် ပီအက်စ်ဂျီ အသင်းဖော်တွေဖြစ်တဲ့ နေမာနဲ့ ဘတ်ပီ ကို မဲပေးဖို့ အစီအစဉ်ရှိတယ်လို့ အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီ က ဝန်ခံလိုက်ပါတယ်။မက်ဆီ ကလည်း (၇)ကြိမ်မြောက်ဘောလွန်းဒီအောဆုကို ရရှိဖို့ အတွက် ရေပန်းစားနေတဲ့ သူတွေထဲက (၁)ဦးလည်းဖြစ်ပါတယ်။

မက်ဆီ ဟာ အခုနှစ်အတွက် ပေးမယ့် ဒီဆုမှာတော့ ဘိုင်ယန်မြူးနစ် အသင်းတိုက်စစ်မှုး လီဝန်ဒေါစကီး၊ချယ်လ်ဆီး အသင်း ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုတို့လို ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိနေတာပါ။မက်ဆီ ဟာ ပြီးခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အာဂျင်တီးနားကို ချန်ပီယံဆုရ‌ရှိအောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

လီဝန်ဒေါစကီး ဟာ ပြီးခဲ့တဲ့(၂)ရာသီလုံး ထူးခြားကောင်းမွန်တဲ့ ပုံစံကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် ဂျော်ဂျင်ဟိုကလည်း ချယ်လ်ဆီး နဲ့ ချန်ပီယံလိဂ်၊အီတလီ နဲ့ ယူရိုချန်ပီယံဆုတို့ကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။မက်ဆီ ဟာ ပြင်သစ်သတင်းစာ L’Equipeနဲ့ အင်တာဗျုးရာမှာ နေမာနဲ့ ဘတ်ပီ ကို မဲပေးမယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

မက်ဆီ က “ကျွန်တော့်အသင်းက ကစား သမား(၂)ဦးကို မဲပေးမယ်ဆိုတာ သိသာထင်ရှားပါတယ်။နေမာနဲ့ ဘတ်ပီပေါ့”လို့ ဆိုခဲ့တာပါ။ဒါ့အပြင် မက်ဆီ ဟာ ပြီးခဲ့တဲ့နှစ်တွေမှာ အကောင်းဆုံးစွမ်းဆောင်ခဲ့တဲ့ လီဝန်ဒေါစကီးနဲ့ ဘန်ဇီမာ တို့ကိုလည်း ချီးကျုးမှု‌တွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။

(၂၀၂၀) က ဒီဆုကိုပေးဖို့ ဖျက်သိမ်းခဲ့တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဆုဖလား(၃)ခုလုံးရယူနိုင်ခဲ့တဲ့ လီဝန်ဒေါစကီး အတွက် နစ်နာခဲ့ရတာလည်းဖြစ်ပါတယ်။မက်ဆီ က “လီဝန်ဒေါစကီးလို တဦးချင်းအလွန်ကောင်းမွန်တဲ့ ရာသီပိုင်ဆိုင်ထားတဲ့ ကစားသမားအများအပြားရှိပါတယ်”

“ဘန်ဇီမာ အတွက်လည်း ကောင်းမွန်တဲ့ နှစ်တနှစ်ဖြစ်ခဲ့ပါတယ်။ဘယ်သူအနိုင်ရမလဲဆိုတာ ပြောဖို့ခက်ခဲပါတယ်။ဘာကြောင့်လဲဆိုရင် ဘောလွန်းဒီအောမှာ အသင်းတသင်းအနေနဲ့ မင်းဘာတွေလုပ်ပြနိုင်မလဲဆိုတာက အရေးကြီးပါတယ်။ဒီဆုအတွက် အောင်မြင်မှုတွေရယူနိုင်ဖို့အလေးချိန်ရှိပါတယ်”လို့ ဆိုခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေအသင်းတွေဖြစ်တဲ့ ချယ်လ်ဆီးနဲ့ မန်စီးတီး အသင်းတို့ဟာ ဆန်ကာတင်စာရင်းမှာ (၅)ဦးစီပါဝင်ခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက် အသင်းက ဘရူနိုနဲ့ ရော်နယ်ဒို၊ လီဗာပူးလ် အသင်းက ဆာလတ် တို့လည်း ဆန်ကာတင်စာရင်းမှာ ပါဝင်နေတာပါ။

ရော်နယ်ဒို ကတော့ ပြင်သစ်ဘောလုံးကပေးတဲ့ ဒီဆုအတွက် ဆန်ကာတင်စာရင်းမှာ စံချိန်တင်(၁၇)ကြိမ်မြောက်ပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။ရော်နယ်ဒို ဟာ ဘောလွန်းဒီအောဆုကို (၅)ကြိမ်ရရှိထားပြီး မက်ဆီ က (၇)ကြိမ်မြောက်ရဖို့ နီးစပ်နေတာဖြစ်ပါတယ်။

Zawgyi

လာမယ့္(၂၀၂၁) ေဘာလြန္းဒီေအာဆုအတြက္ ပီအက္စ္ဂ်ီ အသင္းေဖာ္ေတြျဖစ္တဲ့ ေနမာနဲ႔ ဘတ္ပီ ကို မဲေပးဖို႔ အစီအစဥ္ရွိတယ္လို႔ အာဂ်င္တီးနား အသင္းေခါင္းေဆာင္ မက္ဆီ က ဝန္ခံလိုက္ပါတယ္။မက္ဆီ ကလည္း (၇)ႀကိမ္ေျမာက္ေဘာလြန္းဒီေအာဆုကို ရရွိဖို႔ အတြက္ ေရပန္းစားေနတဲ့ သူေတြထဲက (၁)ဦးလည္းျဖစ္ပါတယ္။

မက္ဆီ ဟာ အခုႏွစ္အတြက္ ေပးမယ့္ ဒီဆုမွာေတာ့ ဘိုင္ယန္ျမဴးနစ္ အသင္းတိုက္စစ္မႈး လီဝန္ေဒါစကီး၊ခ်ယ္လ္ဆီး အသင္း ကြင္းလယ္ကစားသမား ေဂ်ာ္ဂ်င္ဟိုတို႔လို ျပင္းထန္တဲ့ ၿပိဳင္ဆိုင္မႈေတြနဲ႔ ရင္ဆိုင္ရဖြယ္ရွိေနတာပါ။မက္ဆီ ဟာ ၿပီးခဲ့တဲ့ ကိုပါအေမရိကဖလားၿပိဳင္ပြဲမွာ အာဂ်င္တီးနားကို ခ်န္ပီယံဆုရ‌ရွိေအာင္ စြမ္းေဆာင္နိုင္ခဲ့တာျဖစ္ပါတယ္။

လီဝန္ေဒါစကီး ဟာ ၿပီးခဲ့တဲ့(၂)ရာသီလုံး ထူးျခားေကာင္းမြန္တဲ့ ပုံစံကို ျပသနိုင္ခဲ့တာျဖစ္ပါတယ္။ဒါ့အျပင္ ေဂ်ာ္ဂ်င္ဟိုကလည္း ခ်ယ္လ္ဆီး နဲ႔ ခ်န္ပီယံလိဂ္၊အီတလီ နဲ႔ ယူရိုခ်န္ပီယံဆုတို႔ကို ရယူနိုင္ခဲ့တာလည္းျဖစ္ပါတယ္။မက္ဆီ ဟာ ျပင္သစ္သတင္းစာ L’Equipeနဲ႔ အင္တာဗ်ဳးရာမွာ ေနမာနဲ႔ ဘတ္ပီ ကို မဲေပးမယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

မက္ဆီ က “ကၽြန္ေတာ့္အသင္းက ကစား သမား(၂)ဦးကို မဲေပးမယ္ဆိုတာ သိသာထင္ရွားပါတယ္။ေနမာနဲ႔ ဘတ္ပီေပါ့”လို႔ ဆိုခဲ့တာပါ။ဒါ့အျပင္ မက္ဆီ ဟာ ၿပီးခဲ့တဲ့ႏွစ္ေတြမွာ အေကာင္းဆုံးစြမ္းေဆာင္ခဲ့တဲ့ လီဝန္ေဒါစကီးနဲ႔ ဘန္ဇီမာ တို႔ကိုလည္း ခ်ီးက်ဳးမႈ‌ေတြျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

(၂၀၂၀) က ဒီဆုကိုေပးဖို႔ ဖ်က္သိမ္းခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္နဲ႔ ဆုဖလား(၃)ခုလုံးရယူနိုင္ခဲ့တဲ့ လီဝန္ေဒါစကီး အတြက္ နစ္နာခဲ့ရတာလည္းျဖစ္ပါတယ္။မက္ဆီ က “လီဝန္ေဒါစကီးလို တဦးခ်င္းအလြန္ေကာင္းမြန္တဲ့ ရာသီပိုင္ဆိုင္ထားတဲ့ ကစားသမားအမ်ားအျပားရွိပါတယ္”

“ဘန္ဇီမာ အတြက္လည္း ေကာင္းမြန္တဲ့ ႏွစ္တႏွစ္ျဖစ္ခဲ့ပါတယ္။ဘယ္သူအနိုင္ရမလဲဆိုတာ ေျပာဖို႔ခက္ခဲပါတယ္။ဘာေၾကာင့္လဲဆိုရင္ ေဘာလြန္းဒီေအာမွာ အသင္းတသင္းအေနနဲ႔ မင္းဘာေတြလုပ္ျပနိုင္မလဲဆိုတာက အေရးႀကီးပါတယ္။ဒီဆုအတြက္ ေအာင္ျမင္မႈေတြရယူနိုင္ဖို႔အေလးခ်ိန္ရွိပါတယ္”လို႔ ဆိုခဲ့ပါတယ္။

ပရီးမီးယားလိဂ္ကလပ္ေတြအသင္းေတြျဖစ္တဲ့ ခ်ယ္လ္ဆီးနဲ႔ မန္စီးတီး အသင္းတို႔ဟာ ဆန္ကာတင္စာရင္းမွာ (၅)ဦးစီပါဝင္ခဲ့တာျဖစ္ၿပီး မန္ခ်က္စတာယူနိုက္တက္ အသင္းက ဘ႐ူနိုနဲ႔ ေရာ္နယ္ဒို၊ လီဗာပူးလ္ အသင္းက ဆာလတ္ တို႔လည္း ဆန္ကာတင္စာရင္းမွာ ပါဝင္ေနတာပါ။

ေရာ္နယ္ဒို ကေတာ့ ျပင္သစ္ေဘာလုံးကေပးတဲ့ ဒီဆုအတြက္ ဆန္ကာတင္စာရင္းမွာ စံခ်ိန္တင္(၁၇)ႀကိမ္ေျမာက္ပါဝင္ခဲ့တာလည္းျဖစ္ပါတယ္။ေရာ္နယ္ဒို ဟာ ေဘာလြန္းဒီေအာဆုကို (၅)ႀကိမ္ရရွိထားၿပီး မက္ဆီ က (၇)ႀကိမ္ေျမာက္ရဖို႔ နီးစပ္ေနတာျဖစ္ပါတယ္။