ရော်နယ်ဒိုအကြောင်း မင်းနားမလည်သေးဘူးလို့ ဆိုးလ်ရှားကို‌ ပြောလိုက်တဲ့ ပေါ်တူဂီနည်းပြ

ပေါ်တူဂီ အသင်းနည်းပြ ဖာနန်ဒို ဆန်းတို့စ် က ရော်နယ်ဒို ဟာ အဲဗာတန် နဲ့ ပွဲမှာ ပွဲကစားချိန်အနည်းငယ်ပဲရခဲ့တာကြောင့် ကစားချိန်လိုအပ်တယ်လို့ ပြောလိုက်ပါတယ်။ရော်နယ်ဒို ဟာ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ အဲဗာတန် အသင်းတို့ တစ်ဂိုးစီ သရေကျတဲ့ ပွဲမှာ အံအားသင့်ဖွယ် အရန်ခုံကနေ ပွဲကိုစတင်ခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းနည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန် ကိုယ်တိုင်က UFC ချန်ပီယံဟောင်း ခါဘစ်နဲ့ ဒီပွဲအပြီး စကားပြောဆိုခဲ့ရာမှာ ရော်နယ်ဒို ကို ချန်လှပ်ခဲ့တဲ့ ဆိုးလ်ရှားရဲ့ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပါသေးတယ်။

ရော်နယ်ဒို ဟာ လက်ရှိအချိန်မှာ ပေါ်တူဂီ အသင်းနဲ့ အတူလေ့ကျင့်မှုတွေပြုလုပ်နေတာဖြစ်ပြီး ဒီနေ့မှာ ကာတာ အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ပေါ်တူဂီ အသင်းဟာ ကြားရက်မှာတော့ (၂၀၂၂)ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် လူဇင်ဘတ် အသင်းနဲ့ ကစားရမှာလည်းဖြစ်ပါတယ်။

ပေါ်တူဂီ အသင်းနည်းပြ ကတော့ ရော်နယ်ဒို ဟာ အဲဗာတန် နဲ့ ပွဲမှာ အနားယူခဲ့ရတဲ့ အတွက် ကစားဖို့မိနစ်တွေလိုအပ်တယ်လို့ ပြောဆိုခဲ့တာပါ။ဖာနန်ဒိုဆန်းတို့စ် က “ကာတာနဲ့ ကစားမယ့် ပွဲအကြောင်းတွေးတာက မှတ်တမ်းတွေအတွက် မဟုတ်ပါဘူး။သူက စံချိန်တွေကို အမြဲတမ်းကျော်ဖြတ်အနိုင်ယူနေတဲ့သူပါ”

“သူက ဒါနဲ့ ပတ်သက်ပြီး စိုးရိမ်နေတဲ့သူမဟုတ်ပါဘူး။သူဟာ ကစားချိန်လိုအပ်နေတာကြောင့် ဒီပွဲကို သူကစားသွားပါလိမ့်မယ်။သူနောက်ဆုံး ပွဲချိန်ပြည့်ကစားခဲ့တာကတော့ ချန်ပီယံလိဂ်ပွဲစဉ်ပဲဖြစ်ပါတယ်။သူသာ လူဇင်ဘတ်နဲ့ ပွဲသာ ကစားရမယ်ဆိုရင် သူဟာ ပြင်းပြင်းထန်ထန်မကစားဘဲ (၁၅)ရက်လောက်နေပါလိမ့်မယ်”

“ရော်နယ်ဒို ဟာ ကာတာနဲ့ ကစားဖို့ အလားအလာရှိပါတယ်။ပွဲအစ ဒါမှမဟုတ် ဒုတိယပိုင်းလောက်မှ ပါဝင်ကစားတာဖြစ်ဖြစ်ပေါ့။ဒါမှလည်း လူဇင်ဘတ်နဲ့ ကစားမယ့် ပွဲမှာ ပြိုင်ပွဲအသွင် ရမ်သမ်ဟာလည်း အမြင့်ဆုံးအဆင့်မှာရှိနေမှာပေါ့”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကမှ ဂျုဗင်တပ်စ် ကနေ ရောက်ရှိလာတဲ့ ရော်နယ်ဒို ဟာ မန်ချက်စတာယူနိုက်တက် အတွက် (၆)ပွဲကစားထားပြီး (၅)ဂိုးသွင်းယူထားကာ စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်တလတာ အကောင်းဆုံးကစားသမားဆုကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi

ေပၚတူဂီ အသင္းနည္းၿပ ဖာနန္ဒို ဆန္းတို႔စ္ က ေရာ္နယ္ဒို ဟာ အဲဗာတန္ နဲ႔ ပြဲမွာ ပြဲကစားခ်ိန္အနည္းငယ္ပဲရခဲ့တာေၾကာင့္ ကစားခ်ိန္လိုအပ္တယ္လို႔ ေျပာလိုက္ပါတယ္။ေရာ္နယ္ဒို ဟာ မန္ခ်က္စတာယူနိုက္တက္ အသင္းနဲ႔ အဲဗာတန္ အသင္းတို႔ တစ္ဂိုးစီ သေရက်တဲ့ ပြဲမွာ အံအားသင့္ဖြယ္ အရန္ခုံကေန ပြဲကိုစတင္ခဲ့ရတာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းနည္းျပေဟာင္း ဆာအဲလက္စ္ဖာဂူဆန္ ကိုယ္တိုင္က UFC ခ်န္ပီယံေဟာင္း ခါဘစ္နဲ႔ ဒီပြဲအၿပီး စကားေျပာဆိုခဲ့ရာမွာ ေရာ္နယ္ဒို ကို ခ်န္လွပ္ခဲ့တဲ့ ဆိုးလ္ရွားရဲ့ဆုံးျဖတ္ခ်က္ကို ေဝဖန္ခဲ့ပါေသးတယ္။

ေရာ္နယ္ဒို ဟာ လက္ရွိအခ်ိန္မွာ ေပၚတူဂီ အသင္းနဲ႔ အတူေလ့က်င့္မႈေတြျပဳလုပ္ေနတာျဖစ္ၿပီး ဒီေန႔မွာ ကာတာ အသင္းနဲ႔ ေျခစမ္းပြဲ ယွဥ္ၿပိဳင္မွာျဖစ္ပါတယ္။ေပၚတူဂီ အသင္းဟာ ၾကားရက္မွာေတာ့ (၂၀၂၂)ကမၻာ့ဖလားေျခစစ္ပြဲအျဖစ္ လူဇင္ဘတ္ အသင္းနဲ႔ ကစားရမွာလည္းျဖစ္ပါတယ္။

ေပၚတူဂီ အသင္းနည္းၿပ ကေတာ့ ေရာ္နယ္ဒို ဟာ အဲဗာတန္ နဲ႔ ပြဲမွာ အနားယူခဲ့ရတဲ့ အတြက္ ကစားဖို႔မိနစ္ေတြလိုအပ္တယ္လို႔ ေျပာဆိုခဲ့တာပါ။ဖာနန္ဒိုဆန္းတို႔စ္ က “ကာတာနဲ႔ ကစားမယ့္ ပြဲအေၾကာင္းေတြးတာက မွတ္တမ္းေတြအတြက္ မဟုတ္ပါဘူး။သူက စံခ်ိန္ေတြကို အျမဲတမ္းေက်ာ္ျဖတ္အနိုင္ယူေနတဲ့သူပါ”

“သူက ဒါနဲ႔ ပတ္သက္ၿပီး စိုးရိမ္ေနတဲ့သူမဟုတ္ပါဘူး။သူဟာ ကစားခ်ိန္လိုအပ္ေနတာေၾကာင့္ ဒီပြဲကို သူကစားသြားပါလိမ့္မယ္။သူေနာက္ဆုံး ပြဲခ်ိန္ျပည့္ကစားခဲ့တာကေတာ့ ခ်န္ပီယံလိဂ္ပြဲစဥ္ပဲျဖစ္ပါတယ္။သူသာ လူဇင္ဘတ္နဲ႔ ပြဲသာ ကစားရမယ္ဆိုရင္ သူဟာ ျပင္းျပင္းထန္ထန္မကစားဘဲ (၁၅)ရက္ေလာက္ေနပါလိမ့္မယ္”

“ေရာ္နယ္ဒို ဟာ ကာတာနဲ႔ ကစားဖို႔ အလားအလာရွိပါတယ္။ပြဲအစ ဒါမွမဟုတ္ ဒုတိယပိုင္းေလာက္မွ ပါဝင္ကစားတာျဖစ္ျဖစ္ေပါ့။ဒါမွလည္း လူဇင္ဘတ္နဲ႔ ကစားမယ့္ ပြဲမွာ ၿပိဳင္ပြဲအသြင္ ရမ္သမ္ဟာလည္း အျမင့္ဆုံးအဆင့္မွာရွိေနမွာေပါ့”လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႕ကမွ ဂ်ဳဗင္တပ္စ္ ကေန ေရာက္ရွိလာတဲ့ ေရာ္နယ္ဒို ဟာ မန္ခ်က္စတာယူနိုက္တက္ အတြက္ (၆)ပြဲကစားထားၿပီး (၅)ဂိုးသြင္းယူထားကာ စက္တင္ဘာလအတြက္ ပရီးမီးယားလိဂ္တလတာ အေကာင္းဆုံးကစားသမားဆုကို ရယူနိုင္ခဲ့တာလည္းျဖစ္ပါတယ္။