ဆာလာကိုကျော်ပြီး ရော်နယ်ဒိုက ဘာကိစ္စဆုရတာလဲလို့ ဝေဖန်လိုက်တဲ့ ဂယ်ရီလိုင်နီကာ

အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ ဂန္တဝင်ဟောင်းကြီး ဂယ်ရီလိုင်နီကာက ပြီးခဲ့တဲ့ စက်တင်ဘာအတွက် တစ်လတာ အကောင်းဆုံးကစားသမားဆုကို ရော်နယ်ဒို ဆွတ်ခူးသွားတဲ့အပေါ် ဝေဖန်ပြောကြားလိုက်ပါတယ်။

ရော်နယ်ဒိုဟာ ယူနိုက်တက်ကို ရောက်ရှိလာပြီးပြီးချင်း ပထမဆုံးလမှာပဲ အခုလိုဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး ဂယ်ရီလိုင်နီကာကတော့ လီဗာပူးတိုက်စစ်ကစားသမား ဆာလာက ဒီဆုနဲ့ ပိုမိုထိုက်တန်တယ်လို့ ဝေဖန်ခဲ့တာပါ။

ဂယ်ရီလိုင်နီကာက “ရော်နယ်ဒိုလည်း ကောင်းပါတယ်။ ဒါပေမယ့် ဆာလာကတော့ ဒီဆုကို ပိုပြီး သက်သောင့်သက်သာနဲ့ ရသင့်ပါတယ်” လို့ သူ့ရဲ့တွစ်တာအကောင့်မှာ ရေးသားခဲ့ပါတယ်။ ဆာလာဟာ ပြီးခဲ့တဲ့စက်တင်ဘာအတွင်း ကစားခဲ့တဲ့ အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဥ် (၃) ပွဲလုံးမှာ ဂိုးသွင်းနိုင်ခဲ့ပြီး ရော်နယ်ဒိုရဲ့ ပြီးခဲ့တဲ့လအတွင်း သွင်းဂိုး (၃) ဂိုးနဲ့တူညီခဲ့တာပါ။

ဒီလိုမျိုး ရော်နယ်ဒို ဆွတ်ခူးသွားတဲ့အပေါ် ပရိသတ်အချို့ကလည်း အမြင်မကြည်ဖြစ်နေပါတယ်။ ပရိသတ်တစ်ယောက်ကတော့ “ရော်နယ်ဒိုက ပရီးမီးယားလိဂ်ရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးသွားတယ်ဆိုရင် ဆာလာက ကမ္ဘာ့အကောင်းကစားသမားဖြစ်နေပြီဆိုတာက အရယ်ရဆုံး ဟာသပဲ” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာအတွက် ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးဆုတွေကို မနေ့က ကြေညာခဲ့ပြီး ကစားသမားဆုအတွက် ရော်နယ်ဒို၊ နည်းပြဆုအတွက် အာဆင်နယ်နည်းပြ အာတီတာတို့က ဆွတ်ခူးခဲ့ပါတယ်။