ရော်နယ်ဒိုက ကျန်းမာရေးနဲ့မညီညွှတ်တာတွေ ခိုးခိုးစားတယ်လို့ ဖော်ကောင်လုပ်လိုက်တဲ့ ပေါ်တူဂီအသင်းဖော်

ပေါ်တူဂီနောက်ခံလူ ဖွန်တေက လက်ရွေးစင်အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ အများထင်သလိုမဟုတ်ဘဲ ကျန်းမာရေးနဲ့မညီညွှတ်တဲ့ အစားအသောက်တွေကို စားသောက်လေ့ရှိတယ်လို့ ထုတ်ဖော်ပြောကြားလာပါတယ်။

အသက် (၃၇) နှစ်ရှိပြီဖြစ်တဲ့ ဖွန်တေဟာ ပြီးခဲ့တဲ့ (၂၀၁၄) ကစလို့ ရော်နယ်ဒိုနဲ့အတူ နိုင်ငံလက်ရွေးစင်အသင်းမှာ အတူတွဲကစားခဲ့သူပါ။ ရော်နယ်ဒိုဟာ သူ့ရဲ့အစားအသောက်တွေမှာ အဆီနဲ့သကြားပါဝင်မှုနည်းပါးဖို့ကို အဓိက ဦးစားပေးလေ့ရှိတယ်လို့ ရော်နယ်ဒိုရဲ့ သီးသန့်စားဖိုမှူးကိုယ်တိုင်က ပြောကြားခဲ့ဖူးသလို အသင်းဖော်တွေ၊ ပရိသတ်တွေကလည်း ဒီလိုပဲ နားလည်ထားပါတယ်။

ဒါပေမယ့် ဖွန်တေကတော့ အားလပ်ရက်တွေမှာ ရော်နယ်ဒိုက သူစားချင်တာတွေ စားသောက်လေ့ရှိတဲ့အကြောင်းကို “ရော်နယ်ဒို ဘာတွေစားလဲဆိုတာကို ကျွန်တော် မြင်ဖူးပါတယ်။ ကျွန်တော်တို့က အမြဲတမ်း သူဘာစားတယ်၊ ဘာလုပ်တယ်ဆိုတာကို လိုက်ကြည့်နေတာပါ”

“သူက အကောင်းဆုံးကစားသမားဆိုတာ ခင်ဗျားတို့ သိပြီး သူ လုပ်နေတဲ့အတိုင်း ပုံတူကူးချချင်မှာပါ။ ဘာကြောင့်လဲဆိုတော့ သူက တချို့အရာတွေကို မှန်မှန်ကန်ကန် လုပ်နေလို့လေ။ ပုံမှန်အားဖြင့် သူက ကျန်းမာပြီး သန့်ရှင်းတဲ့အစားအစာတွေကို စားလေ့ရှိပါတယ်။ ဒါပေမယ့် ကြက်ဥတွေ၊ အာလူးတွေ၊ ပန်းပွင့်တွေကိုလည်း သူအများကြီးစားတတ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ပုံမှန်အားဖြင့် အကင်တွေ၊ အာလူးကြော်တွေကို စားသုံးလေ့မရှိဘူးလို့ သိထားပေမယ့် ဖွန်တေကတော့ ရော်နယ်ဒိုအနေနဲ့ ပွဲမရှိတဲ့ရက် ဒါမှမဟုတ် အားလပ်ရက်တွေမှာ အခုလိုမျိုး အကင်နဲ့ အာလူးကြော်တွေ စားသောက်လေ့ရှိတယ်လို့ ဆိုခဲ့တာလည်းဖြစ်ပါတယ်။