အသင်းဖော်ဟောင်းတဦးကို ခေါ်ယူပေးဖို့ ယူနိုက်တက်ကို ပူဆာလိုက်တဲ့ ရော်နယ်ဒို

ရော်နယ်ဒို ကတော့ မန်ချက်စတာနိုက်တက် အသင်းအနေနဲ့ ပေါင်(၈၅)သန်းတန်ကြေးရှိနေတဲ့ အသင်းဖော်ဟောင်းတဦးကို ခေါ်ယူပေးဖို့ မျှော်လင့်နေတယ်လို့ သတင်းတွေက ဖော်ပြလိုက်ပါတယ်။‌ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က မန်ချက်စတာယူနိုက်တက် ကို အံအားသင့်ဖွယ် ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ စက်တင်ဘာလက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃)ပွဲမှာ (၃)ဂိုးသွင်းပြီး ပရီးမီးယားလိဂ်တလတာ အကောင်းဆုံးကစားသမားဆုကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ရော်နယ်ဒို အပါအဝင် မန်ချက်စတာယူနိုက်တက် အသင်းမှာ တိုက်စစ်ကစားသမား အများအပြားရှိနေပေမယ့် ရော်နယ်ဒို ကတော့ ဂျုဗင်တပ်စ် အသင်းက တိုက်စစ်ကစားသမားတဦးကို မန်ချက်စတာကလပ်အသင်းအတွက် ခေါ်ယူစေချင်နေတာပါ။

Calciomercato ရဲ့ဖော်ပြချက်အရ ရော်နယ်ဒို ဟာ ဂျုဗင်တပ်စ် အသင်းရဲ့တိုက်စစ်ကစားသမား ချီဆာ ကို သဘောကျနှစ်သက်နေတာဖြစ်ပြီး ယူရို(၂၀၂၀) ချန်ပီယံကစားသမားကို ယူနိုက်တက်ထံ ပြောင်းရွှေ့လာဖို့ အလိုရှိနေတာဖြစ်ပါတယ်။

ဂျုဗင်တပ်စ် အသင်းဟာ ချီဆာ ကို ဖီအိုရင်တီးနား အသင်းဆီကနေ (၂)နှစ်အငှားစာချုပ်နဲ့ ခေါ်ယူထားတာဖြစ်ပေမယ့် အပြီးသတ်ဝယ်ယူခွင့်ရှိနေတာလည်းဖြစ်ပါတယ်။ဂျုဗင်တပ်စ် အသင်းဟာ ယူရိုသန်း(၅၀)နဲ့ လာမယ့်နွေရာသီမှာ အပြီးသတ်ဝယ်ယူဖို့ မျှော်လင့်ထားတာပါ။

ဒါပေမယ့် ချီဆာ ကတော့ တူရင်ကနေ အဝေးကို ထွက်ခွာဖို့ ချိတ်ဆက်မှုတွေရှိနေခဲ့တာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ နွေရာသီက ချီဆာ ကို ခေါ်ယူဖို့ လီဗာပူးလ် အသင်းနဲ့ ချယ်လ်ဆီး အသင်းတို့က ချိတ်ဆက်မှုတွေရှိခဲ့တာပါ။စီးရီးအေကလပ်ကတော့ ပေါင်(၈၆)သန်းနဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တာဖြစ်ပါတယ်။

ချီဆာ ဟာ ယူရိုပြိုင်ပွဲနဲ့ ဂျုဗင်တပ်စ် အသင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် အနာဂတ်မှာ ဘောလွန်းဒီအောရနိုင်တဲ့သူအဖြစ် တစ်ပေးခြင်းခံနေရတာပါ။

လက်ရှိ မန်ချက်စတာယူနိုက်တက် အသင်းရဲ့တတိုက်စစ်မှာ ရော်နယ်ဒို အပါအဝင် ကာဗာနီ၊ရက်ရှ်ဖိုဒ့်၊ဂရင်းဝုဒ်၊ဆန်ချို၊မာရှယ်၊လင်ဂတ်နဲ့ ဘရူနိုဖာနန်ဒတ်စ် တို့ ကစားနိုင်တာလည်းဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် ကတော့ တိုက်စစ်ပိုင်းအတွက် ဟာလန်း ကို အဓိက ပစ်မှတ်ထားတာဖြစ်ပါတယ်။

Zawgyi

ေရာ္နယ္ဒို ကေတာ့ မန္ခ်က္စတာနိုက္တက္ အသင္းအေနနဲ႔ ေပါင္(၈၅)သန္းတန္ေၾကးရွိေနတဲ့ အသင္းေဖာ္ေဟာင္းတဦးကို ေခၚယူေပးဖို႔ ေမၽွာ္လင့္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပလိုက္ပါတယ္။‌ေရာ္နယ္ဒို ဟာ ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႕က မန္ခ်က္စတာယူနိုက္တက္ ကို အံအားသင့္ဖြယ္ ျပန္လည္ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္ဒို ဟာ စက္တင္ဘာလက ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္(၃)ပြဲမွာ (၃)ဂိုးသြင္းၿပီး ပရီးမီးယားလိဂ္တလတာ အေကာင္းဆုံးကစားသမားဆုကို ရယူနိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ေရာ္နယ္ဒို အပါအဝင္ မန္ခ်က္စတာယူနိုက္တက္ အသင္းမွာ တိုက္စစ္ကစားသမား အမ်ားအျပားရွိေနေပမယ့္ ေရာ္နယ္ဒို ကေတာ့ ဂ်ဳဗင္တပ္စ္ အသင္းက တိုက္စစ္ကစားသမားတဦးကို မန္ခ်က္စတာကလပ္အသင္းအတြက္ ေခၚယူေစခ်င္ေနတာပါ။

Calciomercato ရဲ့ေဖာ္ျပခ်က္အရ ေရာ္နယ္ဒို ဟာ ဂ်ဳဗင္တပ္စ္ အသင္းရဲ့တိုက္စစ္ကစားသမား ခ်ီဆာ ကို သေဘာက်ႏွစ္သက္ေနတာျဖစ္ၿပီး ယူရို(၂၀၂၀) ခ်န္ပီယံကစားသမားကို ယူနိုက္တက္ထံ ေျပာင္းေရႊ႕လာဖို႔ အလိုရွိေနတာျဖစ္ပါတယ္။

ဂ်ဳဗင္တပ္စ္ အသင္းဟာ ခ်ီဆာ ကို ဖီအိုရင္တီးနား အသင္းဆီကေန (၂)ႏွစ္အငွားစာခ်ဳပ္နဲ႔ ေခၚယူထားတာျဖစ္ေပမယ့္ အၿပီးသတ္ဝယ္ယူခြင့္ရွိေနတာလည္းျဖစ္ပါတယ္။ဂ်ဳဗင္တပ္စ္ အသင္းဟာ ယူရိုသန္း(၅၀)နဲ႔ လာမယ့္ေႏြရာသီမွာ အၿပီးသတ္ဝယ္ယူဖို႔ ေမၽွာ္လင့္ထားတာပါ။

ဒါေပမယ့္ ခ်ီဆာ ကေတာ့ တူရင္ကေန အေဝးကို ထြက္ခြာဖို႔ ခ်ိတ္ဆက္မႈေတြရွိေနခဲ့တာလည္းျဖစ္ပါတယ္။ၿပီးခဲ့တဲ့ ေႏြရာသီက ခ်ီဆာ ကို ေခၚယူဖို႔ လီဗာပူးလ္ အသင္းနဲ႔ ခ်ယ္လ္ဆီး အသင္းတို႔က ခ်ိတ္ဆက္မႈေတြရွိခဲ့တာပါ။စီးရီးေအကလပ္ကေတာ့ ေပါင္(၈၆)သန္းနဲ႔ ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့တာျဖစ္ပါတယ္။

ခ်ီဆာ ဟာ ယူရိုၿပိဳင္ပြဲနဲ႔ ဂ်ဳဗင္တပ္စ္ အသင္းမွာ ျပသခဲ့တဲ့ ေျခစြမ္းေတြေၾကာင့္ အနာဂတ္မွာ ေဘာလြန္းဒီေအာရနိုင္တဲ့သူအျဖစ္ တစ္ေပးျခင္းခံေနရတာပါ။

လက္ရွိ မန္ခ်က္စတာယူနိုက္တက္ အသင္းရဲ့တတိုက္စစ္မွာ ေရာ္နယ္ဒို အပါအဝင္ ကာဗာနီ၊ရက္ရွ္ဖိုဒ့္၊ဂရင္းဝုဒ္၊ဆန္ခ်ိဳ၊မာရွယ္၊လင္ဂတ္နဲ႔ ဘ႐ူနိုဖာနန္ဒတ္စ္ တို႔ ကစားနိုင္တာလည္းျဖစ္ပါတယ္။မန္ခ်က္စတာယူနိုက္တက္ ကေတာ့ တိုက္စစ္ပိုင္းအတြက္ ဟာလန္း ကို အဓိက ပစ္မွတ္ထားတာျဖစ္ပါတယ္။