ကမ္ဘာ့အဆင့်ကစားသမားတွေခေါ်ပြီး ကြမ်းမယ့် အစီအစဉ်အသေးစိတ်ချပြလိုက်တဲ့ ငှက်ကျားပိုင်ရှင်သစ်

နယူးကာဆယ် အသင်း ပိုင်ရှင်သစ်တွေထဲက တဦးအပါအဝင်ဖြစ်တဲ့ အာမန်ဒါစတေ့ဗ်လေ က အသင်းကို ဆုဖလားတွေရယူဖို့ တိုက်ပွဲဝင်နိုင်ရန် အားဖြည့်တဲ့ အနေနဲ့ ကမ္ဘာ့အဆင့် ကစားသမားတွေကို လတ်မှတ်ထိုးခေါ်ယူမှာဖြစ်တယ်လို့ ကတိပေးလိုက်ပါတယ်။

ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမတ်ဘင်ဆယ်လ်မန်ရဲ့ကျောထောက်နောက်ခံနဲ့ နယူးကာဆယ် အသင်းကို PIF အစုအဖွဲ့က ပေါင်(၃၀၅)သန်းနဲ့ ကြာသပတေးနေ့က ပိုင်ရှင်ဟောင်း မိုက်အက်ရှ်လေဆီကနေ လွှဲပြောင်းဝယ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပိုင်ရှင် အသစ်တွေက‌တော့ ကလပ်အသင်းကို အကြီးအကျယ်ရင်းနှီးမြုပ်နှံမှုတွေပြုလုပ်မှာဖြစ်တယ်လို့ ကတိပေးထားတာဖြစ်ပြီး စတေ့ဗ်လေ ကလည်း ကြွယ်ပွင့်ကစားသမားတွေရောက်လာမယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။

“ကျွန်မတို့က ကမ္ဘာအဆင့်ကစားသမားတွေကို ယှဉ်ပြိုင်ပြီး ခေါ်ယူဖို့ ဈေးကွက်ထဲမှာ ရှိနေပါတယ်။ကျွန်မတို့မှာ ကြီးမားတဲ့ ရည်မှန်းချက်တွေရှိပါတယ်။အဲ့ဒါက နယူးကာဆယ် အတွက် ကစားပွဲအပြောင်းအလဲဖြစ်သွားလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”

“လေ့ကျင့်ရေးကွင်းက တကယ်ကို ကြောက်ဖို့ကောင်းပြီး ရင်းနှီးမြုပ်နှံမှုပမဏကြီးကြီးမားမားလိုအပ်ပါတယ်။ကံကောင်းစွာနဲ့ပဲ ဒါဟာ ဘဏ္ဍာရေးမျှခြေစည်းမျဉ်းအားဖြင့် ကျွန်မတို့ ကန့်သတ်မထားတဲ့ ဧရိယာဖြစ်ပါတယ်။သူတို့လေ့ကျင့်ဖို့ နေရာမရှိဘူးဆိုရင် ထူးချွန်ကောင်းမွန်တဲ့ ကစားသမားတွေ ပိုင်ဆိုင်ဖို့ကလည်း အရေးမကြီးပါဘူး”

“ပရီးမီးယားလိဂ်ရဲ့ထိပ်ဆုံးရောက်ဖို့ဆိုရင် အလွန်ကောင်းမွန်တဲ့ ကစားသမားတွေသာမကဘဲ ခိုင်မာတဲ့ အခြေခံတွေလည်းလိုအပ်ပါတယ်။သူတို့တွေဟာ တောင့်တင်းခိုင်မာဖို့ လိုအပ်ပြီး ကျွန်မတို့ က အဲ့ဒါတွေကို တည်ဆောက်ဖို့လိုပါတယ်။”

“စိန့်ဂျိမ်းပါတ်ခ့်မှာလည်း ရင်းနှီးမြုပ်နှံချင်ပါတယ်။ဒါကိုတော့ အနည်းငယ်ပိုပြီးချစ်ဖို့လိုတာပေ့ါ”လို့ ဆိုခဲ့တာဖြစ်ပါတယ်။နယူးကာဆယ် အသင်းဟာ ပိုင်ရှင်အသစ်ရောက်လာပြီးနောက် အင်မိုဘိုင်း၊အိုင်ကာဒီ၊ကော်တင်ဟိုနဲ့ ကူလီဘာလီ အစရှိတဲ့ ကစားသမား‌တွေဟာ ကလပ်ရဲ့ပစ်မှတ်တွေအဖြစ် နာမည်ထွက်ခဲ့ပါတယ်။

ဒါ့အပြင် ကွန်တီ ကိုလည်း စတိဗ်ဘရုစ် နေရာမှာအစားထိုးဖို့ ဖော်ပြနေကြတာလည်းဖြစ်ပါတယ်။

Zawgyi

နယူးကာဆယ္ အသင္း ပိုင္ရွင္သစ္ေတြထဲက တဦးအပါအဝင္ျဖစ္တဲ့ အာမန္ဒါစေတ့ဗ္ေလ က အသင္းကို ဆုဖလားေတြရယူဖို႔ တိုက္ပြဲဝင္နိုင္ရန္ အားျဖည့္တဲ့ အေနနဲ႔ ကမၻာ့အဆင့္ ကစားသမားေတြကို လတ္မွတ္ထိုးေခၚယူမွာျဖစ္တယ္လို႔ ကတိေပးလိုက္ပါတယ္။

ေဆာ္ဒီအိမ္ေရွ႕မင္းသား မိုဟာမတ္ဘင္ဆယ္လ္မန္ရဲ့ေက်ာေထာက္ေနာက္ခံနဲ႔ နယူးကာဆယ္ အသင္းကို PIF အစုအဖြဲ႕က ေပါင္(၃၀၅)သန္းနဲ႔ ၾကာသပေတးေန႔က ပိုင္ရွင္ေဟာင္း မိုက္အက္ရွ္ေလဆီကေန လႊဲေျပာင္းဝယ္ယူနိုင္ခဲ့တာျဖစ္ပါတယ္။

ပိုင္ရွင္ အသစ္ေတြက‌ေတာ့ ကလပ္အသင္းကို အႀကီးအက်ယ္ရင္းႏွီးျမဳပ္ႏွံမႈေတြျပဳလုပ္မွာျဖစ္တယ္လို႔ ကတိေပးထားတာျဖစ္ၿပီး စေတ့ဗ္ေလ ကလည္း ႂကြယ္ပြင့္ကစားသမားေတြေရာက္လာမယ္လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

“ကၽြန္မတို႔က ကမၻာအဆင့္ကစားသမားေတြကို ယွဥ္ၿပိဳင္ၿပီး ေခၚယူဖို႔ ေဈးကြက္ထဲမွာ ရွိေနပါတယ္။ကၽြန္မတို႔မွာ ႀကီးမားတဲ့ ရည္မွန္းခ်က္ေတြရွိပါတယ္။အဲ့ဒါက နယူးကာဆယ္ အတြက္ ကစားပြဲအေျပာင္းအလဲျဖစ္သြားလိမ့္မယ္လို႔ ေမၽွာ္လင့္ထားပါတယ္”

“ေလ့က်င့္ေရးကြင္းက တကယ္ကို ေၾကာက္ဖို႔ေကာင္းၿပီး ရင္းႏွီးျမဳပ္ႏွံမႈပမဏႀကီးႀကီးမားမားလိုအပ္ပါတယ္။ကံေကာင္းစြာနဲ႔ပဲ ဒါဟာ ဘ႑ာေရးမၽွေျခစည္းမ်ဥ္းအားျဖင့္ ကၽြန္မတို႔ ကန႔္သတ္မထားတဲ့ ဧရိယာျဖစ္ပါတယ္။သူတို႔ေလ့က်င့္ဖို႔ ေနရာမရွိဘူးဆိုရင္ ထူးခၽြန္ေကာင္းမြန္တဲ့ ကစားသမားေတြ ပိုင္ဆိုင္ဖို႔ကလည္း အေရးမႀကီးပါဘူး”

“ပရီးမီးယားလိဂ္ရဲ့ထိပ္ဆုံးေရာက္ဖို႔ဆိုရင္ အလြန္ေကာင္းမြန္တဲ့ ကစားသမားေတြသာမကဘဲ ခိုင္မာတဲ့ အေျခခံေတြလည္းလိုအပ္ပါတယ္။သူတို႔ေတြဟာ ေတာင့္တင္းခိုင္မာဖို႔ လိုအပ္ၿပီး ကၽြန္မတို႔ က အဲ့ဒါေတြကို တည္ေဆာက္ဖို႔လိုပါတယ္။”

“စိန႔္ဂ်ိမ္းပါတ္ခ့္မွာလည္း ရင္းႏွီးျမဳပ္ႏွံခ်င္ပါတယ္။ဒါကိုေတာ့ အနည္းငယ္ပိုၿပီးခ်စ္ဖို႔လိုတာေပ့ါ”လို႔ ဆိုခဲ့တာျဖစ္ပါတယ္။နယူးကာဆယ္ အသင္းဟာ ပိုင္ရွင္အသစ္ေရာက္လာၿပီးေနာက္ အင္မိုဘိုင္း၊အိုင္ကာဒီ၊ေကာ္တင္ဟိုနဲ႔ ကူလီဘာလီ အစရွိတဲ့ ကစားသမား‌ေတြဟာ ကလပ္ရဲ့ပစ္မွတ္ေတြအျဖစ္ နာမည္ထြက္ခဲ့ပါတယ္။

ဒါ့အျပင္ ကြန္တီ ကိုလည္း စတိဗ္ဘ႐ုစ္ ေနရာမွာအစားထိုးဖို႔ ေဖာ္ျပေနၾကတာလည္းျဖစ္ပါတယ္။