ကာတာနဲ့ ပွဲမှာ ဂိုးသွင်းပြီး ဘယ်သူမလုပ်နိုင်သေးတဲ့ အရာကိုလုပ်ပြသွားပြန်တဲ့ ရော်နယ်ဒို

ပေါ်တူဂီ အသင်းခေါင်းဆောင် ရော်နယ်ဒို ဟာ ကာတာ အသင်းကို အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ ပေါ်တူဂီ အသင်းအတွက် ပွဲစတည်းက ပွဲထွက်ခွင့်ရခဲ့ပြီး အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ဒီပွဲမှာ ပေါ်တူဂီ အသင်းက ကာတာ အသင်းကို (၃)ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီ အသင်းအတွက် ဂိုးတွေကို ရော်နယ်ဒို၊ဖွန်တီနဲ့ အန်ဒရီဆေးလ်ဗား တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။ဒီ(၂)သင်းဟာ ပြီးခဲ့တဲ့လကလည်း ခြေစမ်းပွဲကစားခဲ့ရာ ပေါ်တူဂီ အသင်းက (၃)ဂိုး-(၁)ဂိုးအနိုင်ရခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ ဒီပွဲမှာ ပေါ်တူဂီ အသင်းအတွက် တဂိုးသွင်းယူခဲ့တာကြောင့် နိုင်ငံတကာသွင်းဂိုး (၁၁၂)ဂိုးရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။ဒါ့အပြင် ပေါ်တူဂီ ကစားသမားဟာ ဒီပွဲမှာ ပါဝင်ကစားခဲ့တာကြောင့် လက်ရွေးစင် ကစားသမားဘဝ ပွဲပေါင်း(၁၈၁)ပွဲရှိသွားခဲ့တာပါ။

အဲ့ဒါကြောင့် ရော်နယ်ဒို ဟာ ဥရောပရဲ့လက်ရွေး စင် ပွဲအရေအတွက်အများဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက် ကစားသမားဟာ ကာတာ အသင်းကို ဂိုးသွင်းယူနိုင်ခဲ့တာဟာ သူ့ရဲ့ကစားသမားဘဝမှာ မတူညီတဲ့ (၄၆)သင်းမြောက်ကို ဂိုးသွင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့ဟာ ဘယ်ကစားသမားကမှ မသွင်းယူနိုင်‌သေးတဲ့ မှတ်တမ်းဖြစ်ပြီး ရော်နယ်ဒို က ပထမဆုံး ကစားသမားလည်းဖြစ်ခဲ့တာပါ။ရော်နယ်ဒို ဟာ ပေါ်တူဂီ အတွက် နောက်ဆုံးကစားခဲ့တဲ့ (၄၅)ပွဲမှာ (၄၇)ဂိုးမြောက်ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ ဒီဂိုးတွေကြောင့် ကစားသမားဘဝသွင်းဂိုး(၇၉၁)ဂိုးအထိ ရှိလာပြီလည်းဖြစ်ပါတယ်။ရော်နယ်ဒို ဟာ ဒီပွဲစဉ်ရဲ့ဒုတိယပိုင်းမှာတော့ လူစားလဲပြီး လာမယ့်ပွဲအတွက် အနားပေးခံခဲ့ရတာဖြစ်ပါတယ်။

ပေါ်တူဂီ အသင်းဟာ ကြားရက်မှာတော့ လူဇင်ဘတ် အသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်မှာလည်း ဖြစ်ပါတယ်။ပေါ်တူဂီ အသင်းဟာ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲ(၅)ပွဲကစားပြီးအချိန်မှာ (၄)ပွဲနိုင်(၁)ပွဲသရေနဲ့ အုပ်စုတွင်း ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Zawgyi

ေပၚတူဂီ အသင္းေခါင္းေဆာင္ ေရာ္နယ္ဒို ဟာ ကာတာ အသင္းကို အနိုင္ရခဲ့တဲ့ ေျခစမ္းပြဲမွာ ေပၚတူဂီ အသင္းအတြက္ ပြဲစတည္းက ပြဲထြက္ခြင့္ရခဲ့ၿပီး အဖြင့္ဂိုးသြင္းယူေပးနိုင္ခဲ့ပါတယ္။ဒီပြဲမွာ ေပၚတူဂီ အသင္းက ကာတာ အသင္းကို (၃)ဂိုး-ဂိုးမရွိနဲ႔ ဂိုးျပတ္အနိုင္ရခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီ အသင္းအတြက္ ဂိုးေတြကို ေရာ္နယ္ဒို၊ဖြန္တီနဲ႔ အန္ဒရီေဆးလ္ဗား တို႔က သြင္းယူခဲ့တာျဖစ္ပါတယ္။ဒီ(၂)သင္းဟာ ၿပီးခဲ့တဲ့လကလည္း ေျခစမ္းပြဲကစားခဲ့ရာ ေပၚတူဂီ အသင္းက (၃)ဂိုး-(၁)ဂိုးအနိုင္ရခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္ဒို ဟာ ဒီပြဲမွာ ေပၚတူဂီ အသင္းအတြက္ တဂိုးသြင္းယူခဲ့တာေၾကာင့္ နိုင္ငံတကာသြင္းဂိုး (၁၁၂)ဂိုးရွိသြားခဲ့ၿပီလည္းျဖစ္ပါတယ္။ဒါ့အျပင္ ေပၚတူဂီ ကစားသမားဟာ ဒီပြဲမွာ ပါဝင္ကစားခဲ့တာေၾကာင့္ လက္ေရြးစင္ ကစားသမားဘဝ ပြဲေပါင္း(၁၈၁)ပြဲရွိသြားခဲ့တာပါ။

အဲ့ဒါေၾကာင့္ ေရာ္နယ္ဒို ဟာ ဥေရာပရဲ့လက္ေရြး စင္ ပြဲအေရအတြက္အမ်ားဆုံး ကစားသမားအျဖစ္လည္း မွတ္တမ္းဝင္ခဲ့ပါတယ္။မန္ခ်က္စတာယူနိုက္တက္ ကစားသမားဟာ ကာတာ အသင္းကို ဂိုးသြင္းယူနိုင္ခဲ့တာဟာ သူ႔ရဲ့ကစားသမားဘဝမွာ မတူညီတဲ့ (၄၆)သင္းေျမာက္ကို ဂိုးသြင္းနိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဒါ့ဟာ ဘယ္ကစားသမားကမွ မသြင္းယူနိုင္‌ေသးတဲ့ မွတ္တမ္းျဖစ္ၿပီး ေရာ္နယ္ဒို က ပထမဆုံး ကစားသမားလည္းျဖစ္ခဲ့တာပါ။ေရာ္နယ္ဒို ဟာ ေပၚတူဂီ အတြက္ ေနာက္ဆုံးကစားခဲ့တဲ့ (၄၅)ပြဲမွာ (၄၇)ဂိုးေျမာက္ဂိုးသြင္းယူနိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ေရာ္နယ္ဒို ဟာ ဒီဂိုးေတြေၾကာင့္ ကစားသမားဘဝသြင္းဂိုး(၇၉၁)ဂိုးအထိ ရွိလာၿပီလည္းျဖစ္ပါတယ္။ေရာ္နယ္ဒို ဟာ ဒီပြဲစဥ္ရဲ့ဒုတိယပိုင္းမွာေတာ့ လူစားလဲၿပီး လာမယ့္ပြဲအတြက္ အနားေပးခံခဲ့ရတာျဖစ္ပါတယ္။

ေပၚတူဂီ အသင္းဟာ ၾကားရက္မွာေတာ့ လူဇင္ဘတ္ အသင္းနဲ႔ ကမၻာ့ဖလားေျခစစ္ပြဲ ယွဥ္ၿပိဳင္မွာလည္း ျဖစ္ပါတယ္။ေပၚတူဂီ အသင္းဟာ (၂၀၂၂) ကမၻာ့ဖလားေျခစစ္ပြဲ(၅)ပြဲကစားၿပီးအခ်ိန္မွာ (၄)ပြဲနိုင္(၁)ပြဲသေရနဲ႔ အုပ္စုတြင္း ဒုတိယေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။