ကလေးကို အခွင့်အရေးပေးပါဆိုပြီး ရုန်းကန်နေရတဲ့ ယူနိုက်တက်ကြယ်ပွင့်ကို ကာကွယ်ပေးတဲ့ ရွိုင်ကိန်း

မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်းနဲ့ ဘောလုံးပွဲဝေဖန်သုံးသပ်သူပြုလုပ်နေတဲ့ ရွိုင်ကိန်းက အခုရာသီ အသင်းရဲ့ဈေးအကြီးဆုံး ခေါ်ယူထားတဲ့ ဆန်ချိုကို စိတ်ရှည်သည်းခံပေးဖို့ ဝေဖန်သူတွေကို တိုက်တွန်းလိုက်ပါတယ်။

အသက်(၂၁)နှစ်အရွယ်ရှိ ဆန်ချို ကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ရာသီတည်းက ကြိုးပမ်းခဲ့တာဖြစ်ပြီး အခုရာသီကျမှ ပေါင်(၇၂)သန်းနဲ့ ဒေါ့မွန် အသင်းကနေ ခေါ်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဆန်ချို ဟာ မန်ချက်စတာယူနိုက်တက် အသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရချိန်မှာ ရော်နယ်ဒို အသင်းကို ရောက်ရှိလာခဲ့တာကြောင့် ပုံမှန်ပွဲထွက်ခွင့်‌ရဖို့ တောင် ခက်ခဲတဲ့ အခြေအနေကိုရောက်ရှိသွားခဲ့တာလည်းဖြစ်ပါတယ်။

ဆန်ချို ဟာ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ဂိုးဖန်တီးနိုင်ခြင်းလည်းမရှိသလို ဂိုးလည်းသွင်းယူနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ဒါပေမယ့် ဆန်ချို ဟာ အန်ဒိုရာ နဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား‌‌ ခြေစစ်ပွဲမှာ အင်္ဂလန်အသင်းရဲ့ပွဲထွက်လူစာရင်းမှာပါဝင်ခဲ့တာပါ။

ဆန်ချို ဟာ ဒီပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး လက်ရွေးစင် အသင်းအတွက် သွင်းဂိုး(၂)ဂိုးဖန်တီးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ရွိုင်ကိန်း က “သူဟာ ဖြေးဖြေးချင်းစတင်ခဲ့တာ သေချာပါတယ်။ဒေါ့မွန် အတွက် ကောင်းတာတခုကတော့ မျှော်လင့်ချက်တွေ မတူညီတဲ့ ယူနိုက်တက် ကို သွားနေတဲ့ ကွဲပြားခြားနားတဲ့ သားကောင်လိုပါပဲ”

“သူဟာ မကြာသေးခင်က ရော်နယ်ဒို ရောက်လာတာနဲ့ အတူ အနည်းငယ်သူ့ရဲ့အရိပ်ဖြစ်သွားပါတယ်။ဒါပေမယ့် ကျွန်တော်ကတော့ ဒီကလေးကို အမြဲတမ်းအခွင့်အရေးပေးပါတယ်။သူဒီကိုရောက်တာ လအနည်းငယ်ပဲရှိပါသေးတယ်။ကလေးကို အခွင့်အရေးပေးပါ”လို့ ဆိုခဲ့ပါတယ်။

ဝေဖန်သုံးသပ်သူနဲ့ အင်္ဂလန်တိုက်စစ်မှုးဟောင်း ဒီဖိုးကလည်း “ဆန်ချိုအကြောင်းပြောစရာတွေအများကြီးရှိပါတယ်။သူဟာ (၂၁)နှစ်သာရှိသေးပြီး မတူညီတဲ့ လိဂ်က ရောက်ရှိလာခဲ့ပါတယ်”

“မျှော်လင့်ချက်တွေအများကြီးထားခံရတယ်၊ပြောင်းရွှေ့ကြေး ကြီးကြီးမားမားရှိခဲ့တယ်။သူဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ကလပ်တွေထဲက တသင်းကို ရောက်လာတာပါ။အဲ့ဒါကြောင့် အချိန်ယူရပါမယ်”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္ ကစားသမားေဟာင္းနဲ႔ ေဘာလုံးပြဲေဝဖန္သုံးသပ္သူျပဳလုပ္ေနတဲ့ ရြိဳင္ကိန္းက အခုရာသီ အသင္းရဲ့ေဈးအႀကီးဆုံး ေခၚယူထားတဲ့ ဆန္ခ်ိဳကို စိတ္ရွည္သည္းခံေပးဖို႔ ေဝဖန္သူေတြကို တိုက္တြန္းလိုက္ပါတယ္။

အသက္(၂၁)ႏွစ္အရြယ္ရွိ ဆန္ခ်ိဳ ကို ေခၚယူဖို႔ မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ၿပီးခဲ့တဲ့ ရာသီတည္းက ႀကိဳးပမ္းခဲ့တာျဖစ္ၿပီး အခုရာသီက်မွ ေပါင္(၇၂)သန္းနဲ႔ ေဒါ့မြန္ အသင္းကေန ေခၚယူနိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဆန္ခ်ိဳ ဟာ မန္ခ်က္စတာယူနိုက္တက္ အသင္းမွာ ေျခစြမ္းျပသနိုင္ဖို႔ ႐ုန္းကန္ေနရခ်ိန္မွာ ေရာ္နယ္ဒို အသင္းကို ေရာက္ရွိလာခဲ့တာေၾကာင့္ ပုံမွန္ပြဲထြက္ခြင့္‌ရဖို႔ ေတာင္ ခက္ခဲတဲ့ အေျခအေနကိုေရာက္ရွိသြားခဲ့တာလည္းျဖစ္ပါတယ္။

ဆန္ခ်ိဳ ဟာ ဒီရာသီမွာ မန္ခ်က္စတာယူနိုက္တက္ အသင္းအတြက္ ဂိုးဖန္တီးနိုင္ျခင္းလည္းမရွိသလို ဂိုးလည္းသြင္းယူနိုင္ျခင္းမရွိေသးတာျဖစ္ပါတယ္။ဒါေပမယ့္ ဆန္ခ်ိဳ ဟာ အန္ဒိုရာ နဲ႔ ကစားခဲ့တဲ့ ကမၻာ့ဖလား‌‌ ေျခစစ္ပြဲမွာ အဂၤလန္အသင္းရဲ့ပြဲထြက္လူစာရင္းမွာပါဝင္ခဲ့တာပါ။

ဆန္ခ်ိဳ ဟာ ဒီပြဲမွာ ေျခစြမ္းျပသနိုင္ခဲ့ၿပီး လက္ေရြးစင္ အသင္းအတြက္ သြင္းဂိုး(၂)ဂိုးဖန္တီးနိုင္ခဲ့တာလည္းျဖစ္ပါတယ္။ရြိဳင္ကိန္း က “သူဟာ ေျဖးေျဖးခ်င္းစတင္ခဲ့တာ ေသခ်ာပါတယ္။ေဒါ့မြန္ အတြက္ ေကာင္းတာတခုကေတာ့ ေမၽွာ္လင့္ခ်က္ေတြ မတူညီတဲ့ ယူနိုက္တက္ ကို သြားေနတဲ့ ကြဲျပားျခားနားတဲ့ သားေကာင္လိုပါပဲ”

“သူဟာ မၾကာေသးခင္က ေရာ္နယ္ဒို ေရာက္လာတာနဲ႔ အတူ အနည္းငယ္သူ႔ရဲ့အရိပ္ျဖစ္သြားပါတယ္။ဒါေပမယ့္ ကၽြန္ေတာ္ကေတာ့ ဒီကေလးကို အျမဲတမ္းအခြင့္အေရးေပးပါတယ္။သူဒီကိုေရာက္တာ လအနည္းငယ္ပဲရွိပါေသးတယ္။ကေလးကို အခြင့္အေရးေပးပါ”လို႔ ဆိုခဲ့ပါတယ္။

ေဝဖန္သုံးသပ္သူနဲ႔ အဂၤလန္တိုက္စစ္မႈးေဟာင္း ဒီဖိုးကလည္း “ဆန္ခ်ိဳအေၾကာင္းေျပာစရာေတြအမ်ားႀကီးရွိပါတယ္။သူဟာ (၂၁)ႏွစ္သာရွိေသးၿပီး မတူညီတဲ့ လိဂ္က ေရာက္ရွိလာခဲ့ပါတယ္”

“ေမၽွာ္လင့္ခ်က္ေတြအမ်ားႀကီးထားခံရတယ္၊ေျပာင္းေရႊ႕ေၾကး ႀကီးႀကီးမားမားရွိခဲ့တယ္။သူဟာ ကမၻာေပၚမွာ အႀကီးမားဆုံး ကလပ္ေတြထဲက တသင္းကို ေရာက္လာတာပါ။အဲ့ဒါေၾကာင့္ အခ်ိန္ယူရပါမယ္”လို႔ ဆိုခဲ့တာျဖစ္ပါတယ္။