ဟာလန်းကို ခေါ်ဖို့ အပြန်အလှန်သဘောတူညီမှုရရှိထားပြီးဖြစ်တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက် နည်းပြ ဆိုးလ်ရှားနဲ့ ဘောလုံးဒါရိုက်တာ ဂျွန်မာတော့ခ်ျ တို့ ဟာ လာမယ့်နွေရာသီအတွက် သူတို့ရဲ့အပြောင်းအရွှေ့အစီအစဉ်အကြောင်းကို ဆွေးနွေးနေပြီလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့က ရော်နယ်ဒို၊ဗာရာနီ နဲ့ ဆန်ချို တို့လို ထိပ်တန်းကစားသမားတွေကို ခေါ်ယူအားဖြည့်ခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒို ကတော့ အသင်းအတွက် (၅)ဂိုးသွင်းယူထားပြီး ခြေစွမ်းပြသနေတာလည်းဖြစ်ပါတယ်။

ရော်နယ်‌ဒို ကတော့ အသက်(၄၀)အရွယ်ထိ သူကစားနိုင်သေးတယ်လို့ ပြောဆိုထားပြီး တိုက်စစ်ကို ရေရှည်ဦးဆောင်နိုင်ဖို့ ရှိနေသေးတာလည်းဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ဟာရီကိန်းနဲ့ ပတ်သက်ပြီး သတင်းတွေထွက်ခဲ့ပေမယ့် တကယ်တမ်းကြိုးစားခဲ့တာကတော့ မန်စီးတီး အသင်းဖြစ်ပါတယ်။

မန်ချက်စတာညနေခင်း သတင်းမှာတော့ ဆိုးလ်ရှား နဲ့ ဂျွန်မာတော့ခ်ျ တို့ က ဒေါ့မွန် တိုက်စစ်မှုး ဟာလန်း ဟာ ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှုဖြစ်တယ်ဆိုတာကို အပြန်အလှန်သဘောတူညီမှုရရှိခဲ့တယ်လို့ ဆိုထားတာပါ။

မန်ချက်စတာယူနိုက်တက် အသင်းဟာ (၂၀၁၉) ဆောင်းရာသီက ဟာလန်း ကို ဆဲလ်ဘတ် အသင်းဆီကနေ ခေါ်ယူဖို့ အခွင့်အရေးရခဲ့ပေမယ့် ကစားသမားက ဒေါ့မွန်ကို ပြောင်းရွှေ့ဖို့ ရွေးချယ်သွားခဲ့တာဖြစ်ပါတယ်။

နော်ဝေးတိုက်စစ်မှုးဟာ အသက်(၂၁)အရွယ်သာရှိသေးပေမယ့် ဒေါ့မွန် အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြသနေတာကြောင့် အသင်းကြီးတွေရဲ့မျက်စိကျခြင်းကို ခံနေရတာပါ။ဟာလန်း ဟာ ဒေါ့မွန် အသင်းအတွက် (၆၇)ပွဲကစားထားပြီး (၆၈)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာတော့ ဟာလန်း နဲ့ ဒေါ့မွန် တို့ ချုပ်ဆိုထားတဲ့ စာချုပ်အရ စာချုပ်ဖျက်သိမ်းကြေး ယူရို(၇၅)သန်းကလည်း အသက်ဝင်လာမှာဖြစ်တာကြောင့် အသင်းကြီးတွေ အပြိုင်အဆိုင် ခေါ်ယူဖို့ ချိတ်ဆက်ကြတော့မှာပါ။

မန်ချက်စတာယူနိုက်တက် အသင်းဟာ လာမယ့်နွေရာသီမှာ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ကာဗာနီ နဲ့ မာရှယ် တို့ကို ဆုံးရှုံးရဖွယ်ရှိနေတာကြောင့် တိုက်စစ်ပိုင်းအတွက် မဖြစ်မနေ လှုပ်ရှားဖွယ်ရှိနေတာဖြစ်ပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္ နည္းၿပ ဆိုးလ္ရွားနဲ႔ ေဘာလုံးဒါရိုက္တာ ဂၽြန္မာေတာ့ခ္် တို႔ ဟာ လာမယ့္ေႏြရာသီအတြက္ သူတို႔ရဲ့အေျပာင္းအေရႊ႕အစီအစဥ္အေၾကာင္းကို ေဆြးေႏြးေနၿပီလည္းျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕က ေရာ္နယ္ဒို၊ဗာရာနီ နဲ႔ ဆန္ခ်ိဳ တို႔လို ထိပ္တန္းကစားသမားေတြကို ေခၚယူအားျဖည့္ခဲ့တာျဖစ္ပါတယ္။ေရာ္နယ္ဒို ကေတာ့ အသင္းအတြက္ (၅)ဂိုးသြင္းယူထားၿပီး ေျခစြမ္းျပသေနတာလည္းျဖစ္ပါတယ္။

ေရာ္နယ္‌ဒို ကေတာ့ အသက္(၄၀)အရြယ္ထိ သူကစားနိုင္ေသးတယ္လို႔ ေျပာဆိုထားၿပီး တိုက္စစ္ကို ေရရွည္ဦးေဆာင္နိုင္ဖို႔ ရွိေနေသးတာလည္းျဖစ္ပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ဟာရီကိန္းနဲ႔ ပတ္သက္ၿပီး သတင္းေတြထြက္ခဲ့ေပမယ့္ တကယ္တမ္းႀကိဳးစားခဲ့တာကေတာ့ မန္စီးတီး အသင္းျဖစ္ပါတယ္။

မန္ခ်က္စတာညေနခင္း သတင္းမွာေတာ့ ဆိုးလ္ရွား နဲ႔ ဂၽြန္မာေတာ့ခ္် တို႔ က ေဒါ့မြန္ တိုက္စစ္မႈး ဟာလန္း ဟာ ပိုမိုေကာင္းမြန္တဲ့ ေရြးခ်ယ္မႈျဖစ္တယ္ဆိုတာကို အျပန္အလွန္သေဘာတူညီမႈရရွိခဲ့တယ္လို႔ ဆိုထားတာပါ။

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ (၂၀၁၉) ေဆာင္းရာသီက ဟာလန္း ကို ဆဲလ္ဘတ္ အသင္းဆီကေန ေခၚယူဖို႔ အခြင့္အေရးရခဲ့ေပမယ့္ ကစားသမားက ေဒါ့မြန္ကို ေျပာင္းေရႊ႕ဖို႔ ေရြးခ်ယ္သြားခဲ့တာျဖစ္ပါတယ္။

ေနာ္ေဝးတိုက္စစ္မႈးဟာ အသက္(၂၁)အရြယ္သာရွိေသးေပမယ့္ ေဒါ့မြန္ အသင္းအတြက္ အေကာင္းဆုံးေျခစြမ္းျပသေနတာေၾကာင့္ အသင္းႀကီးေတြရဲ့မ်က္စိက်ျခင္းကို ခံေနရတာပါ။ဟာလန္း ဟာ ေဒါ့မြန္ အသင္းအတြက္ (၆၇)ပြဲကစားထားၿပီး (၆၈)ဂိုးသြင္းယူထားတာျဖစ္ပါတယ္။

လာမယ့္ေႏြရာသီ အေျပာင္းအေရႊ႕မွာေတာ့ ဟာလန္း နဲ႔ ေဒါ့မြန္ တို႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္အရ စာခ်ဳပ္ဖ်က္သိမ္းေၾကး ယူရို(၇၅)သန္းကလည္း အသက္ဝင္လာမွာျဖစ္တာေၾကာင့္ အသင္းႀကီးေတြ အၿပိဳင္အဆိုင္ ေခၚယူဖို႔ ခ်ိတ္ဆက္ၾကေတာ့မွာပါ။

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ လာမယ့္ေႏြရာသီမွာ တိုက္စစ္ကစားသမားေတြျဖစ္တဲ့ ကာဗာနီ နဲ႔ မာရွယ္ တို႔ကို ဆုံးရႈံးရဖြယ္ရွိေနတာေၾကာင့္ တိုက္စစ္ပိုင္းအတြက္ မျဖစ္မေန လႈပ္ရွားဖြယ္ရွိေနတာျဖစ္ပါတယ္။