ပွဲကျပ်တွေလာတော့မှ ဆိုးလ်ရှားကို ဇောချွေးပြန်စေခဲ့တဲ့ ဗာရာနီရဲ့ဒဏ်ရာ

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ပြင်သစ်ဗဟိုနောက်ခံလူ ဗာရာနီ ဟာ စပိန် အသင်းနဲ့ ကစားခဲ့တဲ့ နေးရှင်းလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဒဏ်ရာပြသနာကြောင့် ပထမပိုင်းမှာတင် လူစားလဲခံခဲ့ရပါတယ်။ဗာရာနီ ဟာ ဒဏ်ရာကြောင့် ဆက်မကစားနိုင်တဲ့ အတွက် ပွဲချိန်(၄၃)မိနစ်မှာ အူပါမီကာနိုနဲ့ လူစားလဲခဲ့ရပါတယ်။

ဗာရာနီ ရဲ့ဒဏ်ရာအခြေအနေဟာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် စိုးရိမ်ဖွယ်ရာ ရှိနေတာလည်းဖြစ်ပါတယ်။ဗာရာနီ ဟာ ဒဏ်ရာကြောင့် ကွင်းထဲမှာ ခဏထိုင်ခဲ့ပြီး နောက်ပိုင်းမှာ ဆေးအဖွဲ့နဲ့ အတူ ကွင်းပြင်ပကို ထွက်ခွာခဲ့တာပါ။

မန်ချက်စတာယူနိုက်တက် အသင်းရဲ့အဓိက နောက်ခံလူ တဦးဖြစ်တဲ့ အသင်းခေါင်းဆောင် မက်ဂွဲယား ကလည်း ခြေသလုံးကြွက်သားဒဏ်ရာကြောင့် အနားယူနေခဲ့ရတာဖြစ်ပါတယ်။အဲ့ဒါကြောင့် ဗာရာနီ ဒဏ်ရာရရှိသွားတာဟာ နည်းပြ ဆိုးလ်ရှား အတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်း ပွဲကျပ်တွေ ကစားရတော့မယ့် အချိန်မှာ အဓိက ဗဟိုနောက်ခံလူ(၂)ဦးဖြစ်တဲ့ မက်ဂွဲယားနဲ့ ဗာရာနီ တို့ကို အသင်းက လက်လွှတ်ရ‌တော့မယ့် အခြေအနေမှာရှိနေတာပါ။

မက်ဂွဲယား ဒဏ်ရာကြောင့် အနားယူနေရချိန်မှာ မန်ချက်စတာယူနိုက်တက် အသင်းဟာ လင်ဒီလော့ဖ် နဲ့ ဗာရာနီ တို့ အတွဲအဖက်ကို အသုံးပြုနေရတာဖြစ်ပါတယ်။အခု ဗာရာနီ ရဲ့ဒဏ်ရာပြသနာကြောင့် မန်ချက်စတာယူနိုက်တက် အသင်းဟာ လာမယ့်ပွဲတွေမှာ ဘိုင်းလီနဲ့ လင်ဒီလော့ဖ် အတွဲကို အသုံးပြုရဖွယ်ရှိနေတာပါ။

ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကမှ ရီးရယ်လ် အသင်းကနေ မန်ချက်စတာယူနိုက်တက် အသင်းကို (၄)နှစ်စာချုပ်နဲ့ ရောက်ရှိလာတဲ့ ဗာရာနီ ဟာ ဒီပွဲအပြီးမှာ အသင်းနဲ့အတူ ဆုဖလားကိုင်မြှောက်ပြီး အောင်ပွဲခံခဲ့ဝာာလည်းဖြစ်ပါတယ်။

ဗာရာနီ အောင်ပွဲခံနေတဲ့ ပုံအရ ဒဏ်ရာအခြေအနေ အရမ်းကြီးဆိုးရွားတယ်လို့ မယူဆရတာလည်းဖြစ်ပါတယ်။ဗာရာနီ ဟာ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံ(၇)ပွဲပါဝင်ကစားထားတာလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ အခုလာမယ့် အပတ်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လက်စတာ၊ဒါပြီးရင် ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အတ္တလန်တာ အသင်းနဲ့ ကစားရမှာဖြစ်ပြီး ပွဲကျပ်တွေအများကြီးဖြတ်သန်းရမှာလည်းဖြစ်ပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္ အသင္းရဲ့ျပင္သစ္ဗဟိုေနာက္ခံလူ ဗာရာနီ ဟာ စပိန္ အသင္းနဲ႔ ကစားခဲ့တဲ့ ေနးရွင္းလိဂ္ၿပိဳင္ပြဲ ဗိုလ္လုပြဲမွာ ဒဏ္ရာျပသနာေၾကာင့္ ပထမပိုင္းမွာတင္ လူစားလဲခံခဲ့ရပါတယ္။ဗာရာနီ ဟာ ဒဏ္ရာေၾကာင့္ ဆက္မကစားနိုင္တဲ့ အတြက္ ပြဲခ်ိန္(၄၃)မိနစ္မွာ အူပါမီကာနိုနဲ႔ လူစားလဲခဲ့ရပါတယ္။

ဗာရာနီ ရဲ့ဒဏ္ရာအေျခအေနဟာ မန္ခ်က္စတာယူနိုက္တက္ အသင္းအတြက္ စိုးရိမ္ဖြယ္ရာ ရွိေနတာလည္းျဖစ္ပါတယ္။ဗာရာနီ ဟာ ဒဏ္ရာေၾကာင့္ ကြင္းထဲမွာ ခဏထိုင္ခဲ့ၿပီး ေနာက္ပိုင္းမွာ ေဆးအဖြဲ႕နဲ႔ အတူ ကြင္းျပင္ပကို ထြက္ခြာခဲ့တာပါ။

မန္ခ်က္စတာယူနိုက္တက္ အသင္းရဲ့အဓိက ေနာက္ခံလူ တဦးျဖစ္တဲ့ အသင္းေခါင္းေဆာင္ မက္ဂြဲယား ကလည္း ေျခသလုံးႂကြက္သားဒဏ္ရာေၾကာင့္ အနားယူေနခဲ့ရတာျဖစ္ပါတယ္။အဲ့ဒါေၾကာင့္ ဗာရာနီ ဒဏ္ရာရရွိသြားတာဟာ နည္းၿပ ဆိုးလ္ရွား အတြက္ေတာ့ စိတ္ပ်က္စရာျဖစ္ခဲ့ရတာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္း ပြဲက်ပ္ေတြ ကစားရေတာ့မယ့္ အခ်ိန္မွာ အဓိက ဗဟိုေနာက္ခံလူ(၂)ဦးျဖစ္တဲ့ မက္ဂြဲယားနဲ႔ ဗာရာနီ တို႔ကို အသင္းက လက္လႊတ္ရ‌ေတာ့မယ့္ အေျခအေနမွာရွိေနတာပါ။

မက္ဂြဲယား ဒဏ္ရာေၾကာင့္ အနားယူေနရခ်ိန္မွာ မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ လင္ဒီေလာ့ဖ္ နဲ႔ ဗာရာနီ တို႔ အတြဲအဖက္ကို အသုံးျပဳေနရတာျဖစ္ပါတယ္။အခု ဗာရာနီ ရဲ့ဒဏ္ရာျပသနာေၾကာင့္ မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ လာမယ့္ပြဲေတြမွာ ဘိုင္းလီနဲ႔ လင္ဒီေလာ့ဖ္ အတြဲကို အသုံးျပဳရဖြယ္ရွိေနတာပါ။

ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႕ကမွ ရီးရယ္လ္ အသင္းကေန မန္ခ်က္စတာယူနိုက္တက္ အသင္းကို (၄)ႏွစ္စာခ်ဳပ္နဲ႔ ေရာက္ရွိလာတဲ့ ဗာရာနီ ဟာ ဒီပြဲအၿပီးမွာ အသင္းနဲ႔အတူ ဆုဖလားကိုင္ေျမႇာက္ၿပီး ေအာင္ပြဲခံခဲ့ဝာာလည္းျဖစ္ပါတယ္။

ဗာရာနီ ေအာင္ပြဲခံေနတဲ့ ပုံအရ ဒဏ္ရာအေျခအေန အရမ္းႀကီးဆိုးရြားတယ္လို႔ မယူဆရတာလည္းျဖစ္ပါတယ္။ဗာရာနီ ဟာ ဒီရာသီမွာ မန္ခ်က္စတာယူနိုက္တက္ အသင္းအတြက္ ၿပိဳင္ပြဲစုံ(၇)ပြဲပါဝင္ကစားထားတာလည္းျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ အခုလာမယ့္ အပတ္မွာ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ လက္စတာ၊ဒါၿပီးရင္ ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ အတၱလန္တာ အသင္းနဲ႔ ကစားရမွာျဖစ္ၿပီး ပြဲက်ပ္ေတြအမ်ားႀကီးျဖတ္သန္းရမွာလည္းျဖစ္ပါတယ္။