မာတီးနတ်စ် ကို ကမ္ဘာ့အကောင်း‌ဆုံးဂိုးသမားတွေထဲက တဦးလို့ ချီးကျုးလိုက်တဲ့ မက်ဆီ

အာဂျင်တီးနာ အသင်းခေါင်းဆောင် မက်ဆီ ကတော့ ဥရုဂွေးကို ဂိုးပြတ်အနိုင်ရတဲ့ ပွဲမှာ လက်စွမ်းပြသနိုင်ခဲ့တဲ့ ဂိုးသမား မာတီးနတ်စ် ကို ကမ္ဘာပေါ်မှာရှိတဲ့ အကောင်းဆုံးဂိုးသမားတွေထဲက တဦးလို့ချီးကျုးလိုက်ပါတယ်။ဒီပွဲမှာ အာဂျင်တီးနား အသင်းက ဥရုဂွေးအသင်းကို (၃)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

မာတီးနတ်စ် ဟာ မက်ဆီ၊ဒီပေါလ်နဲ့ လောတရိုမာတီးနတ်စ် တို့ ဂိုးတွေမသွင်းခင် ဥရုဂွေး တိုက်စစ်မှုး ဆွာရက်စ် ရဲ့ကန်သွင်းချက်(၂)ကြိမ်ကို ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။မာတီးနတ်စ် ဟာ ပြီးခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အာဂျင်တီးနား အသင်း ဗိုလ်စွဲခဲ့တုန်းက ဟီးရိုးသဖွယ်လက်စွမ်းပြနိုင်ခဲ့ပါတယ်။

မာတီးနတ်စ် ဟာ ကိုလံဘီယာ ကို အနိုင်ရခဲ့တဲ့ အကြိုဗိုလ်လုပွဲရဲ့ပင်နယ်တီအဆုံးအဖြတ်မှာ ပင်နယ်တီ (၃)လုံး ကာကွယ်နိုင်ခဲ့တာပါ။မာတီးနတ်စ် ဟာ ဒီပွဲမှာလည်း အကောင်း‌‌ဆုံးစွမ်းဆောင် နိုင်ခဲ့တာကြောင့် မက်ဆီ က ချီးကျုးသွားခဲ့တာဖြစ်ပါတယ်။

မက်ဆီ က “မာတီးနတ်စ် ဟာ အဓိကကျပါတယ်။သူတို့က သူ့ဆီကို လာတဲ့အချိန်မှာ သူက အမြဲတမ်းတုံ့ပြန်ပါတယ်။သူဟာ သူ့ကိုယ်သူ တည်ဆောက်နိုင်ခဲ့ပြီး ကျွန်တော်တို့မှာ က‌မ္ဘာ့အကောင်းဆုံးဂိုးသမားတွေထဲက တဦးရှိပါတယ်”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

မာတီးနတ်စ် ဟာ (၂၀၂၀) နွေရာသီက အာဆင်နယ် အသင်းက ထွက်ခွာပြီး ဗီလာကို ပြောင်းရွှေ့ပြီးနောက် သူ့ကိုယ်သူပိုမိုကောင်းမွန်လာအောင် လုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။အသက်(၂၉)နှစ်အရွယ်ရှိ မာတီးနတ်စ် ဟာ အာဆင်နယ် အသင်းမှာ (၁၀)နှစ်ကြာရှိခဲ့တာပါ။

မာတီးနတ်စ် ဟာ အာဆင်နယ် အသင်းအတွက် ပါဝင်ကစားပေးဖို့ အလွန်ကောင်းမွန်တဲ့ အခွင့်အရေးမရခင်အချိန်ထိ (၆)ကြိမ်ထိ အငှားထွက်ကစားခဲ့ရပါတယ်။ဂိုးသမား လီနို ဒဏ်ရာပြသနာကြုံတွေ့ခဲ့တဲ့ (၂၀၁၉-၂၀) ရာသီကုန်ခါနီးမှာ အသင်းအတွက် ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။

မာတီးနတ်စ် ဟာ အာဆင်နယ် အသင်းကို အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်း ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ဒါပေမယ့် ပွဲထွက်ကစားခွင့်အတွက် အာမခံချက်မရတာကြောင့် မာတီးနတ်စ် ဟာ ဗီလာ အသင်းကို ပေါင်သန်း(၂၀)နဲ့ ပြောင်းရွှေ့သွားခဲ့တာပါ။

မာတီးနတ်စ် ဟာ အက်စတွန်ဗီလာ အသင်းအတွက် ပထမရာသီမှာ လက်စွမ်းပြနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်အစ(၆)ပွဲမှာ (၃)ပွဲဂိုးမပေးခဲ့ရတာဖြစ်ပါတယ်။အာဆင်နယ် အသင်းဟာ လက်ရှိအချိန်မှာ ရှက်ဖီးယူနိုက်တက်ဂိုးသမား ရမ်စဒေးလ် ကို ခေါ်ယူထားပြီး လီနို ကို ကျော်ကာ ပုံမှန်ပွဲထွက်ခွင့်ရနေတာဖြစ်ပါတယ်။

Zawgyi

အာဂ်င္တီးနာ အသင္းေခါင္းေဆာင္ မက္ဆီ ကေတာ့ ဥ႐ုေဂြးကို ဂိုးျပတ္အနိုင္ရတဲ့ ပြဲမွာ လက္စြမ္းျပသနိုင္ခဲ့တဲ့ ဂိုးသမား မာတီးနတ္စ္ ကို ကမၻာေပၚမွာရွိတဲ့ အေကာင္းဆုံးဂိုးသမားေတြထဲက တဦးလို႔ခ်ီးက်ဳးလိုက္ပါတယ္။ဒီပြဲမွာ အာဂ်င္တီးနား အသင္းက ဥ႐ုေဂြးအသင္းကို (၃)ဂိုး-ဂိုးမရွိနဲ႔ အနိုင္ရခဲ့တာျဖစ္ပါတယ္။

မာတီးနတ္စ္ ဟာ မက္ဆီ၊ဒီေပါလ္နဲ႔ ေလာတရိုမာတီးနတ္စ္ တို႔ ဂိုးေတြမသြင္းခင္ ဥ႐ုေဂြး တိုက္စစ္မႈး ဆြာရက္စ္ ရဲ့ကန္သြင္းခ်က္(၂)ႀကိမ္ကို ကာကြယ္နိုင္ခဲ့တာျဖစ္ပါတယ္။မာတီးနတ္စ္ ဟာ ၿပီးခဲ့တဲ့ ကိုပါအေမရိကဖလားၿပိဳင္ပြဲမွာ အာဂ်င္တီးနား အသင္း ဗိုလ္စြဲခဲ့တုန္းက ဟီးရိုးသဖြယ္လက္စြမ္းျပနိုင္ခဲ့ပါတယ္။

မာတီးနတ္စ္ ဟာ ကိုလံဘီယာ ကို အနိုင္ရခဲ့တဲ့ အႀကိဳဗိုလ္လုပြဲရဲ့ပင္နယ္တီအဆုံးအျဖတ္မွာ ပင္နယ္တီ (၃)လုံး ကာကြယ္နိုင္ခဲ့တာပါ။မာတီးနတ္စ္ ဟာ ဒီပြဲမွာလည္း အေကာင္း‌‌ဆုံးစြမ္းေဆာင္ နိုင္ခဲ့တာေၾကာင့္ မက္ဆီ က ခ်ီးက်ဳးသြားခဲ့တာျဖစ္ပါတယ္။

မက္ဆီ က “မာတီးနတ္စ္ ဟာ အဓိကက်ပါတယ္။သူတို႔က သူ႔ဆီကို လာတဲ့အခ်ိန္မွာ သူက အျမဲတမ္းတုံ႔ျပန္ပါတယ္။သူဟာ သူ႔ကိုယ္သူ တည္ေဆာက္နိုင္ခဲ့ၿပီး ကၽြန္ေတာ္တို႔မွာ က‌မၻာ့အေကာင္းဆုံးဂိုးသမားေတြထဲက တဦးရွိပါတယ္”လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

မာတီးနတ္စ္ ဟာ (၂၀၂၀) ေႏြရာသီက အာဆင္နယ္ အသင္းက ထြက္ခြာၿပီး ဗီလာကို ေျပာင္းေရႊ႕ၿပီးေနာက္ သူ႔ကိုယ္သူပိုမိုေကာင္းမြန္လာေအာင္ လုပ္နိုင္ခဲ့တာလည္းျဖစ္ပါတယ္။အသက္(၂၉)ႏွစ္အရြယ္ရွိ မာတီးနတ္စ္ ဟာ အာဆင္နယ္ အသင္းမွာ (၁၀)ႏွစ္ၾကာရွိခဲ့တာပါ။

မာတီးနတ္စ္ ဟာ အာဆင္နယ္ အသင္းအတြက္ ပါဝင္ကစားေပးဖို႔ အလြန္ေကာင္းမြန္တဲ့ အခြင့္အေရးမရခင္အခ်ိန္ထိ (၆)ႀကိမ္ထိ အငွားထြက္ကစားခဲ့ရပါတယ္။ဂိုးသမား လီနို ဒဏ္ရာျပသနာၾကဳံေတြ႕ခဲ့တဲ့ (၂၀၁၉-၂၀) ရာသီကုန္ခါနီးမွာ အသင္းအတြက္ ကစားခြင့္ရခဲ့တာျဖစ္ပါတယ္။

မာတီးနတ္စ္ ဟာ အာဆင္နယ္ အသင္းကို အက္ဖ္ေအဖလားနဲ႔ ကြန္ျမဴနတီဒိုင္း ရရွိေအာင္ စြမ္းေဆာင္ေပးနိုင္ခဲ့ပါတယ္။ဒါေပမယ့္ ပြဲထြက္ကစားခြင့္အတြက္ အာမခံခ်က္မရတာေၾကာင့္ မာတီးနတ္စ္ ဟာ ဗီလာ အသင္းကို ေပါင္သန္း(၂၀)နဲ႔ ေျပာင္းေရႊ႕သြားခဲ့တာပါ။

မာတီးနတ္စ္ ဟာ အက္စတြန္ဗီလာ အသင္းအတြက္ ပထမရာသီမွာ လက္စြမ္းျပနိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္အစ(၆)ပြဲမွာ (၃)ပြဲဂိုးမေပးခဲ့ရတာျဖစ္ပါတယ္။အာဆင္နယ္ အသင္းဟာ လက္ရွိအခ်ိန္မွာ ရွက္ဖီးယူနိုက္တက္ဂိုးသမား ရမ္စေဒးလ္ ကို ေခၚယူထားၿပီး လီနို ကို ေက်ာ္ကာ ပုံမွန္ပြဲထြက္ခြင့္ရေနတာျဖစ္ပါတယ္။