ငှက်ကျားတို့ ခေါ်မယ့် ကစားသမား၁၀ဦးစာရင်းမှာ ပါဝင်လာတဲ့ စတာလင်နဲ့ ဘေးလ်

နယူးကာဆယ် အသင်းကတော့ အခုလာမယ့် အပြောင်းအရွှေ့မတိုင်ခင် ခေါ်ယူဖို့ အတွက် သူတို့ ပစ်မှတ်ထားနေတဲ့ ကစားသမား (၁၀)ဦးကို ပြုစုထားတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။နယူးကာဆယ် အသင်းဟာ ဆော်ဒီအိမ်ရှေ့မင်းသားရဲ့ကျောထောက်နောက်ခံနဲ့ PIF အစုအဖွဲ့က ဝယ်ယူပြီးနောက် အသင်းကို ပြုပြင်ပြောင်းလဲမှုတွေအများကြီးလုပ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

နယူးကာဆယ် အသင်းဟာ ပိုင်ရှင်ဟောင်း မိုက်အက်ရှ်လေ လက်ထက်က သုံးစွဲစရိတ်နည်းပါးခဲ့တာကြောင့် အချိန်တိုအတွင်းမှာ ငွေကြေးအများအပြား အသုံးပြုလို့ရမှာလည်းဖြစ်ပါတယ်။

ကလပ်အသင်းပိုင်ရှင်သစ်တွေကတော့ စတာလင် အပါအဝင် ပုံရိပ်မြှင့်ထိပ်တန်းကစားသမား(၁၀)ဦးကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ Fichajes က ဖော်ပြထားပါတယ်။ဒီပစ်မှတ်(၁၀)ဦးထဲမှာ ပရီးမီးယားလိဂ်က ကစားသမားတွေအများအပြားပါဝင်ခဲ့တာပါ။

နယူးကာဆယ် အသင်းဟာ ချယ်လ်ဆီး အသင်းက တီမိုဝါနာ၊အာဆင်နယ် အသင်းက အူဘာမီယန်းနဲ့ လာကာဇတ်တီ တို့ရဲ့အခြေအနေကို စောင့်ကြည့်နေတာဖြစ်ပါတယ်။ဒါ့အပြင် ရီးရယ်လ် အသင်းက ဂါရတ်ဘေးလ်နဲ့ လူကာဂျိုဗစ် တို့ကိုလည်း ခေါ်ယူဖို့ ကြိုးစားနေတာပါ။

ရီးရယ်လ် အသင်းကတော့ အဆိုပါ ကစား သမား(၂)ဦးကို ခေါ်ယူဖို့ ကမ်းလှမ်းလာရင် ပျော်ပျော်ရွှင်ရွှင်နဲ့ ရောင်းချသွားဖို့ ရှ်ိနေတာဖြစ်ပါတယ်။ဒါ့အပြင် ပီအက်စ်ဂျီ အသင်းက ကေလာနာဗတ်စ် နဲ့ အိုင်ကာဒီ တို့ကိုလည်း နယူးကာဆယ် အသင်းက စိတ်ဝင်စားနေတာဖြစ်ပါတယ်။

နယူးကာဆယ် အသင်းဟာ ဘာစီလိုနာ အသင်းက ကော်တင်ဟို နဲ့ ဘိုင်ယန်မြူးနစ် အသင်းက ကိုးမန်း တို့ကိုလည်း ခေါ်ယူဖို့ ဖြစ်နိုင်ဖွယ်ရှိတဲ့ ပစ်မှတ်တွေအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

နယူးကာဆယ် အသင်းဟာ နည်းပြပိုင်းကိုလည်း ပြောင်းလဲသွားဖို့ ပြင်ဆင်နေတာဖြစ်ပြီး စတိဗ်ဘရုစ် ကို ရာထူးက ထုတ်ပယ်ဖို့ ရှိနေပါတယ်။သူ့ရဲ့နေရာမှာ အစားထိုးဖို့ ကွန်တီ၊စတီဗင်ဂျရတ်နဲ့ ဗာဗရီ တို့ ရေပန်းစားနေတာလည်းဖြစ်ပါတယ်။

နယူးကာဆယ် အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ နိုင်ပွဲပျောက်ဆုံးနေပြီး ရမှတ်(၃)မှတ်နဲ့ အမှတ်ပေးဇယား အဆင့် (၁၉)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။နယူးကာဆယ် အသင်းဟာ ဒီတပတ်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် စပါး အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Zawgyi

နယူးကာဆယ္ အသင္းကေတာ့ အခုလာမယ့္ အေျပာင္းအေရႊ႕မတိုင္ခင္ ေခၚယူဖို႔ အတြက္ သူတို႔ ပစ္မွတ္ထားေနတဲ့ ကစားသမား (၁၀)ဦးကို ျပဳစုထားတယ္လို႔ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။နယူးကာဆယ္ အသင္းဟာ ေဆာ္ဒီအိမ္ေရွ႕မင္းသားရဲ့ေက်ာေထာက္ေနာက္ခံနဲ႔ PIF. အစုအဖြဲ႕က ဝယ္ယူၿပီးေနာက္ အသင္းကို ျပဳျပင္ေျပာင္းလဲမႈေတြအမ်ားႀကီးလုပ္ဖို႔ စီစဥ္ေနတာျဖစ္ပါတယ္။

နယူးကာဆယ္ အသင္းဟာ ပိုင္ရွင္ေဟာင္း မိုက္အက္ရွ္ေလ လက္ထက္က သုံးစြဲစရိတ္နည္းပါးခဲ့တာေၾကာင့္ အခ်ိန္တိုအတြင္းမွာ ေငြေၾကးအမ်ားအျပား အသုံးျပဳလို႔ရမွာလည္းျဖစ္ပါတယ္။

ကလပ္အသင္းပိုင္ရွင္သစ္ေတြကေတာ့ စတာလင္ အပါအဝင္ ပုံရိပ္ျမႇင့္ထိပ္တန္းကစားသမား(၁၀)ဦးကို ေခၚယူဖို႔ ပစ္မွတ္ထားေနတယ္လို႔ Fichajes က ေဖာ္ျပထားပါတယ္။ဒီပစ္မွတ္(၁၀)ဦးထဲမွာ ပရီးမီးယားလိဂ္က ကစားသမားေတြအမ်ားအျပားပါဝင္ခဲ့တာပါ။

နယူးကာဆယ္ အသင္းဟာ ခ်ယ္လ္ဆီး အသင္းက တီမိုဝါနာ၊အာဆင္နယ္ အသင္းက အူဘာမီယန္းနဲ႔ လာကာဇတ္တီ တို႔ရဲ့အေျခအေနကို ေစာင့္ၾကည့္ေနတာျဖစ္ပါတယ္။ဒါ့အျပင္ ရီးရယ္လ္ အသင္းက ဂါရတ္ေဘးလ္နဲ႔ လူကာဂ်ိဳဗစ္ တို႔ကိုလည္း ေခၚယူဖို႔ ႀကိဳးစားေနတာပါ။

ရီးရယ္လ္ အသင္းကေတာ့ အဆိုပါ ကစား သမား(၂)ဦးကို ေခၚယူဖို႔ ကမ္းလွမ္းလာရင္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ေရာင္းခ်သြားဖို႔ ရွ္ိေနတာျဖစ္ပါတယ္။ဒါ့အျပင္ ပီအက္စ္ဂ်ီ အသင္းက ေကလာနာဗတ္စ္ နဲ႔ အိုင္ကာဒီ တို႔ကိုလည္း နယူးကာဆယ္ အသင္းက စိတ္ဝင္စားေနတာျဖစ္ပါတယ္။

နယူးကာဆယ္ အသင္းဟာ ဘာစီလိုနာ အသင္းက ေကာ္တင္ဟို နဲ႔ ဘိုင္ယန္ျမဴးနစ္ အသင္းက ကိုးမန္း တို႔ကိုလည္း ေခၚယူဖို႔ ျဖစ္နိုင္ဖြယ္ရွိတဲ့ ပစ္မွတ္ေတြအျဖစ္ သတ္မွတ္ထားတာျဖစ္ပါတယ္။

နယူးကာဆယ္ အသင္းဟာ နည္းျပပိုင္းကိုလည္း ေျပာင္းလဲသြားဖို႔ ျပင္ဆင္ေနတာျဖစ္ၿပီး စတိဗ္ဘ႐ုစ္ ကို ရာထူးက ထုတ္ပယ္ဖို႔ ရွိေနပါတယ္။သူ႔ရဲ့ေနရာမွာ အစားထိုးဖို႔ ကြန္တီ၊စတီဗင္ဂ်ရတ္နဲ႔ ဗာဗရီ တို႔ ေရပန္းစားေနတာလည္းျဖစ္ပါတယ္။

နယူးကာဆယ္ အသင္းဟာ ဒီရာသီ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲမွာ နိုင္ပြဲေပ်ာက္ဆုံးေနၿပီး ရမွတ္(၃)မွတ္နဲ႔ အမွတ္ေပးဇယား အဆင့္ (၁၉)ေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။နယူးကာဆယ္ အသင္းဟာ ဒီတပတ္မွာ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ စပါး အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။