၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ပထမဆုံးခြေစစ်ပွဲအောင် နိုင်ငံအသင်းဖြစ်လာတဲ့ ဝါနာတို့ရဲ့ဂျာမနီ

ဂျာမနီ အသင်းဟာ ဒီမနက်ပိုင်းက ကစားခဲ့တဲ့ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုပွဲစဉ်မှာ မြောက်မက်ဆီဒိုးနီးယား အသင်းကို သက်တောင့်သက်သာနဲ့ ဂိုးပြတ်အနိုင်ရရှိသွားခဲ့ပါတယ်။ဂျာမနီ အသင်းဟာ ဒီပွဲမှာ မြောက်မက်ဆီဒိုးနီးယားအသင်းကို (၄)ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဂျာမနီ အတွက် ဂိုးတွေကို တီမိုဝါနာ က (၂)ဂိုး၊ဟာဗတ်စ်နဲ့ မူစလီယာ တို့က တစ်ဂိုးစီ သွင်းယူခဲ့တာဖြစ်ပါတယ်။ဂျာမနီ အသင်းဟာ ဒီနိုင်ပွဲကြောင့် ကာတာနိုင်ငံမှာ ကျင်းပမယ့် (၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပထမဆုံးခြေစစ်ပွဲအောင်တဲ့ နိုင်ငံအသင်းဖြစ်လာခဲ့တာပါ။

ဂျာမနီ အသင်းဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာလည်း စိတ်ပျက်စရာရလဒ်တွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။အဲ့ဒါကြောင့် (၂၀၁၄) ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုရခဲ့တဲ့ (၈)နှစ်အကြာဖြစ်တဲ့ (၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အောင်မြင်မှုတွေပြန်လည်ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

ဂျာမနီ အသင်းဟာ မြောက်မက်ဆီဒိုးနီးယား ကို အနိုင်ရတာနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်မှာဖြစ်တဲ့ အတွက် ပွဲစတည်းက အနိုင်ရဖို့ ကြိုးစားခဲ့တာဖြစ်ပြီး နောက်ဆုံးမှာ ဂိုးအပြတ်အသတ်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဂျာမနီနည်းပြ ဟန်ဆီဖလစ် အတွက်တော့ သူရဲ့ပထမဆုံးအဓိက ပြိုင်ပွဲကြီး တခုကို ရင်ဆိုင်ရတော့မှာလည်းဖြစ်ပါတယ်။ယူရိုပြိုင်ပွဲအပြီးမှာ ဂျာမနီ အသင်းကို စတင်တာဝန်ယူခဲ့တဲ့ ဟန်ဆီဖလစ် ရဲ့လက်ထက်မှာ အသင်းဟာ (၅)ပွဲကစား(၅)ပွဲလုံးအနိုင်ရခဲ့ပြီး ပေးဂိုးတဂိုးသာ ခွင့်ပြုထားရတာပါ။

ဂျာမနီ အသင်းဟာ အုပ်စုတွင်း(၈)ပွဲကစားပြီးချိန်မှာ (၇)ပွဲနိုင် (၁)ပွဲရှုံးရမှတ်(၂၁) မှတ်ရရှိထားတာဖြစ်ပါတယ်။ဒုတိယနေရာက ရိုမေးနီးယား အသင်းဟာ (၁၃)မှတ်သာ ရရှိထားတာကြောင့် ဂျာမနီ အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ(၂)ပွဲပဲ ကစားဖို့ ကျန်တော့တဲ့ အချိန်မှာ (၇)မှတ်အထိ ဖြတ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဂျာမနီ အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်တဲ့ အသင်းဖြစ်လာခဲ့တာပါ။ဂျာမနီ အသင်းနဲ့ အတူ အိမ်ရှင်ဖြစ်တဲ့ ကာတာကလည်း ခြေစစ်ပွဲကစားစရာမလိုဘဲ ခြေစစ်ပွဲအောင်မြင်ထားတာဖြစ်တဲ့ အတွက် လက်ရှိအချိန်မှာ ခြေစစ်ပွဲအောင်မြင်ထားတဲ့ အသင်း(၂)သင်းရှိနေတာပါ။

ဂျာမနီ အသင်းဟာ လက်ကျန်(၂)ပွဲဖြစ်တဲ့ လက်ချင်စတိန်းနဲ့ အာမေးနီးယား ပွဲစဉ်တွေကို နိုဝင်ဘာလမှ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲတွေမှာ လူငယ်ကစားသမားတွေအတွက် ပါဝင်ခွင့်ရနိုင်ဖို့ အခွင့်အရေးရှိနေတာလည်းဖြစ်ပါတယ်။

Zawgyi

ဂ်ာမနီ အသင္းဟာ ဒီမနက္ပိုင္းက ကစားခဲ့တဲ့ (၂၀၂၂) ကမၻာ့ဖလားေျခစစ္ပြဲ အုပ္စုပြဲစဥ္မွာ ေျမာက္မက္ဆီဒိုးနီးယား အသင္းကို သက္ေတာင့္သက္သာနဲ႔ ဂိုးျပတ္အနိုင္ရရွိသြားခဲ့ပါတယ္။ဂ်ာမနီ အသင္းဟာ ဒီပြဲမွာ ေျမာက္မက္ဆီဒိုးနီးယားအသင္းကို (၄)ဂိုး-ဂိုးမရွိနဲ႔ ဂိုးျပတ္အနိုင္ရခဲ့တာျဖစ္ပါတယ္။

ဂ်ာမနီ အတြက္ ဂိုးေတြကို တီမိုဝါနာ က (၂)ဂိုး၊ဟာဗတ္စ္နဲ႔ မူစလီယာ တို႔က တစ္ဂိုးစီ သြင္းယူခဲ့တာျဖစ္ပါတယ္။ဂ်ာမနီ အသင္းဟာ ဒီနိုင္ပြဲေၾကာင့္ ကာတာနိုင္ငံမွာ က်င္းပမယ့္ (၂၀၂၂) ကမၻာ့ဖလားၿပိဳင္ပြဲအတြက္ ပထမဆုံးေျခစစ္ပြဲေအာင္တဲ့ နိုင္ငံအသင္းျဖစ္လာခဲ့တာပါ။

ဂ်ာမနီ အသင္းဟာ ၿပီးခဲ့တဲ့ ယူရိုၿပိဳင္ပြဲမွာလည္း စိတ္ပ်က္စရာရလဒ္ေတြနဲ႔ ၾကဳံေတြ႕ခဲ့ရတာပါ။အဲ့ဒါေၾကာင့္ (၂၀၁၄) ကမၻာ့ဖလားၿပိဳင္ပြဲမွာ ေအာင္ျမင္မႈရခဲ့တဲ့ (၈)ႏွစ္အၾကာျဖစ္တဲ့ (၂၀၂၂) ကမၻာ့ဖလားၿပိဳင္ပြဲမွာလည္း ေအာင္ျမင္မႈေတြျပန္လည္ရယူနိုင္ဖို႔ ပစ္မွတ္ထားေနတာျဖစ္ပါတယ္။

ဂ်ာမနီ အသင္းဟာ ေျမာက္မက္ဆီဒိုးနီးယား ကို အနိုင္ရတာနဲ႔ ကမၻာ့ဖလားေျခစစ္ပြဲေအာင္ျမင္မွာျဖစ္တဲ့ အတြက္ ပြဲစတည္းက အနိုင္ရဖို႔ ႀကိဳးစားခဲ့တာျဖစ္ၿပီး ေနာက္ဆုံးမွာ ဂိုးအျပတ္အသတ္နဲ႔ အနိုင္ရခဲ့တာျဖစ္ပါတယ္။

အဲ့ဒါေၾကာင့္ ဂ်ာမနီနည္းၿပ ဟန္ဆီဖလစ္ အတြက္ေတာ့ သူရဲ့ပထမဆုံးအဓိက ၿပိဳင္ပြဲႀကီး တခုကို ရင္ဆိုင္ရေတာ့မွာလည္းျဖစ္ပါတယ္။ယူရိုၿပိဳင္ပြဲအၿပီးမွာ ဂ်ာမနီ အသင္းကို စတင္တာဝန္ယူခဲ့တဲ့ ဟန္ဆီဖလစ္ ရဲ့လက္ထက္မွာ အသင္းဟာ (၅)ပြဲကစား(၅)ပြဲလုံးအနိုင္ရခဲ့ၿပီး ေပးဂိုးတဂိုးသာ ခြင့္ျပဳထားရတာပါ။

ဂ်ာမနီ အသင္းဟာ အုပ္စုတြင္း(၈)ပြဲကစားၿပီးခ်ိန္မွာ (၇)ပြဲနိုင္ (၁)ပြဲရႈံးရမွတ္(၂၁) မွတ္ရရွိထားတာျဖစ္ပါတယ္။ဒုတိယေနရာက ရိုေမးနီးယား အသင္းဟာ (၁၃)မွတ္သာ ရရွိထားတာေၾကာင့္ ဂ်ာမနီ အသင္းဟာ ကမၻာ့ဖလားေျခစစ္ပြဲ(၂)ပြဲပဲ ကစားဖို႔ က်န္ေတာ့တဲ့ အခ်ိန္မွာ (၇)မွတ္အထိ ျဖတ္ထားနိုင္ခဲ့တာျဖစ္ပါတယ္။

အဲ့ဒါေၾကာင့္ ဂ်ာမနီ အသင္းဟာ ကမၻာ့ဖလားေျခစစ္ပြဲ တိုက္ရိုက္ေအာင္ျမင္တဲ့ အသင္းျဖစ္လာခဲ့တာပါ။ဂ်ာမနီ အသင္းနဲ႔ အတူ အိမ္ရွင္ျဖစ္တဲ့ ကာတာကလည္း ေျခစစ္ပြဲကစားစရာမလိုဘဲ ေျခစစ္ပြဲေအာင္ျမင္ထားတာျဖစ္တဲ့ အတြက္ လက္ရွိအခ်ိန္မွာ ေျခစစ္ပြဲေအာင္ျမင္ထားတဲ့ အသင္း(၂)သင္းရွိေနတာပါ။

ဂ်ာမနီ အသင္းဟာ လက္က်န္(၂)ပြဲျဖစ္တဲ့ လက္ခ်င္စတိန္းနဲ႔ အာေမးနီးယား ပြဲစဥ္ေတြကို နိုဝင္ဘာလမွ ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ဒီပြဲေတြမွာ လူငယ္ကစားသမားေတြအတြက္ ပါဝင္ခြင့္ရနိုင္ဖို႔ အခြင့္အေရးရွိေနတာလည္းျဖစ္ပါတယ္။