သူလည်း မက်ဆီ တို့ကိုကျော်ပြီး ဘောလွန်းဒီအော ရနိုင်တာပဲလို့ ဖွင့်ဟလာခဲ့တဲ့ မေဆန်မောင့်

အခုနှစ်မှာ ကျင်းပမယ့် ဘောလွန်းဒီအောဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့တဲ့ မေဆန်မောင့်က ဒီဆုကို ရရှိဖို့ အတွက် သူသံသယရှိတယ်လို့ ဝန်ခံခဲ့ပေမယ့် ဘောလုံးမှာ ဘယ်တုန်းကမှ ကြိုမသိနိုင်ပါဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။

မေဆန်မောင့်တို့ရဲ့ချယ်လ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ရာသီက နည်းပြ လမ်းပတ် လက်ထက်မှာ ရုန်းကန်ခဲ့ရပေမယ့် တူချယ်လ်ရောက်လာပြီးမှာတော့ အသင်းဟာ စွမ်းဆောင်ရည်ပိုင်းကောင်းမွန်လာခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

မေဆန်မောင့် ဟာ ချယ်လ်ဆီး အသင်း ချန်ပီယံလိဂ်ဖလားရယူရာမှာ အဓိက ခြေစွမ်းပြနိုင်တဲ့သူတဦးလည်းဖြစ်ပါတယ်။မေဆန်မောင့်နဲ့ အတူ ဆန်ကာတင်စာရင်းမှာ ချယ်လ်ဆီး အသင်း ကစားသမားတွေဖြစ်တဲ့ အက်စ်ပီကွီတာ၊ဂျော်ဂျင်ဟို၊ကန်တီနဲ့ လူကာကူတို့လည်းပါဝင်နေတာပါ။

မေဆန်မောင့် က “ဒီဆုကို ကျွန်တော်ရဖို့ အတွက်တော့ သံသယရှိတာပေါ့။ဒါပေမယ့် ခင်ဗျားအနေနဲ့ ဒါတွေကို ကြိုသိနိုင်မှာမဟုတ်ပါဘူး။ကျွန်တော့်အတွက် အရေးကြီး‌ဆုံးက အရင်က ရှိခဲ့တဲ့ အဆင့်တွေကို ကျော်ဖြတ်ဖို့နဲ့ ဒီထက်ပိုပြီးသွားနိုင်ဖို့ အတွက် ကြိုးစားနေတာပါပဲ”

“ဒီလိုဆန်ကာတင်စာရင်းမှာ ပါဝင်တာဟာ ကျွန်တော့်အတွက်တော့ အထူးကောင်းမွန်တာပါပဲ။နာမည်ကြီး ကစားသမားတွေနဲ့ အတူ ဒီလိုစာရင်းမှာ ပါဝင်နေတာဟာ အိမ်မက်တခုဖြစ်တယ်ဆိုတာ သိသာပါတယ်။လွန်ခဲ့တဲ့ နှစ်တွေမှာ ကြိုးစားခဲ့တဲ့ အတွက် အဲ့ဒါကို ပြန်လည်ရခဲ့တယ်နဲ့ တူပါတယ်”

“ဒါက အခုမှ အစပဲရှိပါသေးတယ်။ကျွန်တော်ဒါကို ရပ်တန့်သွားမှာမဟုတ်ပါဘူး”လို့ ဆိုခဲ့တာဖြစ်ပါတယ်။‌မေဆန်မောင့် တို့ရဲ့အင်္ဂလန်အသင်းဟာ မနက်ဖြန်မှာ ဟန်ဂေရီ အသင်းနဲ့ ကစားရမှာဖြစ်ပြီး ဒီပွဲမှာ ချယ်လ်ဆီး ကစားသမားဟာ ပွဲထွက်ပါဝင်ခွင့်ရဖွယ်ရှိနေတာပါ။

အင်္ဂလန်အသင်းကလည်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ဖို့ နီးစပ်နေတာလည်းဖြစ်ပါတယ်။မေဆန်မောင့်က “ဦးဆောင်တဲ့ သူတွေက ပြင်းပြတဲ့ စိတ်ထားကို ဘယ်တော့မှ လျှော့ချမှာမဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့စံနှုန်းက အရမ်းမြင့်မားပြီး ဒါကို ဘယ်တော့မှလျှော့ချသွားမှာမဟုတ်ပါဘူး”

“နောက်ဆုံးပွဲတွေမှာ ကစားပုံသိပ်မကောင်းခဲ့တာဟာ ကျွန်တော်တို့ ကိုယ်တိုင်အတွက်လည်း ခက်ခဲစေပါတယ်။ဒါပေမယ့် ဘောလုံးအပေါ်မှာ တောက်ပမှု၊မှန်ကန်တဲ့ စိတ်နေစိတ်ထားတွေနဲ့ ကစားပွဲကို သွားပါ။ဒါဆိုရင် ကစားပွဲကို စတင်တဲ့ ကစားသမားတွေဟာ ပိုမိုလွယ်ကူအောင်ပြုလုပ်နိုင်မှာပါ။ဒါဟာ အဖွဲ့လိုက် ညီညွှတ်မူပါဘဲ”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

Zawgyi

အခုႏွစ္မွာ က်င္းပမယ့္ ေဘာလြန္းဒီေအာဆန္ကာတင္စာရင္းမွာ ပါဝင္ခဲ့တဲ့ ေမဆန္ေမာင့္က ဒီဆုကို ရရွိဖို႔ အတြက္ သူသံသယရွိတယ္လို႔ ဝန္ခံခဲ့ေပမယ့္ ေဘာလုံးမွာ ဘယ္တုန္းကမွ ႀကိဳမသိနိုင္ပါဘူးလို႔ ေျပာဆိုသြားခဲ့ပါတယ္။

ေမဆန္ေမာင့္တို႔ရဲ့ခ်ယ္လ္ဆီး အသင္းဟာ ၿပီးခဲ့တဲ့ရာသီက နည္းၿပ လမ္းပတ္ လက္ထက္မွာ ႐ုန္းကန္ခဲ့ရေပမယ့္ တူခ်ယ္လ္ေရာက္လာၿပီးမွာေတာ့ အသင္းဟာ စြမ္းေဆာင္ရည္ပိုင္းေကာင္းမြန္လာခဲ့ၿပီး ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ခ်န္ပီယံဆုကို ရယူနိုင္ခဲ့တာျဖစ္ပါတယ္။

ေမဆန္ေမာင့္ ဟာ ခ်ယ္လ္ဆီး အသင္း ခ်န္ပီယံလိဂ္ဖလားရယူရာမွာ အဓိက ေျခစြမ္းျပနိုင္တဲ့သူတဦးလည္းျဖစ္ပါတယ္။ေမဆန္ေမာင့္နဲ႔ အတူ ဆန္ကာတင္စာရင္းမွာ ခ်ယ္လ္ဆီး အသင္း ကစားသမားေတြျဖစ္တဲ့ အက္စ္ပီကြီတာ၊ေဂ်ာ္ဂ်င္ဟို၊ကန္တီနဲ႔ လူကာကူတို႔လည္းပါဝင္ေနတာပါ။

ေမဆန္ေမာင့္ က “ဒီဆုကို ကၽြန္ေတာ္ရဖို႔ အတြက္ေတာ့ သံသယရွိတာေပါ့။ဒါေပမယ့္ ခင္ဗ်ားအေနနဲ႔ ဒါေတြကို ႀကိဳသိနိုင္မွာမဟုတ္ပါဘူး။ကၽြန္ေတာ့္အတြက္ အေရးႀကီး‌ဆုံးက အရင္က ရွိခဲ့တဲ့ အဆင့္ေတြကို ေက်ာ္ျဖတ္ဖို႔နဲ႔ ဒီထက္ပိုၿပီးသြားနိုင္ဖို႔ အတြက္ ႀကိဳးစားေနတာပါပဲ”

“ဒီလိုဆန္ကာတင္စာရင္းမွာ ပါဝင္တာဟာ ကၽြန္ေတာ့္အတြက္ေတာ့ အထူးေကာင္းမြန္တာပါပဲ။နာမည္ႀကီး ကစားသမားေတြနဲ႔ အတူ ဒီလိုစာရင္းမွာ ပါဝင္ေနတာဟာ အိမ္မက္တခုျဖစ္တယ္ဆိုတာ သိသာပါတယ္။လြန္ခဲ့တဲ့ ႏွစ္ေတြမွာ ႀကိဳးစားခဲ့တဲ့ အတြက္ အဲ့ဒါကို ျပန္လည္ရခဲ့တယ္နဲ႔ တူပါတယ္”

“ဒါက အခုမွ အစပဲရွိပါေသးတယ္။ကၽြန္ေတာ္ဒါကို ရပ္တန႔္သြားမွာမဟုတ္ပါဘူး”လို႔ ဆိုခဲ့တာျဖစ္ပါတယ္။‌ေမဆန္ေမာင့္ တို႔ရဲ့အဂၤလန္အသင္းဟာ မနက္ျဖန္မွာ ဟန္ေဂရီ အသင္းနဲ႔ ကစားရမွာျဖစ္ၿပီး ဒီပြဲမွာ ခ်ယ္လ္ဆီး ကစားသမားဟာ ပြဲထြက္ပါဝင္ခြင့္ရဖြယ္ရွိေနတာပါ။

အဂၤလန္အသင္းကလည္း ကမၻာ့ဖလားေျခစစ္ပြဲေအာင္ျမင္ဖို႔ နီးစပ္ေနတာလည္းျဖစ္ပါတယ္။ေမဆန္ေမာင့္က “ဦးေဆာင္တဲ့ သူေတြက ျပင္းျပတဲ့ စိတ္ထားကို ဘယ္ေတာ့မွ ေလၽွာ့ခ်မွာမဟုတ္ပါဘူး။ကၽြန္ေတာ္တို႔ရဲ့စံႏႈန္းက အရမ္းျမင့္မားၿပီး ဒါကို ဘယ္ေတာ့မွေလၽွာ့ခ်သြားမွာမဟုတ္ပါဘူး”

“ေနာက္ဆုံးပြဲေတြမွာ ကစားပုံသိပ္မေကာင္းခဲ့တာဟာ ကၽြန္ေတာ္တို႔ ကိုယ္တိုင္အတြက္လည္း ခက္ခဲေစပါတယ္။ဒါေပမယ့္ ေဘာလုံးအေပၚမွာ ေတာက္ပမႈ၊မွန္ကန္တဲ့ စိတ္ေနစိတ္ထားေတြနဲ႔ ကစားပြဲကို သြားပါ။ဒါဆိုရင္ ကစားပြဲကို စတင္တဲ့ ကစားသမားေတြဟာ ပိုမိုလြယ္ကူေအာင္ျပဳလုပ္နိုင္မွာပါ။ဒါဟာ အဖြဲ႕လိုက္ ညီညႊတ္မူပါဘဲ”လို႔ ဆိုခဲ့တာျဖစ္ပါတယ္။