ရလဒ်ဆိုးတွေကြောင့် ဖိအားတွေအောက်ရောက်နေတဲ့ ရော်နယ်လ်ကိုးမန်းအတွက် ဝမ်းသာစရာ သတင်း

‌ဘာစီလိုနာ အသင်းရဲ့တိုက်စစ်ကစားသမား (၂)ဦးဖြစ်တဲ့ ဒမ်ဘီလီနဲ့ အဂွေရို တို့ဟာ အသင်းနဲ့ လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်နေပြီလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။အဆိုပါ တိုက်စစ်ကစားသမား(၂)ဦးဟာ အခုရာသီ အသင်းအတွက် ပါဝင်ကစားရခြင်းမရှိသေးတာလည်းဖြစ်ပါတယ်။

Barcelona’s Dutch coach Ronald Koeman smiles during the Spanish League football match between Barcelona and Real Sociedad at the Camp Nou stadium in Barcelona on August 15, 2021. (Photo by Josep LAGO / AFP)

ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကမှ ဘာစီလိုနာ အသင်းကို အလွတ်နဲ့ ရောက်ရှိလာခဲ့တဲ့ အဂွေရို ဟာ ပြင်းထန်တဲ့ ခြေဖမိုးကြွက်သားဒဏ်ရာကြောင့် အသင်းအတွက် ပွဲဦးထွက် ပါဝင်ကစားနိုင်ဖို့ စောင့်ဆိုင်းနေရတာလည်းဖြစ်ပါတယ်။ဒမ်ဘီလီ ကတော့ ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် အနားယူနေခဲ့ရတာပါ။

ဒမ်ဘီလီ ဟာ ပြင်သစ်လက်ရွေးစင် အသင်းနဲ့ ယူရိုပြိုင်ပွဲ ကစား‌ခဲ့ရာမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ပြန်လည်သက်သာလာခဲ့တာကြောင့် အသင်းနဲ့ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နေခဲ့တာပါ။ဒမ်ဘီလီ ဟာ အသင်းက ထွက်ခွာဖို့ အတွက် ကြီးမားတဲ့ ချိတ်ဆက်မှုတွေရှိနေခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ သူတို့(၂)ဦးဟာ နိုင်ငံတကာ ပွဲစဉ်တွေအပြီးမှာ ကစားမယ့် ဗလင်စီယာ နဲ့ ပွဲအတွက် အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပြန်လည်ပါဝင်လာခဲ့တာဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ အဂွေရို ဟာ အသင်းအတွက် ပါဝင်နိုင်ဖို့ ကောင်းမွန်တဲ့ အခွင့်အရေးမှာ ရှိနေခဲ့တာပါ။ဒမ်ဘီလီ ကတော့ ခွဲစိတ်ကုသမှုခံယူထားတာကြောင့် သူ့ရဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်အတွက် နောက်ဆုံးခြေလှမ်းတွေကို လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

ဒမ်ဘီလီ နဲ့ ဘာစီလိုနာ အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်အရ နောက်ဆုံး(၁၂)လထဲကို ရောက်ရှိနေခဲ့တာဖြစ်ပြီး လီဗာပူးလ် အသင်းကတော့ လာမယ့်နွေရာသီမှာ အလွတ်နဲ့ ခေါ်ယူဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ လာလီဂါ(၇)ပွဲကစားပြီးချိန်မှာ ရမှတ်(၁၂)မှတ်နဲ့ အဆင့်(၉)နေရာမှာ ရပ်တည်နေတာပါ။ဒါ့အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း (၂)ပွဲကစား (၂)ပွဲလုံးရှုံးထားပြီး တဂိုးမှမသွင်းနိုင်သလို (၂)ပွဲလုံး (၃)ဂိုးပြတ်နဲ့ပဲ အရေးနိမ့်ထားတာဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နောက်တဆင့်တက်ချင်တယ်ဆိုရင် ဒိုင်နမိုကိဗ် နဲ့ ပွဲစဉ်ကို အနိုင်ကစားနိုင်ဖို့ လိုအပ်နေတာလည်းဖြစ်ပါတယ်။

Zawgyi

ဘာစီလိုနာ အသင္းရဲ့တိုက္စစ္ကစားသမား (၂)ဦးျဖစ္တဲ့ ဒမ္ဘီလီနဲ႔ အေဂြရို တို႔ဟာ အသင္းနဲ႔ ေလ့က်င့္မႈေတြျပန္လည္ျပဳလုပ္ေနၿပီလို႔ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။အဆိုပါ တိုက္စစ္ကစားသမား(၂)ဦးဟာ အခုရာသီ အသင္းအတြက္ ပါဝင္ကစားရျခင္းမရွိေသးတာလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႕ကမွ ဘာစီလိုနာ အသင္းကို အလြတ္နဲ႔ ေရာက္ရွိလာခဲ့တဲ့ အေဂြရို ဟာ ျပင္းထန္တဲ့ ေျခဖမိုးႂကြက္သားဒဏ္ရာေၾကာင့္ အသင္းအတြက္ ပြဲဦးထြက္ ပါဝင္ကစားနိုင္ဖို႔ ေစာင့္ဆိုင္းေနရတာလည္းျဖစ္ပါတယ္။ဒမ္ဘီလီ ကေတာ့ ျပင္းထန္တဲ့ ဒူးဒဏ္ရာေၾကာင့္ အနားယူေနခဲ့ရတာပါ။

ဒမ္ဘီလီ ဟာ ျပင္သစ္လက္ေရြးစင္ အသင္းနဲ႔ ယူရိုၿပိဳင္ပြဲ ကစား‌ခဲ့ရာမွာ ရခဲ့တဲ့ ဒဏ္ရာေၾကာင့္ ခြဲစိတ္ကုသမႈခံယူခဲ့ရၿပီး ျပန္လည္သက္သာလာခဲ့တာေၾကာင့္ အသင္းနဲ႔ ေလ့က်င့္မႈေတြ ျပန္လည္ျပဳလုပ္ေနခဲ့တာပါ။ဒမ္ဘီလီ ဟာ အသင္းက ထြက္ခြာဖို႔ အတြက္ ႀကီးမားတဲ့ ခ်ိတ္ဆက္မႈေတြရွိေနခဲ့တာျဖစ္ပါတယ္။

အခုအခ်ိန္မွာေတာ့ သူတို႔(၂)ဦးဟာ နိုင္ငံတကာ ပြဲစဥ္ေတြအၿပီးမွာ ကစားမယ့္ ဗလင္စီယာ နဲ႔ ပြဲအတြက္ အသင္းရဲ့ေလ့က်င့္ခန္းအစီအစဥ္မွာ ျပန္လည္ပါဝင္လာခဲ့တာျဖစ္ပါတယ္။

ဒီပြဲစဥ္မွာ အေဂြရို ဟာ အသင္းအတြက္ ပါဝင္နိုင္ဖို႔ ေကာင္းမြန္တဲ့ အခြင့္အေရးမွာ ရွိေနခဲ့တာပါ။ဒမ္ဘီလီ ကေတာ့ ခြဲစိတ္ကုသမႈခံယူထားတာေၾကာင့္ သူ႔ရဲ့ျပန္လည္ထူေထာင္ေရးလုပ္ငန္းစဥ္အတြက္ ေနာက္ဆုံးေျခလွမ္းေတြကို လုပ္ေဆာင္ေနဆဲျဖစ္ပါတယ္။

ဒမ္ဘီလီ နဲ႔ ဘာစီလိုနာ အသင္းတို႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္အရ ေနာက္ဆုံး(၁၂)လထဲကို ေရာက္ရွိေနခဲ့တာျဖစ္ၿပီး လီဗာပူးလ္ အသင္းကေတာ့ လာမယ့္ေႏြရာသီမွာ အလြတ္နဲ႔ ေခၚယူဖို႔ စီစဥ္ေနတာလည္းျဖစ္ပါတယ္။

ဘာစီလိုနာ အသင္းဟာ လာလီဂါ(၇)ပြဲကစားၿပီးခ်ိန္မွာ ရမွတ္(၁၂)မွတ္နဲ႔ အဆင့္(၉)ေနရာမွာ ရပ္တည္ေနတာပါ။ဒါ့အျပင္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာလည္း (၂)ပြဲကစား (၂)ပြဲလုံးရႈံးထားၿပီး တဂိုးမွမသြင္းနိုင္သလို (၂)ပြဲလုံး (၃)ဂိုးျပတ္နဲ႔ပဲ အေရးနိမ့္ထားတာျဖစ္ပါတယ္။

ဘာစီလိုနာ အသင္းအေနနဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ေနာက္တဆင့္တက္ခ်င္တယ္ဆိုရင္ ဒိုင္နမိုကိဗ္ နဲ႔ ပြဲစဥ္ကို အနိုင္ကစားနိုင္ဖို႔ လိုအပ္ေနတာလည္းျဖစ္ပါတယ္။