နိုင်ပွဲဆက်နေတဲ့ ဩစ‌တြေးလျ ကို အနိုင်ယူပြီး ရလဒ်ဆိုးနေတာတွေကို အဆုံးသတ်ခဲ့တဲ့ ဂျပန်

(၂၀၂၂)ကမ္ဘာ့ဖလား ခြေစစ်ပွဲ(အာရှဇုန်) ပွဲစဉ်အဖြစ် ဒီနေ့ညနေပိုင်းက နာမည်ကြီး (၂)သင်းဖြစ်တဲ့ ဂျပန်နဲ့ ဩစတြေးလျ အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပါတယ်။ဒီပွဲဟာ နိုင်ပွဲတွေပျောက်ဆုံးနေတဲ့ ဂျပန် အသင်းအတွက် အရေးကြီးတဲ့ ပွဲလည်းဖြစ်ပါတယ်။

(၂)သင်းလုံးဟာ တိုက်စစ်ဆော့လိုက် ခံစစ်ဆော့လိုက်နဲ့ ကစားနေတာကြောင့် ပွဲက အကြိတ်အနယ်ရှိခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာ ဂျပန် အသင်းက (၂)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။ဂျပန် အသင်းဟာ နောက်ဆုံးပွဲတုန်းက ဆော်ဒီ ကို အရေးနိမ့်ခဲ့တာကြောင့် ဒီပွဲကို မဖြစ်မနေနိုင်ပွဲရဖို့ ကြိုးစားခဲ့တာပါ။

ပွဲချိန်(၈)မိနစ်မှာ တနကာ က ဂျပန် အတွက် ဦးဆောင်ဂိုးစတင်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ပထမပိုင်းမှာ ဩစတြေးလျ အသင်းဟာ ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် မသွင်းနိုင်တာကြောင့် ပထမပိုင်းကတော့ ဂျပန် အသင်းက ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ဩစတြေးလျ အသင်းက ချေပဂိုးရရှိဖို့ ကြိုးစားခဲ့တာကြောင့် ပွဲဟာ မြိုင်ဆိုင်လာခဲ့ပါတယ်။ပွဲချိန်မိနစ်(၇၀)မှာတော့ ဩစတြေးလျ အသင်း ချေပဂိုးရရှိခဲ့ပါတယ်။ဒီဂိုးကို ဟာရူစတစ် က သွင်းယူသွားခဲ့တာပါ။

အဲ့ဒါကြောင့် အနိုင်ရဖို့ လိုအပ်နေတဲ့ ဂျပန် အသင်းက ဖိကစားလာခဲ့ပါတယ်။ပွဲချိန်(၈၅)မိနစ်မှာတော့ ဂျပန် အသင်း အနိုင်ဂိုး ရရှိသွားခဲ့ပါတယ်။ဒီဂိုးကို ဩစတြေးလျနောက်ခံလူ ဘီဟစ်ခ်ျ က ကိုယ့်ဂိုးကိုယ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ပွဲအပြီးမှာ (၂)ဂိုး-(၁)ဂိုးနဲ့ပဲ ဂျပန် အသင်းအနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။

ဩစတြေးလျ အသင်းဟာ ဒီပွဲမတိုင်ခင် ကစားခဲ့တဲ့ (၃)ပွဲလုံးမှာ အနိုင်ရခဲ့ပေမယ့် ဂျပန် နဲ့ အတွေ့မှာတော့ နိုင်ပွဲဆက်မှုရပ်တန့်သွားခဲ့ရတာလည်းဖြစ်ပါတယ်။ဂျပန် အသင်းကတော့ (၃)ပွဲကစားပြီးချိန်မှာ (၂)ပွဲရှုံးနိမ့်ထားပြီး (၁)ပွဲသာ အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဂျပန် အသင်းဟာ နိုင်ပွဲနဲ့ အတူ ရလဒ်မကောင်းတာကို အဆုံးသတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဂျပန်အသင်းဟာ နိုဝင်ဘာလမှာ ဗီယက်နမ်၊အိုမန်တို့နဲ့ ကစားရမှာဖြစ်ပြီး ဩစတြေးလျ အသင်းကတော့ ဆော်ဒီ၊တရုတ်တို့နဲ့ နိုဝင်ဘာလမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Zawgyi

(၂၀၂၂)ကမၻာ့ဖလား ေျခစစ္ပြဲ(အာရွဇုန္) ပြဲစဥ္အျဖစ္ ဒီေန႔ညေနပိုင္းက နာမည္ႀကီး (၂)သင္းျဖစ္တဲ့ ဂ်ပန္နဲ႔ ဩစေၾတးလ် အသင္းတို႔ ယွဥ္ၿပိဳင္ခဲ့ၾကပါတယ္။ဒီပြဲဟာ နိုင္ပြဲေတြေပ်ာက္ဆုံးေနတဲ့ ဂ်ပန္ အသင္းအတြက္ အေရးႀကီးတဲ့ ပြဲလည္းျဖစ္ပါတယ္။

(၂)သင္းလုံးဟာ တိုက္စစ္ေဆာ့လိုက္ ခံစစ္ေဆာ့လိုက္နဲ႔ ကစားေနတာေၾကာင့္ ပြဲက အႀကိတ္အနယ္ရွိခဲ့တာျဖစ္ပါတယ္။ဒီပြဲမွာ ဂ်ပန္ အသင္းက (၂)ဂိုး-(၁)ဂိုးနဲ႔ အနိုင္ရခဲ့တာလည္းျဖစ္ပါတယ္။ဂ်ပန္ အသင္းဟာ ေနာက္ဆုံးပြဲတုန္းက ေဆာ္ဒီ ကို အေရးနိမ့္ခဲ့တာေၾကာင့္ ဒီပြဲကို မျဖစ္မေနနိုင္ပြဲရဖို႔ ႀကိဳးစားခဲ့တာပါ။

ပြဲခ်ိန္(၈)မိနစ္မွာ တနကာ က ဂ်ပန္ အတြက္ ဦးေဆာင္ဂိုးစတင္သြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။ပထမပိုင္းမွာ ဩစေၾတးလ် အသင္းဟာ ေခ်ပဂိုးရဖို႔ ႀကိဳးစားခဲ့ေပမယ့္ မသြင္းနိုင္တာေၾကာင့္ ပထမပိုင္းကေတာ့ ဂ်ပန္ အသင္းက ဦးေဆာင္နိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာ ဩစေၾတးလ် အသင္းက ေခ်ပဂိုးရရွိဖို႔ ႀကိဳးစားခဲ့တာေၾကာင့္ ပြဲဟာ ၿမိဳင္ဆိုင္လာခဲ့ပါတယ္။ပြဲခ်ိန္မိနစ္(၇၀)မွာေတာ့ ဩစေၾတးလ် အသင္း ေခ်ပဂိုးရရွိခဲ့ပါတယ္။ဒီဂိုးကို ဟာ႐ူစတစ္ က သြင္းယူသြားခဲ့တာပါ။

အဲ့ဒါေၾကာင့္ အနိုင္ရဖို႔ လိုအပ္ေနတဲ့ ဂ်ပန္ အသင္းက ဖိကစားလာခဲ့ပါတယ္။ပြဲခ်ိန္(၈၅)မိနစ္မွာေတာ့ ဂ်ပန္ အသင္း အနိုင္ဂိုး ရရွိသြားခဲ့ပါတယ္။ဒီဂိုးကို ဩစေၾတးလ်ေနာက္ခံလူ ဘီဟစ္ခ္် က ကိုယ့္ဂိုးကိုယ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ပြဲအၿပီးမွာ (၂)ဂိုး-(၁)ဂိုးနဲ႔ပဲ ဂ်ပန္ အသင္းအနိုင္ရခဲ့တာလည္းျဖစ္ပါတယ္။

ဩစေၾတးလ် အသင္းဟာ ဒီပြဲမတိုင္ခင္ ကစားခဲ့တဲ့ (၃)ပြဲလုံးမွာ အနိုင္ရခဲ့ေပမယ့္ ဂ်ပန္ နဲ႔ အေတြ႕မွာေတာ့ နိုင္ပြဲဆက္မႈရပ္တန႔္သြားခဲ့ရတာလည္းျဖစ္ပါတယ္။ဂ်ပန္ အသင္းကေတာ့ (၃)ပြဲကစားၿပီးခ်ိန္မွာ (၂)ပြဲရႈံးနိမ့္ထားၿပီး (၁)ပြဲသာ အနိုင္ရခဲ့တာလည္းျဖစ္ပါတယ္။

အဲ့ဒါေၾကာင့္ ဂ်ပန္ အသင္းဟာ နိုင္ပြဲနဲ႔ အတူ ရလဒ္မေကာင္းတာကို အဆုံးသတ္နိုင္ခဲ့တာလည္းျဖစ္ပါတယ္။ဂ်ပန္အသင္းဟာ နိုဝင္ဘာလမွာ ဗီယက္နမ္၊အိုမန္တို႔နဲ႔ ကစားရမွာျဖစ္ၿပီး ဩစေၾတးလ် အသင္းကေတာ့ ေဆာ္ဒီ၊တ႐ုတ္တို႔နဲ႔ နိုဝင္ဘာလမွာ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။