လူဇင်ဘတ်နဲ့ ပွဲမှာ ဟတ်ထရစ်သွင်းပြီး ဘယ်သူ့မှမလုပ်နိုင်သေးတာကို လုပ်ပြသွားတဲ့ ရော်နယ်ဒို

ရော်နယ်ဒို ကတော့ ဒီမနက်က ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် လူဇင်ဘတ်နဲ့ ကစားခဲ့တဲ့ပွဲမှာ ဟတ်ထရစ်ဂိုးသွင်းပြီး စံချိန်တခုကို ရယူသွားခဲ့ပါတယ်။ဒီပွဲမှာ ပေါ်တူဂီ အသင်းက လူဇင်ဘတ် အသင်းကို (၅)ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီ အတွက်ဂိုးတွေကို ရော်နယ်ဒို က (၃)ဂိုး၊ဘရူနိုဖာနန်ဒတ်စ်နဲ့ ပေါ်လ်ဟင်ဟာ က (၁)ဂိုးစီ သွင်းယူခဲ့တာဖြစ်ပါတယ်။ပေါ်တူဂီ အသင်းဟာ ကြားရက်က ခြေစမ်းပွဲမှာ ကာတာ အသင်းကို (၃)ဂိုးပြတ်နဲ့ အနိုင်ရတုန်းကလည်း ရော်နယ်ဒို က (၁)ဂိုးသွင်းယူခဲ့ပါတယ်။

ရော်နယ်ဒို ဟာ ဒီပွဲစဉ်ရဲ့ပွဲချိန်(၈)မိနစ်နဲ့ (၁၃) မိနစ်မှာ ပင်နယ်တီကနေ (၂)ဂိုးသွင်းယူခဲ့တာဖြစ်ပြီး ပွဲချိန်(၈၇)မိနစ်မှာတော့ ဟတ်ထရစ်ဂိုးရမယ့်သွင်းဂိုးကိုတော့ နာဗတ်စ် ရဲ့ဖြတ်တင်ဘောကို ဧရိယာထဲမှာ အပိုင်ခေါင်းတိုက်သွင်းယူသွားခဲ့တာလည်းဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ ဒီပွဲမှာ ဟတ်ထရစ်ဂိုးသွင်းယူခဲ့တာကြောင့် ပေါ်တူဂီလက်ရွေးစင် အတွက် ဟတ်ထရစ်သွင်းယူတာ (၁၀)ကြိမ်မြောက်ရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။အဲ့ဒါကြောင့် ရော်နယ်ဒို ဟာ အမျိုးသားနိုင်ငံတကာဘောလုံးသမိုင်းမှာ ဟတ်ထရစ်ဂိုးအများဆုံးရတဲ့သူလည်းဖြစ်လာခဲ့တာပါ။

ရော်နယ်ဒို ဟတ်ထရစ်ဂိုးသွင်းယူခဲ့တဲ့ အသင်းတွေကတော့ မြောက်အိုင်ယာလန်၊ဆွီဒင်၊အာမေးနီးယား၊အန်ဒိုရာ၊ဖာရိုးကျွန်းစု၊စပိန်၊ဆွစ်ဇာလန်၊လူဇင်ဘတ်၊လစ်သူယေးနီးယားနဲ့ (၂)ကြိမ်တို့ဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ ဒီဂိုးတွေကြောင့် နိုင်ငံတကာသွင်းဂိုး(၁၁၅)ဂိုးအထိ ရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။ရော်နယ်ဒို ဟာ နိုင်ငံတကာပွဲစဉ်တပွဲကစားပြီးတိုင်း စံချိန်သစ်တွေကို တင်နေတဲ့ မှတ်တမ်းကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တာပါ။

မန်ချက်စတာယူနိုက်တက် အသင်းနည်းပြ ဆိုးလ်ရှား ဟာ အဲဗာတန် နဲ့ ပွဲမှာ လူစားဝင်ကစားသမားအဖြစ် အသုံးပြုခဲ့ပေမယ့် ပေါ်တူဂီနည်းပြကတော့ သူ့ကစားသမားကို ပွဲထွက်ကစားသမားအဖြစ်အသုံးပြုကာ သူ့ရဲ့ဂိုးသွင်းစွမ်းရည်တွေကို ရယူခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီ အသင်းဟာ ဒီနိုင်ပွဲကြောင့် ထိပ်ဆုံးနေရာက ဆားဘီးယားထက် (၁)ပွဲလျော့(၁)မှတ်လျော့နဲ့ အုပ်စုတွင်း ဒုတိယနေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။ပေါ်တူဂီ အသင်းဟာ လာမယ့်လမှာ အိုင်ယာလန်၊ဆားဘီးယား တို့နဲ့ ခြေစစ်ပွဲယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Zawgyi

ေရာ္နယ္ဒို ကေတာ့ ဒီမနက္က ကမၻာ့ဖလားေျခစစ္ပြဲအျဖစ္ လူဇင္ဘတ္နဲ႔ ကစားခဲ့တဲ့ပြဲမွာ ဟတ္ထရစ္ဂိုးသြင္းၿပီး စံခ်ိန္တခုကို ရယူသြားခဲ့ပါတယ္။ဒီပြဲမွာ ေပၚတူဂီ အသင္းက လူဇင္ဘတ္ အသင္းကို (၅)ဂိုး-ဂိုးမရွိနဲ႔ ဂိုးျပတ္အနိုင္ရခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီ အတြက္ဂိုးေတြကို ေရာ္နယ္ဒို က (၃)ဂိုး၊ဘ႐ူနိုဖာနန္ဒတ္စ္နဲ႔ ေပၚလ္ဟင္ဟာ က (၁)ဂိုးစီ သြင္းယူခဲ့တာျဖစ္ပါတယ္။ေပၚတူဂီ အသင္းဟာ ၾကားရက္က ေျခစမ္းပြဲမွာ ကာတာ အသင္းကို (၃)ဂိုးျပတ္နဲ႔ အနိုင္ရတုန္းကလည္း ေရာ္နယ္ဒို က (၁)ဂိုးသြင္းယူခဲ့ပါတယ္။

ေရာ္နယ္ဒို ဟာ ဒီပြဲစဥ္ရဲ့ပြဲခ်ိန္(၈)မိနစ္နဲ႔ (၁၃) မိနစ္မွာ ပင္နယ္တီကေန (၂)ဂိုးသြင္းယူခဲ့တာျဖစ္ၿပီး ပြဲခ်ိန္(၈၇)မိနစ္မွာေတာ့ ဟတ္ထရစ္ဂိုးရမယ့္သြင္းဂိုးကိုေတာ့ နာဗတ္စ္ ရဲ့ျဖတ္တင္ေဘာကို ဧရိယာထဲမွာ အပိုင္ေခါင္းတိုက္သြင္းယူသြားခဲ့တာလည္းျဖစ္ပါတယ္။

ေရာ္နယ္ဒို ဟာ ဒီပြဲမွာ ဟတ္ထရစ္ဂိုးသြင္းယူခဲ့တာေၾကာင့္ ေပၚတူဂီလက္ေရြးစင္ အတြက္ ဟတ္ထရစ္သြင္းယူတာ (၁၀)ႀကိမ္ေျမာက္ရွိသြားခဲ့ၿပီလည္းျဖစ္ပါတယ္။အဲ့ဒါေၾကာင့္ ေရာ္နယ္ဒို ဟာ အမ်ိဳးသားနိုင္ငံတကာေဘာလုံးသမိုင္းမွာ ဟတ္ထရစ္ဂိုးအမ်ားဆုံးရတဲ့သူလည္းျဖစ္လာခဲ့တာပါ။

ေရာ္နယ္ဒို ဟတ္ထရစ္ဂိုးသြင္းယူခဲ့တဲ့ အသင္းေတြကေတာ့ ေျမာက္အိုင္ယာလန္၊ဆြီဒင္၊အာေမးနီးယား၊အန္ဒိုရာ၊ဖာရိုးကၽြန္းစု၊စပိန္၊ဆြစ္ဇာလန္၊လူဇင္ဘတ္၊လစ္သူေယးနီးယားနဲ႔ (၂)ႀကိမ္တို႔ျဖစ္ပါတယ္။

ေရာ္နယ္ဒို ဟာ ဒီဂိုးေတြေၾကာင့္ နိုင္ငံတကာသြင္းဂိုး(၁၁၅)ဂိုးအထိ ရွိသြားခဲ့ၿပီလည္းျဖစ္ပါတယ္။ေရာ္နယ္ဒို ဟာ နိုင္ငံတကာပြဲစဥ္တပြဲကစားၿပီးတိုင္း စံခ်ိန္သစ္ေတြကို တင္ေနတဲ့ မွတ္တမ္းကို ဆက္လက္ထိန္းသိမ္းနိုင္ခဲ့တာပါ။

မန္ခ်က္စတာယူနိုက္တက္ အသင္းနည္းၿပ ဆိုးလ္ရွား ဟာ အဲဗာတန္ နဲ႔ ပြဲမွာ လူစားဝင္ကစားသမားအျဖစ္ အသုံးျပဳခဲ့ေပမယ့္ ေပၚတူဂီနည္းျပကေတာ့ သူ႔ကစားသမားကို ပြဲထြက္ကစားသမားအျဖစ္အသုံးျပဳကာ သူ႔ရဲ့ဂိုးသြင္းစြမ္းရည္ေတြကို ရယူခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီ အသင္းဟာ ဒီနိုင္ပြဲေၾကာင့္ ထိပ္ဆုံးေနရာက ဆားဘီးယားထက္ (၁)ပြဲေလ်ာ့(၁)မွတ္ေလ်ာ့နဲ႔ အုပ္စုတြင္း ဒုတိယေနရာမွာ ရပ္တည္ေနတာလည္းျဖစ္ပါတယ္။ေပၚတူဂီ အသင္းဟာ လာမယ့္လမွာ အိုင္ယာလန္၊ဆားဘီးယား တို႔နဲ႔ ေျခစစ္ပြဲယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။